Fruits & Vegetables



မန္တလေးဈေးကွက် ဆန်နင့်ပဲ အမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှု အခြေအနေများ

မန္တလေးဈေးကွက် ဆန်နင့်ပဲ အမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

24 10 2023

မန္တလေးဈေးကွက် ရောင်းဝယ်ဖောက်မှု အခြေအနေများ

 

မန္တလေး ဆန်ဈေးကွက်အခြေအနေ

မန္တလေးပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဆန်ဈေးနှုန်းအနေဖြင့် အသစ်ဝင်ချိန်နီးခြင်း ၊ လှောင်သမားထုတ်ရောင်းမှုရှိခြင်း ၊ မြို့တွင်းသုံးစွဲရန် ဝယ်ယူမှု နည်းခြင်းတို့ကြောင့် ရန်ကုန်ပေါ်ဆန်း တစ်အိတ် ၁၂၀၀၀၀ ကျပ် မှ ၁၁၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ် ၁၂၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

       

မနောသုခဆန်မှာ အသစ်ဝင်ချိန်နီးခြင်း ၊ အဝင်ပုံမှန်ရှိခြင်း ၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်း ၊ အဝေးမှာယူတင်ပို့ရမှုနည်းခြင်းတို့ကြောင့် တစ်အိတ် ၉၀၀၀၀ ကျပ် မှ ၈၈၀၀၀ ကျပ် သို့ ဈေးနိမ့်သွားသည်။

      

ငစိန်ဆန်နှင့် ဇီယာဆန်မှာ ရန်ကုန်ဈေးကွက်မှတစ်ဆင့် ဝင်ရောက်ရသော ဆန်ဖြစ်ခြင်း ၊ ငစိန်ဆန်အား လုပ်ငန်းသမား ၊ မုန့်လုပ်ငန်းသမားများ ဝယ်ယူမှုရှိခြင်း ၊ အသစ်မဝင်သေးခြင်းကြောင့် ငစိန်ဆန် တစ်အိတ် ၆၂၀၀၀ ကျပ် မှ ၆၅၀၀၀ ကျပ်သို့လည်းကောင်း ၊ ဇီယာဆန်မှာ အဝင်နည်းသွားခြင်း၊ ပင်ရင်းဈေးမြင့်ခြင်းကြောင့် တစ်အိတ် ၇၈၀၀၀ ကျပ်မှ ၈၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

      

ဧရာမင်းဆန်မှာ အသစ်မဝင်သေးခြင်း ၊ မြို့တွင်းသုံးပုံမှန်ရှိခြင်း ၊ လှောင်လက်ထံမှ ဝယ်ရခြင်းကြောင့် တစ်အိတ် ၁၃၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

 

 

မန္တလေး ဆီထွက်သီးနှံဈေးကွက် အခြေအနေ

      

မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင်  ဆီထွက်သီးနှံများအနက် မြေပဲ(လုံးဆံ/ဆီဆံ)ဈေးနှုန်းမှာ မိုးမြေပဲဝင်ရောက်မှုရှိခြင်း၊ လုပ်ငန်းသမားဝယ်ယူမှုပုံမှန်ရှိခြင်း ၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် အရည်အသွေးအနိမ့်ဆုံး ၁၀၀ ပိဿာ ၅၈၀၀၀၀ ကျပ် မှ အရည်အသွေးအကောင်းဆုံး ၆၄၀၀၀၀ ကျပ် ၊ မြေပဲ(ဆီဆံ)မှာ အရည်အသွေးအညံ့ဆုံး ၄၈၀၀၀၀ ကျပ် မှ အကောင်းဆုံး ၅၃၀၀၀၀ကျပ်သို့ ယခင်အပတ်ထက် ဈေးမသိမသာနိမ့်သွားသည်။

     

နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် မိုးနှမ်း အဝင်နည်းသွားသော်လည်း တရုတ်ဝယ်လက်နှင့် လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် နှမ်းဖြူ ၄၅ ပိဿာ အရည်အသွေးအနိမ့်ဆုံး၃၅၅၀၀၀ ကျပ် မှ အမြင့်ဆုံး၃၆၅၀၀၀ကျပ် ဖြင့် ဈေးတည်ငြိမ်နေပြီး နှမ်းညိုမှာ အဝင်များပြီး ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ၄၅ ပိဿာ ၂၉၅၀၀၀ကျပ် မှ ၂၈၀၀၀၀ ကျ်ပသို့ ဈေးနိမ့်သွားသည်။နှမ်းနက် ၄၅ ပိဿာ ၂၉၅၀၀၀ ကျပ်  ဈေးရှိပြီး အထွက်နည်းအဝင်နည်းသော နှမ်းဝါ ၃၁၀၀၀၀ ကျပ် ၊ နှမ်းနီ ၃၁၅၀၀၀ ကျပ်ဈေးဖြင့် ရောင်းဝယ်နေသည်။

       

ပန်းနှမ်းဈေးနှုန်းအနေဖြင့် စတင်စိုက်ပျိုးစကာလဖြစ်၍ ပစ္စည်းရှားသော်လည်း အရောင်းအဝယ်အေးခြင်းကြောင့် ၄၅ ပိဿာ ၁၉၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

 နေကြာဈေးနှုန်းအနေဖြင့်  မိုးနေကြာအဝင်နည်းပြီး ဆောင်းနေကြာ စိုက်ပျိုးစ ဖြစ်ခြင်းကြောင့် ဆီစက်သမား အဝယ်ပုံမှန်ရှိသော်လည်း အရည်အသွေးအကောင်းဆုံး ၂၇ ပိဿာ ၁၄၅၀၀၀ ကျပ် မှ ၁၃၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

     

မန္တလေး  ဆီဈေးကွက် အခြေအနေ

 

ဆီဈေးနှုန်းအနေဖြင့်

ပဲဆီ တစ်ပိဿာ အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၁၃၀၀၀ ကျပ် မှ ၁၅၀၀၀ ကျပ်

နှမ်းဆီ ၁၂၀၀၀ ကျပ် မှ ၁၃၅၀၀ ကျပ် ၊

ပဲပုတ်ဆီ ၇၀၀၀ ကျပ် မှ ၈၀၀၀ ကျပ် ၊

နေကြာဆီ ၁၄၀၀၀ ကျပ် မှ ၁၅၀၀၀ ကျပ် ၊

မုန်ညှင်းဆီ ၁၀၀၀၀ ကျပ်ဖြင့်

ဈေးတည်ငြိမ်နေသည်။

 

ငရုတ် ကြက်သွန်နီ  ကြက်သွန်ဖြူ အာလူး ချင်း ဈေးကွက်အခြေအနေ

 

မန္တလေး ကိုင်းတန်းဈေးတွင် ငရုတ်ခြောက်များ အသစ်ဝင်ရောက်မှုရှိခြင်းကြောင့် ငရုတ်ခြောက်(ရှည်) တစ်ပိဿာ ၁၃၀၀၀ ကျပ် ၊ စကသီး ၁၄၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

    

ကြက်သွန်နီဈေးနှုန်းအနေဖြင့် မြစ်သားကြက်သွန်မဝင်သေးခြင်း၊ ထီးချိုင့် ၊ မြင်းခြံ ၊ မုံရွာတို့မှ ဝင်ရောက်ခြင်း ၊ လှောင်သမား ထံမှ ဝယ်ရခြင်း ၊ ပစ္စည်းကောင်းရှားခြင်း ၊ မြို့တွင်းသုံး နှင့် အဝေးတင်ပို့ရမှုရှိခြင်း ၊ ဂိုဒေါင်လက်ကြီးသမားထံမှ ရန်ကုန်အမှာရှိခြင်းတို့ကြောင့် ကြက်သွန်နီ(ကြီး) တစ်ပိဿာ ၃၀၀၀ ကျပ် မှ ၃၂၀၀ ကျပ် ၊ (လတ်)တစ်ပိဿာ ၃၀၀၀ ကျပ် ၊ (သေး) တစ်ပိဿာ ၂၆၀၀ ကျပ် မှ ၂၇၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။

     

ကြက်သွန်ဖြူ(တရုတ်) မှာ လမ်းပန်းဆက်သွယ်ရေးကြောင့် အဝင်နည်းခြင်း ၊ပစ္စည်းကောင်းရှားခြင်းတို့ကြောင့် တစ်ပိဿာ ၇၇၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ကြက်သွန် ဖြူ(ရှမ်း)မှာ ပစ္စည်းကောင်းရှားခြင်း ၊ စတင်စိုက်ပျိုးစကာလဖြစ်ခြင်းတို့ကြောင့် အရည်အသွေး အကောင်းဆုံး တစ်ပိဿာ ၈၇၀၀ ကျပ် မှ အညံ့ဆုံး ၈၃၀၀ ကျပ် ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

      

အာလူးဈေးနှုန်းအနေဖြင့် တရုတ်အာလူးများ  အဝင်များခြင်း ၊ မြို့တွင်းစားသုံးမှု နည်းခြင်းတို့ကြောင့် တစ်ပိဿာ ၂၀၀၀ ကျပ်မှ ၁၈၀၀ ကျပ် သို့ ဈေးနိမ့်သွားပြီး အောင်ပန်းအာလူးများမှာ အရည်အသွေးပေါ်မူတည်၍ အညံ့ဆုံး ၁၇၀၀ ကျပ် မှ အကောင်းဆုံး ၂၂၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။

ချင်းဈေးနှုန်းအနေဖြင့် ချင်းဟောင်းများ ပစ္စည်းရှား၊အရောင်းအဝယ်မရှိဘဲ ချင်းသစ် များသာ ဝင်ရောက်ပြီး အရည်အသွေးကောင်းလာခြင်းကြောင့် တစ်ပိဿာ ၂၅၀၀ ကျပ် မှ ၃၀၀၀ ကျပ်သို့ ဈေးမြင့်လာသည်။

 

 

ပဲမျိုးစုံဈေးကွက် အခြေအနေ

     

မန္တလေးပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် မတ်ပဲဈေးနှုန်းအနေဖြင့် အသစ်စိုက်ပျိုးရန်ပြင်ဆင်စဖြစ်ခြင်း၊ ပစ္စည်းကောင်းရှားခြင်း ၊ ရန်ကုန်ဝယ်လက်ရှိခြင်းတို့ကြောင့် အရည်အသွေးအကောင်းဆုံး ယခင်အပတ် ၆၀ ပိဿာ ၂၆၀၀၀၀ ကျပ် မှ ယခုအပတ် ၂၇၃၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

     

ပဲတီစိမ်းဈေးနှုန်းအနေဖြင့် မိုးပဲတီစိမ်းဝင်ရောက်မှုရှိခြင်း ၊ ဆောင်းပဲစိုက်ရန် မျိုးဝယ်ယူမှုရှိခြင်း ၊ တရုတ်ဝယ်လက်နှင့် ပဲခွဲစက်များ ဝယ်ယူမှုအနည်းငယ်ရှိခြင်းတို့ကြောင့် ၃ တင်းတစ်အိတ် ၁၇၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

    

ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ ပစ္စည်းရှားခြင်း ၊ ရန်ကုန်ဝယ်လက်ရှိခြင်းတို့ကြောင့် ပဲစဉ်းငုံ(ဖြူ) ၆၀ ပိဿာ ၃၀၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲစဉ်းငုံ(နီ)မှာ ပစ္စည်းရှားပြီး ရန်ကုန်ဝယ်လက်ရှိခြင်းကြောင့် ၆၀ ပိဿာ ၃၈၀၀၀၀ ကျပ် မှ ၃၆၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

    

ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ မိုးပဲပုတ် အဝင်နည်းသွားခြင်း ၊ ဆောင်းပဲစိုက်ပျိုးစ ကာလဖြစ်ခြင်းကြောင့် အရောင်းအဝယ်အေးသော်လည်း ပဲပုတ်(မြန်မာ) ၃တင်းတစ်အိတ် ၂၁၅၀၀၀ ကျပ် ၊ ပဲပုတ်(ရှမ်း) ၁၈၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

     

ကုလားပဲဈေးနှုန်းအနေဖြင့် ကုလားပဲ(လုံးဖြူကြီး)မှာ လက်ကျန်နည်းခြင်း ၊ စိုက်ပျိုးရန် ပြင်ဆင်စဖြစ်ခြင်း ၊ ခွဲစက်သမား ၊ လုပ်ငန်းသမား အဝယ်ရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ၂၆၈၀၀၀ ကျပ် မှ ၂၇၂၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ကုလားပဲ(လုံးဝါကြီး)မှာ လှောင်သမား ထံမှ ဝယ်ရခြင်း၊ မြို့တွင်းစားသုံးရန် ခွဲစက်သမားများ အဝယ်များခြင်းတို့ကြောင့် ၃ တင်းတစ်အိတ် ၂၅၈၀၀၀ ကျပ် မှ ၂၆၀၀၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။ကုလားပဲ(ခွဲခြမ်း)မှာ လုံးဝါကြီး အနိမ့်ဈေးဖြင့် ကြိတ်ခွဲထား ခြင်းကြောင့် တစ်ပိဿာ ၆၄၅၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

     

ပဲယင်း ၊ မြေတောက်ပဲ ၊ ပဲလွန်းဖြူ/ပြာတို့မှာ  အရောင်းအဝယ်အေးသော်လည်း ပဲယင်းနှင့် မြေတောက်ပဲမှာ စတင်စိုက်ပျိုးစကာလဖြစ်၍ ပစ္စည်းရှားခြင်းကြောင့် ပဲယင်း ၆၀ ပိဿာ ၁၆၀၀၀၀ ကျပ် ၊ မြေတောက်ပဲ ၅၄ ပိဿာ ၃၅၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ပဲလွန်းဖြူ ၊ ပဲလွန်းပြာတို့မှာ မိုးပဲအဝင်နည်းသွားပြီး ဆောင်းပဲစိုက်ပျိုးကာလ စပ်ကူးမတ်ကူးကာလဖြစ်ခြင်းကြောင့် ပဲလွန်းဖြူ/ပြာ ၃ တင်း တစ်အိတ် ၁၈၀၀၀၀ ကျပ် ၊ ပဲကြီး(ကြီး/သေး) ၊ ထောပတ်ပဲ(ကြီး/သေး)တို့မှာ မိုးပဲအဝင်နည်းသေးခြင်း ၊ ဆောင်းပဲစိုက်ပျိုးစဖြစ်ခြင်း ၊ စပ်ကူးမတ်ကူးကာလဖြစ်ခြင်း၊ လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် ပဲကြီး(ကြီး) ၃ တင်းတစ်အိတ် ၃၄၅၀၀၀ ကျပ် ၊ ပဲကြီး(သေး) ၃၂၀၀၀၀ ကျပ် ၊ ထောပတ်ပဲ(ကြီး) ၃၉၀၀၀၀ ကျပ် ၊ ထောပတ်ပဲ(သေး) ၃၇၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

    

စားတော်ပဲ(ကျွန်း)မှာ စိုက်ဧကနည်း ၊ အထွက်နည်း ၊ အဝင်နည်းသဖြင့် ဈေးမြင့်ခြင်း၊ စတင်စိုက်ပျိုးစကာလဖြစ်၍ လှောင်သမား ထုတ်ရောင်းလိုအားများခြင်း ၊ ဈေးမြင့်သဖြင့် လက်လီသမား ၊ အဝယ်နည်းခြင်းတို့ကြောင့် စားတော်ပဲ(ကျွန်း) ၃၆၀၀၀၀ ကျပ် မှ ၃၃၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

 

ဟင်းသီး/ရွက်နှင့် သစ်သီးဝလံဈေးကွက်အခြေအနေ

    

မန္တလေး ကိုင်းတန်းဈေးတွင် ဟင်းသီး/ရွက်ဈေးနှုန်းအနေဖြင့် ငရုတ်စို(ရှည်)မှာ မိတ္ထီလာ ၊မုံရွာ ၊ ချောင်းဦးမှ အဝင်များလာခြင်း ၊ မြို့တွင်းသုံး နှင့် လုပ်ငန်းသုံးသာရှိခြင်းကြောင့် တစ်ပိဿာ ၂၂၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ငရုတ်စို(လတ်)မှာ မုံရွာ ၊ ချောင်းဦး မှ အဝင်များပြီး ကွပ်ခိုင် ၅ရက် တစ်ဈေးနှင့် ငပိထောင်း ၊ လက်ဖက်သမား အဝယ်သာရှိခြင်းကြောင့် တစ်ပိဿာ ၃၇၀၀ ကျပ် မှ ၃၈၀၀ ကျပ် သို့ ဈေးမသိမသာမြင့်သွားသည်။

 

မိုးများသဖြင့်ဂေါ်ဖီထုပ်များအဝင်များ၊ အရည်အသွေးညံ့သွားခြင်းကြောင့် တစ်ထုပ် ၈၀၀ ကျပ်ထိ ဈေးနိမ့်သွားပြီး ပန်းမုံလာမှာ အဝင်နည်း ၊ အရည်အသွေးကောင်းရှားခြင်းကြောင့် တစ်ပွင့် ၁၀၀၀ ကျပ် ထိ ဈေးမြင့်နေသည်။ပြင်ဦးလွင်မှ ခါကျက်ဥ တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးရှိပြီး ဘိုစားပဲသီး များ အဝင်နည်းသဖြင့် တစ်ပိဿာ ၃၅၀၀ ကျပ်ထိ ဈေးမြင့်နေသည်။

     

သစ်သီးဝလံဈေးနှုန်းအနေဖြင့် ရွာငံမှ ထောပတ်သီးများ အဝင်များလာပြီး ၁၂၀ လုံးပါ တစ်အိတ် အရည်အသွေးပေါ်မူတည်၍ ၂၅၀၀၀ ကျပ် မှ ၃၀၀၀၀ ကျပ်  ၊ ရမည်းသင်း ၊ မိတ္ထီလာ စပျစ်သီး တစ်ပိဿာ ၄၈၀၀ ကျပ် ၊ ကဗ္ဗလာသီးများ အဝင်များလာပြီး ၁၀၀ ပိဿာ၂၂၀၀၀၀ ကျပ် ၊ မြစ်ကြီးနား  နာနတ်တစ်လုံး ၅၀၀ ကျပ် မှ ၈၀၀ ကျပ် ဈေးဖြင့် မြို့တွင်းသုံးနှင့် မန္တလေးဝန်းကျင် မူဆယ် ၊ လားရှိုး အမှာရှိသော မြို့များသို့တင်ပို့မှုရှိသည်။

 

ဩဇာသီးများလည်း မန္တလေးဝန်းကျင်မှ ဝင်ရောက်ပြီး ဩဇာသီး ၂၀ မှ ၃၀လုံး တစ်ဖာလျှင် ၇၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။

  

Source Market Information Service- DOP- MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Wednesday, 25 October 2023 15:22
Rate this item
(0 votes)