Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်း သစ်သီးများကို တရုတ်က လေယာဉ်နဲ့အစင်းလိုက် အရောင်းအဝယ်လုပ်ရန် ကမ်းလှမ်း


မြန်မာနိုင်ငံမှ စိန်တလုံးသရက် အပါအဝင် ထောပတ်သီး၊ ငှက်ပျောသီးများကို တရုတ်နိုင်ငံ၊ ကန်းစုပြည်နယ်မှသစ်သီးဝလံ ဖြန့်ဖြူးသည့်

ကုမ္ပဏီများက ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းထံမှ သိရပါတယ်။

 

စက်တင်ဘာလ ဒုတိယအပတ်က ပြုလုပ်သည့် ၁၅ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ သစ်သီးဝလံကုန်သည်များ သွားရောက်ပြသစဉ် ဝယ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံမှ သစ်သီးများဝယ်ယူ၍ ပန်းသီးများ ပြန်လည်တင်သွင်းလိုခြင်းဖြစ်ကြောင်း ယင်းအသင်း အတွင်းရေးမှူး ဦးကျော်သူက ပြောကြားခဲ့ပါတယ်။

 

ဒီကသစ်သီးတွေကို လေယာဉ်နဲ့ အစင်းလိုက် အရောင်းအဝယ်လုပ်ချင်တာ။ သူတို့ဘက်က ပန်းသီးတွေပြန်သွင်းမယ်ပေါ့။ အဲဒီလိုတော့ အကြမ်းဖျင်း ဆွေးနွေးခဲ့တယ်။ ၄၅ ရက်အတွင်း အရောင်းအဝယ်လုပ်ဖို့ မြန်မာနိုင်ငံလာပါလိမ့်မယ်”ဟု ၎င်းကပြောဆိုခဲ့ပါတယ်။

 

လက်ရှိတွင် တရုတ်နိုင်ငံ ကုန်ပစ္စည်း အရည်အသွေး စစ်ဆေးရေးနှင့် ကွပ်ကဲရေးဝန်ကြီးဌာနစာရင်း (AQSIQ)တွင် ပါဝင်သည့် ဖရဲ၊ သခွားမွှေး၊ သရက်သီးနှင့် ဆီးသီး(ဇီးသီး)များကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့လျက်ရှိပြီး AQSIQ စာရင်း တွင် မပါဝင်သည့် ထောပတ်သီး၊ ငှက်ပျောသီး၊ ဝဥ၊ ကျွဲကောသီး နှင့် ဖာလာစေ့တို့ကို တရားဝင် တင်ပို့နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တရုတ်အစိုးရထံ စာပို့ထားကြောင်း ယင်းအသင်းထံမှ သိရပါတယ်။

 

တရုတ်ဝယ်လက်များအနေနှင့် AQSIQ စာရင်းတွင်ပါဝင်သည့် သစ်သီးများကိုသာ ဝယ်ယူခြင်းဖြစ်သောကြောင့်စာရင်းတွင်မပါဝင်သည့် သစ်သီးများ ရောင်းချရာတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိပြီး အဆိုပါပြပွဲတွင် မလေးရှားနိုင်ငံမှ ကုမ္ပဏီတစ်ခုကလည်း ငရုတ်ငါးတန်ခန့်ဝယ်ယူရန် ကယန်းငရုတ်တောင်သူများကုမ္ပဏီနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်ခဲ့ကြောင်း သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်း ရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းထံမှ သိရပါတယ်။

 

တရုတ်ဝယ်လက်တွေက AQSIQ ရဲ့ တင်သွင်းခွင့်ပြုထားတဲ့ စာရင်းစာရွက်နဲ့လာတာ။ လေကြောင်းနဲ့ ရောင်းဝယ်ချင်တာမို့ ဖရဲသီးတော့ စိတ်မဝင်စားကြဘူး။ သူတို့ရဲ့ ပန်းသီးတွေ သယ်လာပြီး မြန်မာဘက်က တန်ဖိုးမြှင့်သီးနှံ အကုန် ပြန်ဝယ်မယ်လို့ ဆွေးနွေးကြပါတယ်”ဟု သစ်သီး ဝလံအသင်း အတွင်းရေးမှူး ဒေါ်စန္ဒာမျိုးက ပြောကြားခဲ့ပါတယ်။

 

Source:The Voice

 

Read times
Rate this item
(2 votes)