Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


သြဇီထောပတ်သီးတို့ရဲ့ ကိုဗစ်အိပ်မက်ဆိုး

သြစတေးလျမှာ စိုက်ပျိုးထုတ်လုပ်သည့် သစ်သီးဝလံများကို

တရုတ်နှင့် တောင်ကိုရီးယား ဈေးကွက်တို့မှာ ဝယ်လိုအား ကောင်းသည်။ သို့သော် ကိုဗစ်-၁၉ ကမ္ဘာာ့ကပ်ရောဂါကြောင့် ခရီးသည်တင်လေယာဉ်များ ရပ်နားထားကြရသဖြင့် လေကြောင်းပို့ဆောင်ရေး ကျိုးပြတ်နေသည်။ 

အလားတူပင် အခြားသော စိုက်ပျိုးရေးထုတ်ကုန်များသည်လည်း သြဇီအတွင်းမှာ ပိတ်မိနေကြသည်။ သြစတေးလျတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းပေါင်း ရှစ်သောင်းခွဲ ဝန်းကျင်ရှိပြီး ၎င်း၏ လူဦးရ ၇၅ သန်းအတွက် စားနပ်ရိက္ခာ လုံလောက်သည်ထက် သုံးဆ ပိုမိုထုတ်လုပ်လျက် ရှိသည်။ ထိုသို့ ပိုလျှံနေသော စိုက်ပျိုးရေး ထွက်ကုန်များသည် သြဇီမှ ထွက်ခွာ၍ မရသည့် အိပ်မက်ဆိုးကို ရင်ဆိုင်နေကြရသည်။

သြစတေးလျမှ စိုက်ပျိုးရေးလုပ်ငန်း Avolution သည် ထောပတ်သီးများကို ပြည်ပသို့ တင်ပို့သည်။ Avolution သည် သြစတေးလျနိုင်ငံ၏ ထောပတ်သီး ထုတ်လုပ်တင်ပို့မှု စုစုပေါင်းတွင် ၂၀% ကို ထုတ်လုပ်တင်ပို့ပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။ ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှား နိုင်ငံများသို့ အပတ်စဉ် ထောပတ်သီး ၄၅ တန် ပေးပို့သည်။ ယခု ပင်လယ်ရပ်ခြားသို့ ပေးပို့ရန် လမ်းကြောင်း ပျောက်နေသည်။
ယခင်က ခရီးသည်တင်လေယာဉ်များတွင် ဝမ်းဗိုက်တွင် လေကြောင်းကုန်စည်အဖြစ် တင်ပို့ခဲ့သည်။ ယခု ခရီးသည်တင်လေယာဉ်များ အများစု ရပ်နားထားသဖြင့် တန်ဆာခများ ဈေးတက်ကုန်သည်။
လက်ရှိ လေကြောင်းတန်ဆာခနှုန်းထားအရ လေးတန်ခွဲကို သြဇီဒေါ်လာ ၁၅ ၀၀၀ (အမေရိကန်ဒေါ်လာ ၉ ၁၀၀) ပေးရသည်။ ယခင်ကထက် လေးဆခွဲ ပိုများသည်။


နိုင်ငံအနေဖြင့် ကြည့်လျှင် သြစတေးလျသည် ၎င်း၏ စိုက်ပျိုးရေးထွက်ကုန် စုစုပေါင်း၏ ၆၅ % ကို ပင်လယ်ရပ်ခြားသို့ ပုံမှန်တင်ပို့လျက်ရှိသည်။
၂၀၁၈-၁၉ ခုနှစ်တွင် တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန် သြဇီဒေါ်လာ ၁၄ ဘီလျံဖိုး တင်ပို့ခဲ့သည်။ တရုတ်နိုင်ငံသည် သြစတေးလျ စိုက်ပျိုးရေးထုတ်ကုန်တို့အတွက် အကြီးမားဆုံး ဈေးကွက်ဖြစ်သည်။ ထိပ်တန်း ၁၀ နိုင်ငံတို့တွင် တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့ ပါဝင်သည်။

သြစတေးလျအစိုးရက သြဇီ သန်း ၁၀၀ သုံးစွဲပြီး စင်းလုံးငှား ကုန်တင်လေယာဉ်များဖြင့် လတ်ဆတ်သော ထွက်ကုန်များကို တရုတ်၊ ဂျပန်၊ ဟောင်ကောင်၊ စင်ကာပူနှင့် ယူအေအီး နိုင်ငံများသို့ ပို့ဆောင်ရန် စီစဉ်မည်ဟု ကြေညာခဲ့သည်။

Read times
Rate this item
(0 votes)