Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ကျင့်ဆန်းကျော့ဂိတ် စိုက်ပျိုးထုတ်ကုန် တင်ပို့ရေး အ‌ခြေအနေများနှင့် ခန့်မှန်းကုန်ကျစရိတ်များ

ကျင့်ဆန်းကျော့ဂိတ် စိုက်ပျိုးထုတ်ကုန် တင်ပို့ရေး အ‌ခြေအနေများနှင့် ကုန်ကျစရိတ်များ

၂၂-၁၁-၂၀၂၁ နေ့က ကျင့်ဆန်းကျော့ဂိတ်ကို စမ်းသပ်လေ့ကျင့်ခဲ့ပြီးပြီဖြစ်သည်။
၂၆-၁၁-၂၀၂၁နေ့မှာExport duty ​​ဆောင်ပြီးသောဆန်နှင့်ပဲပြောင်းပစ္စည်းများဦးစားပေးအစီအစဉ်ဖြင့်ကျင့်ဆန်းကျော့ဂိတ်ကို စမ်းသပ် ဖွင့်လှစ် သုံးစွဲမည်။
တစ်ရက်လျှင် ကွန်တိန်နာ(၅)လုံးဖြင့်သာ စမ်းသပ်အဆင့် ပို့ဆောင်မည်။
ဖရဲ-သခွားကားများတင်ပို့ခွင့်မရသေးပါ။
ပို့ခွင့်ရဖို့ မူဆယ် သစ်သီးကုန်စည်ဒိုင်မှကြိုးပမ်းဆောင်ရွက်နေဆဲ ဖြစ်ပါသည်။
ဇူလိုင်လဆန်းမှစ၍ ဂိုဒေါင်ချစောင့်ဆိုင်းထားသောအဆိုပါ ပို့ကုန်ကားများ တွဲကားအစီးရေ(၂၀၀၀)ကျော်ရှိ နေပါသည်။
ကပ်ရောဂါကာလ စီမံချက်များအရ ပို့ကုန်အစီအစဉ်က ရှုပ်ထွေးပါသည်။
ကုန်သွယ်ရေးဇုန်အဝင် ရှန်တိန်အဆင့်ဆင့် လုပ်ဆောင်ရမည် ဖြစ်သည့်အပြင် ပိုးသတ်ဆေးဖြန်းပြီး (၄၈)နာရီထားရမည် ဖြစ်သည်။
ထို့နောက် ကွန်တိန်နာထဲ ထည့်ပြီး ခေါက်တို ထရပ်ကားပေါ်တင်၍ နယ်စပ်မျဉ်းမှာ ကရိန်းဖြင့် တစ်ဘက်နိုင်ငံမှ ခေါက်တို ထရပ်ကားပေါ် ပြောင်းတင်မည်ဖြစ်သည်။
တရုတ်နိုင်ငံမှ တင်သွင်းလျှင်လည်း အလားတူ ဆောင်ရွက်ရမည်။
အဆိုပြု ကုန်ကျစရိတ် စ-ဆုံး (၂၀)သိန်းနီးပါး ဖြစ်ပါသည်။
ကုန်ကျစရိတ်ညှိနှိုင်းနေဆဲ ဖြစ်ပါသည်။
တန်ဖိုးကြီးသွင်းကုန်များအတွက် မထောင်းသာ သော်လည်း တောင်သူထွက် ပို့ကုန်များအတွက်ဝန်ထုတ်ဝန်ပိုးကြီးလှတဲ့စရိတ်များ ဖြစ်နေပါသည်။
သို့ဖြစ်ရာ အရင်မေးမြန်းစုံစမ်းပြီးမှသာ နယ်စပ်သို့ သယ်ပို့သင့်ပါသည်။ ပုံမှန်ကုန်သွယ်မှု မဟုတ်သေးဘဲ စမ်းသပ်အဆင့်သာ ဖြစ်ပါသည်။
ရင်းမြစ် ။ ။ မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်



(၁၀၅)မိုင်အဝင်
ကားရပ်နားကွင်းမှ
ကုန်သွယ်ရေးဇုန်အထိ
ရှန်တိန်ခ ၄၅ဝဝဝ
+
ကုန်သွယ်ရေးဇုန်မှ
ကျင်စန်ကျော့အထိ(တွဲကား)
ရှန်တိန်ခ ၁၀၀၀၀၀
+
ရွှေလွယ်အင်ကုမ္ပဏီ
(ပိုးသတ်+ရှန်တိန်+ဆေးစစ်)
၆၀၀၀၀
+
ကွန်တိန်နာ Boxဌားခ
(၁)ရက် ယွမ်(၂၀၀)
၆၀၀၀၀
+
ကရိန်း(တင်/ချ)ခ
ယွမ်(၂ဝဝ)
၆၀၀၀၀
+
ကွန်တိန်နာ Boxတင်ကားခ
ယွမ်(၃၈၀၀)
၁၁၄၀၀၀၀
=
စုစုပေါင်း ၁၄၆၅၀၀၀
________
ကုန်ပြောင်းအလုပ်သမားခ
(၁)တန်လျှင် ( ၂၀၀၀ )ကျပ်
(၁ဝ၅)မိုင်အဝင်ကားရပ်နားခ
(၁)ရက်လျှင် ( ၄၀၀၀ )ကျပ်
ယာဉ်မောင်းယာဉ်နောက်လိုက်
ပိုးစစ်ခတယောက်လျှင်
( ၁၀၀၀၀ )ကျပ်
_______
ကုန်သွယ်ရေးဇုန်မှ
ကျင်စန်ကျော့အထိ
ရှန်တိန်ခ
(၆)ဘီး ၈၀၀၀၀
(၁၂)ဘီး ၉၀၀၀၀

 

Read times Last modified on Thursday, 25 November 2021 07:10
Rate this item
(0 votes)