Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျာမန် ကော်ဖီအသင်းနှင့် မြန်မာကော်ဖီကိစ္စ ဆွေးနွေး

 ဂျာမန် ကော်ဖီအသင်းနှင့် မြန်မာကော်ဖီကိစ္စ ဆွေးနွေး

 

 ဟမ်းဘတ်မြို့အခြေစိုက်  German Coffee Association မှ General Manager ဖြစ်သူ Mr.Holger Preibisch နှင့် ၂၉.၈.၂၀၂၂ ရက်နေ့တွင် Zoom meeting ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါ သည်။ ဆွေးနွေးပွဲမတိုင်မီ German Coffee Association ဘက်မှ တောင်းဆိုချက်အရ စီးပွားရေး သံမှူးက မြန်မာကော်ဖီ product profile နှင့် မြန်မာနိုင်ငံမှ အီးယူနိုင်ငံများနှင့် ဂျာမနီနိုင်ငံသို့ တင်ပို့သည့် ပို့ကုန်အချက်အလက်များကို ပေးပို့ထားခဲ့ပါသည်။ 

         

ဆွေးနွေးပွဲတွင် စီးပွားရေးသံမှူးက  

  • မြန်မာနိုင်ငံအနေဖြင့် အာရေဗီကာနှင့် ရိုဘတ်စတာကော်ဖီများကို တစ် နှစ်ပျမ်းမျှ တန်ချိန် (၇၀၀၀)ခန့် ထုတ်လုပ်နိုင်ပြီး ပို့ကုန်အနေဖြင့်ပျမ်းမျှ တန်ချိန်(၈၀၀)မှ (၁၀၀၀) အကြား တင်ပို့နေခြင်းရှိကြောင်း၊

  •  အာရှနိုင်ငံများ အမေရိကန်နိုင်ငံနှင့် အီးယူနိုင်ငံများသို့ ဖြစ် ကြောင်း၊ အီးယူနိုင်ငံများသို့ တင်ပို့မှုသည် တိုးတက်လာသော်လည်း ဂျာမနီနိုင်ငံသို့ တင်ပို့မှုသည် ၂၀၁၈ ခုနှစ်မှစ၍ လျော့ကျလာခြင်းရှိကြောင်း၊ 

  • အီးယူနိုင်ငံများအနက် ဘယ်လ်ဂျီယမ်နိုင်ငံက အများဆုံးတင်သွင်းနေသည်ကို တွေ့ရှိရကြောင်း၊

  • မြန်မာနိုင်ငံ၏ ရေမြေသဘာဝနှင့် ရာသီဥတု အခြေအနေများ၊ Cupping results များ မြင့်မားကောင်းမွန်မှုအရ အထူးတန်းဝင် အရည်အသွေး မြင့် Specialty Coffee များကို ၂၀၁၄-၂၀၁၅ ခုနှစ်လောက်မှစ၍ ထုတ်လုပ်နိုင်ပြီး Development Projects များ၏ ပံ့ပိုးကူညီမှုများကလည်း ဈေးကွက်ဝင်ရောက်နိုင်ရန် များစွာအထောက်အပံ့ပေး ခဲ့ကြောင်း၊ 

  • မြန်မာကော်ဖီအသင်းကိုလည်း ဖွဲ့စည်းထားရှိပြီး အသင်းကဦးဆောင်၍ ယခုနှစ် ဇွန်လအတွင်း အီတလီနိုင်ငံ မီလန် Coffee Expo ပွဲတွင် မြန်မာကော်ဖီကုမ္ပဏီများ ဝင်ရောက်ပြ သခဲ့ကြကြောင်း၊

  •  Specialty Coffee ကို ဂျပန်၊ ကိုရီးယား၊ အမေရိကန်နိုင်ငံနှင့်အီးယူနိုင်ငံများသို့ တင်ပို့နေကြောင်း၊ 

  • ဂျာမနီနိုင်ငံတွင်လည်း Specialty Coffee သောက်သုံးမှုကို ပိုမိုနှစ်ခြိုက်လာ ကြသည်ကို သိရှိပါကြောင်း၊

  •  ဂျာမနီနိုင်ငံသို့ တင်ပို့နိုင်မှုအတွက် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အကြံပြုချက်များရှိပါက ပံ့ပိုးပေးစေလိုကြောင်း၊ 

ဆွေးနွေးပြောကြားပါသည်။

       

Mr.Holger Preibisch က 

  • ဂျာမနီနိုင်ငံသည် ကော်ဖီဈေးကွက်ကြီးမားပြီး အမေရိကန်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယ အကြီးဆုံး ကော်ဖီတင်သွင်းသူနှင့် ဥရောပတွင် အများဆုံးတင်သွင်းသူဖြစ်ကြောင်း၊ နှစ်စဉ်ပျမ်း မျှတန်ချိန် (၁၀)သန်းခန့် တင်သွင်းနေကြောင်း၊ 

  • မြန်မာနိုင်ငံ၏ကော်ဖီဈေးကွက်ဝေစုသည် နည်း ပါးနေပြီး ၂၀၁၇ ခုနှစ် နောက်ပိုင်း အီးယူနိုင်ငံများသို့တင်ပို့မှုတိုးတက်လာသော်လည်း ဂျာမနီ နိုင်ငံသို့တင်ပို့မှု ကျဆင်းလာခြင်းအတွက် အဖြေရှာစဉ်းစားရန်လိုအပ်ကြောင်း၊ 

  • မိမိတို့အသင်း အနေဖြင့် အဖွဲ့ဝင်များနှင့် ဂျာမန်ကော်ဖီလုပ်ငန်းကဏ္ဍအတွက် မူဝါဒ၊ ဥပဒေရေးရာ၊ နည်းပညာ နှင့် ထုတ်ကုန်အရည်အသွေးပိုင်း၊ ဈေးကွက်သုတေသနပိုင်း၊ သင်တန်းနှင့် ဆွေးနွေးပွဲများ စသည် တို့တွင် ပံ့ပိုးပေးနေပြီး ကုန်သွယ်မှုပိုင်း၊ ဈေးကွက်ဝင်ရောက်မှုပိုင်းနှင့် ပတ်သက်၍ ဂျာမနီနိုင်ငံ အခြေစိုက် Coffee trading houses များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် အကြံပြုလိုကြောင်း၊ 

  • ဆက်သွယ်ရမည့် Contacts များပေးပို့ပေးမည်ဖြစ်ကြောင်း၊ 

  • အဆိုပါ trading houses များသည် Specialty Coffee ကို အလေးထားလုပ်ကိုင်နေကြသူ များလည်းဖြစ်ပြီး အီးယူ ကော်ဖီလုပ်ငန်း အများစုနှင့် ချိတ်ဆက်ဆောင်ရွက်နေကြသူများလည်း ဖြစ်ကြောင်း၊

  •  အာရှဒေသတွင် ဗီယက်နမ် နိုင်ငံသည် အီးယူဒေသသို့ ကော်ဖီအများဆုံးတင်ပို့သူ ဖြစ်သော်လည်း အရည်အသွေးပိုင်းတွင် မြန်မာနိုင်ငံကဲ့သို့ အထူးတန်းဝင်မဟုတ်ဘဲ ကွာခြားမှုရှိသည်ဟု ယူဆကြောင်း၊ 

ဆွေးနွေးပါသည်။

 

ဆက်လက်၍ ဂျာမနီနိုင်ငံ၏ ကော်ဖီဈေးကွက်အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ 

  • Certification လိုအပ်ချက်သည် ဈေးကွက်အလိုက် အမျိုးမျိုးကွာခြားကြောင်း၊ 

  • ဂျာမနီနိုင်ငံ ကော်ဖီဈေးကွက်တွင် Fairtrade Certificate သည် ၅ ရာခိုင်နှုန်း၊ Rainforest Certificate သည် ၁၀ ရာခိုင်နှုန်းခန့်နှင့် အော်ဂဲနစ် Certificate သည် ၃ ရာခိုင်နှုန်းခန့်သာ နေရာယူထားကြောင်း၊

  •  ယေဘူယျအားဖြင့် ဂျာမနီနိုင်ငံရှိကော်ဖီထုတ်ကုန် အများစုသည် Certificate ကို များစွာအသုံး ပြုမှုမရှိကြကြောင်း၊  

  • Specialty Coffee အတွက်မူ အများအားဖြင့် Certification လိုအပ်ချက် အတွက် သီးခြားသတ်မှတ်မှုမျိုးမရှိကြဘဲ အရည်အသွေးကောင်းမွန်မှုကိုသာ အဓိကထားကြ ကြောင်း၊ 

  • ဂျာမန် စားသုံးသူများက Specialty Coffee ကို ပိုမိုသောက်သုံးလာကြပြီး ထုတ်လုပ်သူ Small roasters ပေါင်း (၁၀၀၀) ခန့်ရှိပြီး Specialty Coffee သည်ကော်ဖီဈေးကွက်ဝေစု၏ ၇ ရာ ခိုင်နှုန်းရှိကြောင်း၊ 

  • ဂျာမနီနိုင်ငံတွင် ကော်ဖီသောက်သုံးမှုမှာ တစ်နှစ်ပျမ်းမျှ တန်ချိန်(၄၅၀၀၀၀) ခန့်ရှိရာ Specialty Coffee ၇ ရာခိုင်နှုန်းရှိခြင်းကြောင့်  ဈေးကွက်အလားအလာများစွာရှိကြောင်း၊ 

  • ဘရီမင်၊ ဟမ်းဘတ်၊ဘာလင်တို့တွင် roasting industry လုပ်ငန်းကြီးများ အဓိကလုပ်ကိုင်နေကြ ကြောင်း၊ 

  • ဂျာမန်ကော်ဖီလုပ်ငန်းများသည် နိုင်ငံအသီးသီးမှ ကော်ဖီအမျိုးအစားများကို ရောနှော၍ roasting နှင့် blending ပြုလုပ်ကြပြီး အရသာတစ်မျိုးတည်းဖြစ်စေရန် နှစ်စဉ်ပြုလုပ်ကြ ကြောင်း၊ 

  • roasted coffee ကို တင်သွင်းခြင်း မပြုလုပ်ကြကြောင်း၊

  • Packaging အများစုတွင် country of origin ကို ဖော်ပြခြင်းမပြုကြဘဲ Specialty Coffee များတွင်သာ မြင်တွေ့နိုင် ကြောင်း 

ဆွေးနွေးသိရှိရပါသည်။

        

 မြန်မာနိုင်ငံရွှေတောင်သူကော်ဖီအဖွဲ့မှ ထုတ်လုပ်သော Catuai အမျိုးအစား Dry Natural နှင့် fully washed ကော်ဖီနမူနာများကို စီးပွားရေးသံမှူးက မိတ်ဆက်ပြသခဲ့ရာ Mr.Holger Preibisch က 

  • Coffee houses များသို့ အဆိုပါနမူနာအထုပ်များပေးပို့၍ ဆက်သွယ်ဆောင်ရွက် ရန်အကြံပြုလိုကြောင်း၊ 

  • မြန်မာနိုင်ငံမှ ကော်ဖီသည် Specialty Coffee တန်းဝင်အမျိုးအစား အနေဖြင့် အရည်အသွေးပြည့်ဝစွာ ထုတ်လုပ်နိုင်ပြီး ပြည့်စုံကောင်းမွန်မှုရှိသည်ကို သိရှိထားပါကြောင်း၊ 

  • ပိုမိုတိုးတက်ထုတ်လုပ် တင်ပို့စေလိုကြောင်း၊ 

ဆွေးနွေးပြောကြားပါသည်။  

Source: Market Information Servic

#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U

 

 

Read times Last modified on Tuesday, 06 September 2022 08:53
Rate this item
(0 votes)