Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံမှ မြေပဲများဝယ်ယူရန် ရည်ရွယ်သည့် စာလွှာလက်မှတ်ရေးထိုးနိုင်ခဲ့

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နန်နင်းမြို့တွင် ၂၇-၁၁-၂၀၂၀ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့်

 

(၁၇) ကြိမ်မြောက် တရုတ်- အာဆီယံ ကုန်စည်ပြပွဲတွင် ကွမ်ရှီးပြည်နယ်မှ Guangxi ShengWeiDa International Trading Co., Ltd နှင့် မြန်မာနိုင်ငံမှ Kaung Ya Nant International Trading Co., Ltd တို့က မြန်မာနိုင်ငံမှ မြေပဲဆံများကို ပင်လယ်ရေကြောင်းမှ ဝယ်ယူသွားရန်ရည်ရွယ်သည့် စာလွှာတစ်စောင်အား ၃၀-၁၁-၂၀၂၀ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါသည်။

 

၎င်းစာလွှာလက်မှတ်ရေးထိုးပွဲသို့ စီးပွားရေးသံမှူး ဒေါက်တာရွှေစင်ကို၊ တရုတ်- အာဆီယံ ကုန်စည်ပြပွဲကျင်းပရေး အတွင်းရေးမှူးရုံးမှ ညွှန်ကြားရေးမှူး Ms. Xiao Xiao၊ အပြည်ပြည်ဆိုင် ရာ ကုန်သွယ်မှုမြှင့်တင်ရေး တရုတ်ကောင်စီ၏ နန်နင်းမြို့ရုံးမှ ဥက္ကဋ္ဌ Ms. Tang Li တို့ တက် ရောက်ခဲ့ပါသည်။

 

မြန်မာနိုင်ငံမှ မြေပဲဆံများဝယ်ယူရန် ရည်ရွယ်သည့် စာလွှာအား လက်မှတ်ရေးထိုးပြီးနောက် ပငင်လယ်ရေကြောင်းမှ တင်သွင်းရာတွင် အဆင်ပြေမှုရှိ၊ မရှိ၊ အထူးသဖြင့် အဖလာတောက်ဇင် မှိုဆိပ်ပါဝင်မှုမှာ တရုတ်နိုင်ငံမှ သတ်မှတ်ချက်များနှင့် လျော်ညီမှုရှိ၊ မရှိ သိရှိနိုင်စေရန်အတွက် ကနဦးပမာဏအနည်းငယ် စမ်းသပ်တင်သွင်း သွားမည်ဟု သိရပါသည်။

 

Myan Trade

Read times
Rate this item
(0 votes)