Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဆောင်းသီးနှံ ပဲတိုင်ထောင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာ၌ ဆောင်းသီးနှံအဖြစ် ပဲတိုင်ထောင် စိုက်ခင်းများကို စိုက်ပျိုးကြရာ

အောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း မင်းဘူး (စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ ပဲတိုင်ထောင် စိုက်ပျိုးရောင်းချသူ ကိုထွေးထံမှ သိရသည်။ 

အဆိုပါ ပဲတိုင်ထောင် စိုက်ခင်းများကို အောက်တိုဘာလမှစတင်ကာ စိုက်ပျိုးရောင်းချခဲ့ပြီး အတောင့် ၁၀၀ စည်း တစ်စည်းကို ငွေကျပ် ၁၀၀၀ ရောင်းချရကြောင်း၊ ပဲတိုင်ထောင်အပြင် ခရမ်းချဉ်သီး၊ နံနံပင်၊ မုံညှင်း၊ ရွှေပဲသီး၊ ငရုပ်သီး၊ ဘူးသီးပင်၊ ဆူးပုတ်ပင်နှင့် ငှက်ပျောပင်များပါ စိုက်ပျိုးထားကြောင်းလည်း သိရသည်။
ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါများကြောင့် သီးနှံပင်များမှာ ယခင်နှစ်များလောက် ရောင်းအား မကောင်းကြောင်း သိရသည်။ သို့သော် စိုက်ပျိုးပြီး ရောင်းချသည့်အခါ သီးနှံပင်များမှာ ဖြစ်ထွန်းသည့်အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချရပြီး နေ့စဉ်ပုံမှန် ဝင်ငွေရရှိနေသည့်အတွက် မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျောက်တန်းကျေးရွာသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သည့် ကျေးရွာဖြစ်သောကြောင့် စပါးစိုက်ခင်း များအပြင် မြေအောက်ရေဖြင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံပင်များပါ တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် စိုက်ပျိုးရောင်း ချသူများလည်းရှိကြောင်း သိရသည်။

MDN

 

136165413_3586769821415879_3086802474866734763_o.jpg

Read times Last modified on Thursday, 07 January 2021 10:32
Rate this item
(0 votes)