Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုဗစ်-၁၉ ကာလ ခရီးသွားလာမှုမရှိသဖြင့် ထန်းပင်မြစ် ရောင်းအားကျ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အညာဒေသထွက် ရာသီစာ ထန်းပင်မြစ် တူးဖော်ရောင်းချသည့်

ထန်းတောင်သူများမှာ ကိုဗစ်-၁၉ ကာလ ခရီးသွားလာမှုမရှိသဖြင့် ရောင်းချရမှုနည်းပါးသော်လည်း အဆိုပါ ထန်းပင် မြစ်ရောင်းချခြင်းဖြင့် ရာသီကုန်ချိန်ထိ နေ့စဉ်ဝင်ငွေရရှိနေကြကြောင်း သိရသည်။


ကျောက်ပန်းတောင်းမြို့နယ်တွင် ထန်းမြစ်တူးဖော်ရောင်းချခြင်းကို တောင်ဇင်ကျေးရွာ၊ နှစ်ကျပ်ခွဲကျေးရွာ၊ လက်ပံ ပင်ကျေးရွာ၊ ရွှေနောက်စမ်းကျေးရွာ၊ အင်တောကျေးရွာနှင့် အင်တောကျယ်ကျေးရွာတို့တွင် အများဆုံး လုပ်ကိုင်ရောင်းချကြကြောင်း သိရပြီး၊ ထန်းပင်မြစ်ကို ထန်းသီးပေါ်ချိန်တွင် ထန်းသီးအား နွားစာကျွေးရန် အသားကို စဉ်းယူ၍ ထန်းသီး အစေ့မှ ထန်းသီးဆန် အနုကို အလွတ်စားသောက်ခြင်း၊ ချက်ပြုတ်စားသောက်ခြင်းများ ရှိကြသလို၊ အချို့က ထန်းသီးစေ့ကိုခွဲ၍ အဆန်ရင့်ကို နွားစာစဉ်းကျွေးကြကြောင်းနှင့် ထန်းမြစ်ရောင်းချကြသူများမှာ အဆိုပါ ထန်းသီးစေ့ကို သဲမြေဆန်သည့် မြေသန့်တွင် မြှုပ်၍ ထန်းမြစ်အဖြစ် ပြုလုပ်ရောင်းချကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထန်းသီးအစေ့ကို မြှုပ်နှံခြင်းကို ဝါဆိုလတွင် စတင်မြှုပ်နှံကြ၍ သီတင်းကျွတ်လတွင် တူးဖော်ရောင်းချနိုင်ကြောင်း သိရပြီး၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသိုလများအထိ တူးဖော်ရောင်းချကြရကြောင်း သိရသည်။ “ထန်းမြစ်က အချောင်း ၁၀ ချောင်းပါ တစ်စီးကို ငွေကျပ် ၅၀၀ နဲ့ ရောင်းရပါတယ် ရွာကနေ မနက်အစော ဆိုင်းထမ်းနဲ့ထမ်းပြီး မြို့ပေါ် သွားရောင်းရတာပါ အရင်နှစ်တွေတုံးကတော့ ဘုရားဖူးကားတွေရော ခရီးအသွားအလာများတော့ ရောင်းရတယ်ဗျ၊ တစ်နေ့ကို အစီး ၅၀ ကျော်လောက် ရောင်းရတယ်၊ တစ်နေ့ကို ဝင်ငွေ ၂၅၀၀၀ လောက်ရတာပေါ့ဗျာ ဒါပေမဲ့ ဒီနှစ်ကျတော့ ကိုဗစ်ကာလ ခရီးသွားကားတွေလည်းမရှိ ဘုရားဖူးကားလည်းမရှိနဲ့ဆိုတော့ မြို့ပေါ်က အိမ်တွေလောက်ပဲ ရောင်းရတယ် ရောင်းနေကျ လမ်းဘေးမှာလည်း ရောင်းပါတယ် တစ်ခါတစ်လေ ဧည့်ကားတွေကို ရောင်းရတာပေါ့ ရောင်းအားကတော့ တစ်နေ့မှ အစီး ၃၀ လောက်ပဲ ကုန်တယ် ဝင်ငွေ အနေနဲ့ ၁၅၀၀၀ လောက်တော့ ရပါတယ် နေ့စဉ်ဝင်ငွေလေးရတော့ စားရေး သောက်ရေး အစဉ်ပြေတာပေါ့ဗျာ” ဟု တောင်ဇင်ကျေးရွာမှ ထန်းတောင်သူ ဦးမောင်မောင်က ပြောပြသည်။

Annotation_2021-02-02_111647.jpg

 

Read times
Rate this item
(0 votes)