Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


Halloween Night အတွက် မုန့်လေးတွေကြည့်လိုက်ပါ ..........

ဒီကနေ့ Halloween Day မှာ ဘော်ဒါတွေနဲ့တူတူ အပြတ်ကဲမယ့်သူတွေရော၊

နားအေးပါးအေး အိမ်မှာ ဇိမ်ကျကျ နားချင်တဲ့သူတွေအတွက်ရောအတွက် အိမ်မှာလည်း လွယ်လင့်တကူပြုလုပ်နိုင်တဲ့ မုန့်ပုံစံအစမ်းလေးတွေဖော်ပြပေးလိုက်ပါတယ်။

 04

 

05

 

05

 

06

 

08

 

နှစ်စဉ် နှစ်တိုင်း အောက်တိုဘာ ၃၁ ရက်မှာ ကျရောက်တဲ့ ဟောလိုးဝင်း ပွဲတော်ကို ကမ္ဘာအရပ်ရပ်မှာ တပျော်တပါး နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။ ဟောလိုးဝင်းခေါ် တစ္ဆေကြီးပွဲတော်မှာ ရုပ်ဖျက်ပြီး တစ်ဦးနဲ့တစ်ဦး စနောက်ကြသလို အစား အသောက် ကျွေးမွေးဧည့်ခံကြပါတယ်။ ဆန်းဆန်း ပြားပြား ဖန်တီးချုပ်လုပ်ထားတဲ့ ဝတ်စုံများကို ဝတ်ဆင်ကြပါတယ်။ သစ်သီးကို မျက်နှာပုံစံ အပေါက်ဖောက် အထဲမှာ မီးထည့်ပြီး မီးအိမ်လေး တွေ လုပ်ပါတယ်။ ဒါ့အပြင် ပွဲတော်ချိန်ခါမှာ ရောင်စုံမီးပန်းတွေ ပစ်ဖောက်ကြသလို တစ်အိမ် တက်ဆင်း လိုက်လံခြောက်လှန့်ကြတာကလည်း တစ္ဆေပွဲတော်ကြီးရဲ့ ဆွဲဆောင်မှုတစ်ခုပါ။
 
ဟောလိုးဝင်းပွဲတော်ဆိုတာ အနောက် ဥရောပတိုက်သားတွေရဲ့ ကောက်ရိတ်သိမ်း ပွဲတော်က အစပြုတယ်လို့ ပညာရှင်များက ဆိုပါတယ်။ နောက်ပြောင်ခြင်းနဲ့ အစား အသောက် ကျွေးမွေးဧည့်ခံခြင်းဆိုတာ ပွဲတော်ရက်မှာ ကလေးငယ်တွေ လုပ်လေ့လုပ်ထရှိတဲ့ ဓလေ့ထုံးစံ တစ်ခုပါ။ ကလေးတွေက အိမ်နီးချင်းတွေဆီကို တစ်အိမ် တက်ဆင်း သွားရောက်လည်ပတ်ကြပြီး ‘ခြောက်လှန့်ရမလား၊ မုန့်ကျွေးမလား’ လို့ မေးပါ တယ်။ ဧည့်ခံကျွေးမွေးတယ်ဆိုတဲ့နေရာမှာ သကြားလုံး၊ ကိတ်မုန့် (ဒါမှမဟုတ်) မုန့်ဖိုးပေးတာ မျိုးပါ။
 
ဟောလိုးဝင်း ပွဲတော်ဆိုရင်လည်း ခရစ်ယာန်ဘာသာဝင်မဟုတ်တဲ့ တခြားနိုင်ငံတွေ ဆီသို့ပါ ကူးစက်ပျံ့နှံ့လျက် ရှိပါတယ်။ ကမ္ဘာကြီးဟာ ရွာကြီးသဖွယ်ဖြစ်လာ တာနဲ့အမျှ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အစားအသောက်၊ ရိုးရာယဉ်ကျေးမှုများကို နှီးနှော ဖလှယ်ရင်း ချစ်ခင်ရင်းနှီးစွာ နေထိုင်လာတာ ကြည်နူးစရာ ကောင်းပါတယ်။ ဟောလိုးဝင်း ပွဲတော် ဟာဆိုရင် မြန်မာနိုင်ငံက ကျီးမနိုး ပွဲတော်နဲ့ ခပ်ဆင်ဆင်လေးပါ။ လုံးဝကြီး မတူပေမယ့် မည်သူ့ကိုမျှ ထိခိုက်စေလိုတဲ့ ဆန္ဒမပါဘဲ ပျော်ရွှင် စေရုံသက်သက် စနောက် ကျီစားလိုတာ ကတော့ ထပ်တူကြပါ တယ်။
Read times Last modified on Wednesday, 31 October 2018 11:20
Rate this item
(5 votes)