Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


COVID-19 ကာကွယ်ဖို့ လတ်ဆတ်သစ်သီး၀လံ ပိုးသတ်ဖို့ လိုမလား

COVID-19 ကာကွယ်ရန် လတ်လတ်ဆတ်ဆတ် သစ်သီး၀လံများ၊ ဟင်းသီးဟင်းရွက်များကို

ပိုးသတ်ရန် ဆေးကြောဖို့ အကြံပြုသွန်သင်သော ရေးသားတင်ပြမှုများ၊ သရုပ်ပြသည့် ဗီဒီယိုများ အင်တာနက်ပေါ် ဖြန့်ဝေနေကြသည်။ ကြည့်ရှုကြိမ်ရေ ၂၆ သန်းကျော်သည်အထိ လူကြည့်များသော ဗီဒီယိုတစ်ခုတွင် အမေရိကန်ဆရာဝန် Dr Jefrrey VanWingen က သရုပ်ပြသည်မှာ သစ်သီး၀လံများ၊ ဟင်းသီးဟင်းရွက်များကို ဆပ်ပြာရည်တွင် စိမ်ပြီး ဆပ်ပြာရည် စွတ်စိုစေသည်။ ထို့နောက် ဆပ်ပြာရည်ဖြင့် စက္ကန့် ၂၀ ဆေးကြောသည်။ သူ့အကြံပြုချက်သည် New England Journal of Medicine တွင် ဖော်ပြခဲ့သည့် လေ့လာတွေ့ရှိချက်တစ်ခုအပေါ် အခြေခံထားသည်။ COVID-19 ကို ဖြစ်ပွားစေသော SARSCOV2 ဗိုင်းရပ်စ်သည် မျက်နှာပြင်တစ်ခုခုပေါ်တွင် နာရီရှည်ကြာ ကာလအတိုင်းအတာတစ်ခုအထိ ရှင်နေနိုင်သည်ဆိုသော အချက်အပေါ် အခြေခံထားသည်။ သို့ဖြစ်ရာ SARSCOV2 ဗိုင်းရပ်စ်ကို ဆပ်ပြာဖြင့် ထိထိရောက်ရောက် သတ်နိုင်သည်ဆိုသည့် တွေ့ရှိချက်ဖြင့် တိုက်ခိုက်သုတ်သင်ခြင်း ဖြစ်သည်။ သို့သော် လတ်လတ်ဆတ်ဆတ် သစ်သီး၀လံများ၊ ဟင်းသီးဟင်းရွက်များကို ယခုလို ဆပ်ပြာရည်ဖြင့် ပိုးသတ်ပစ်ခြင်းတွင် ဘေးထွက်ဆိုးကျိုးများ ရှိနေပြီး အခန့်မသင့်ပါက စားသုံးသူကို အဆိပ်သင့်မည့် ဘေးအန္တရာယ် လွန်စွာကြီးမားသည်ဟု ကျွမ်းကျင်သူတို့က ဆိုကြသည်။

ဩစတေးလျ-နယူးဇီလန် စိုက်ပျိုးထုတ်ကုန် ဈေးကွက်ဖော်ဆောင်ရေး အသင်း ဥက္ကဌက “ဆပ်ပြာရည်? ချေးချွတ်ဆေးတွေဟာ စားစရာတွေ ဆေးဖို့ ထုတ်လုပ်ပေးထားတာ မဟုတ်ဘူး။ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ ဆေးဖို့လည်း မဟုတ်ဘူး။ ပန်းကန်ခွက်ယောက်တွေ၊ အိုးခွက်တွေ ဆေးဖို့အတွက် ဖော်မြူလာ ထုတ်ပေးထားတယ်” ဟု ရှင်းပြသည်။
“သစ်သီးထဲ ဟင်းသီးဟင်းရွက်ထဲ ဆပ်ပြာရည် စိမ့်ဝင်သွားပြီး စားတဲ့အထဲ ပါလာမယ်။ အဆိပ်သင့်မယ်” ဟု သူက ပြောပြသည်။
“ရေဘုံဘိုင် ဖွင့်ထားတဲ့အောက်မှာ ရေနိုင်နိုင်ဖြင့် ဆေးကြောရမယ်။ ဒီဟာကတော့ ချက်ပြုတ်ပြီးမှ စားစား၊ အစိမ်းစားစား မပျက်မကွက် လုပ်ကိုလုပ်ရမယ်” ဟု သူက ဖြည့်စွက် ပြောကြားသည်။

“ကျွန်တော်တို့က လူတွေကို တိုက်တွန်းပါတယ်။ သစ်သီး၀လံ စားပါ။ ဟင်းသီးဟင်းရွက်တွေ စားပါ။ လတ်ဆတ်တာကို စားပါ။ ဘာမှ ကြောက်စရာမလိုဘူး။ စားစရာကြောင့် ကိုဗစ်ကူးမှာ မစိုးရိမ်ပါနဲ့။ စားစရာတွေ၊ စားစရာထုပ်ပိုးပစ္စည်းတွေကို မပူပန်နဲ့။ တကယ်ပူပန်ရမှာက တခြားသူတွေဆီမှ ကူးစက်မယ့်အရေးဖြစ်ပါတယ်”

foodnavigator-asia.com

 

COVID-19 ကာကြယ္ဖို႔ လတ္ဆတ္သစ္သီး၀လံ ပိုးသတ္ဖို႔ လိုမလား

COVID-19 ကာကြယ္ရန္ လတ္လတ္ဆတ္ဆတ္ သစ္သီး၀လံမ်ား၊ ဟင္းသီးဟင္း႐ြက္မ်ားကို ပိုးသတ္ရန္ ေဆးေၾကာဖို႔ အႀကံျပဳသြန္သင္ေသာ ေရးသားတင္ျပမႈမ်ား၊ သ႐ုပ္ျပသည့္ ဗီဒီယိုမ်ား အင္တာနက္ေပၚ ျဖန႔္ေဝေနၾကသည္။ ၾကည့္ရႈႀကိမ္ေရ ၂၆ သန္းေက်ာ္သည္အထိ လူၾကည့္မ်ားေသာ ဗီဒီယိုတစ္ခုတြင္ အေမရိကန္ဆရာဝန္ Dr Jefrrey VanWingen က သ႐ုပ္ျပသည္မွာ သစ္သီး၀လံမ်ား၊ ဟင္းသီးဟင္း႐ြက္မ်ားကို ဆပ္ျပာရည္တြင္ စိမ္ၿပီး ဆပ္ျပာရည္ စြတ္စိုေစသည္။ ထို႔ေနာက္ ဆပ္ျပာရည္ျဖင့္ စကၠန႔္ ၂၀ ေဆးေၾကာသည္။ သူ႔အႀကံျပဳခ်က္သည္ New England Journal of Medicine တြင္ ေဖာ္ျပခဲ့သည့္ ေလ့လာေတြ႕ရွိခ်က္တစ္ခုအေပၚ အေျခခံထားသည္။ COVID-19 ကို ျဖစ္ပြားေစေသာ SARSCOV2 ဗိုင္းရပ္စ္သည္ မ်က္ႏွာျပင္တစ္ခုခုေပၚတြင္ နာရီရွည္ၾကာ ကာလအတိုင္းအတာတစ္ခုအထိ ရွင္ေနႏိုင္သည္ဆိုေသာ အခ်က္အေပၚ အေျခခံထားသည္။ သို႔ျဖစ္ရာ SARSCOV2 ဗိုင္းရပ္စ္ကို ဆပ္ျပာျဖင့္ ထိထိေရာက္ေရာက္ သတ္ႏိုင္သည္ဆိုသည့္ ေတြ႕ရွိခ်က္ျဖင့္ တိုက္ခိုက္သုတ္သင္ျခင္း ျဖစ္သည္။ သို႔ေသာ္ လတ္လတ္ဆတ္ဆတ္ သစ္သီး၀လံမ်ား၊ ဟင္းသီးဟင္း႐ြက္မ်ားကို ယခုလို ဆပ္ျပာရည္ျဖင့္ ပိုးသတ္ပစ္ျခင္းတြင္ ေဘးထြက္ဆိုးက်ိဳးမ်ား ရွိေနၿပီး အခန႔္မသင့္ပါက စားသုံးသူကို အဆိပ္သင့္မည့္ ေဘးအႏၲရာယ္ လြန္စြာႀကီးမားသည္ဟု ကြၽမ္းက်င္သူတို႔က ဆိုၾကသည္။

ဩစေတးလ်-နယူးဇီလန္ စိုက္ပ်ိဳးထုတ္ကုန္ ေဈးကြက္ေဖာ္ေဆာင္ေရး အသင္း ဥကၠဌက “ဆပ္ျပာရည္? ေခ်းခြၽတ္ေဆးေတြဟာ စားစရာေတြ ေဆးဖို႔ ထုတ္လုပ္ေပးထားတာ မဟုတ္ဘူး။ သစ္သီးေတြ ဟင္းသီးဟင္း႐ြက္ေတြ ေဆးဖို႔လည္း မဟုတ္ဘူး။ ပန္းကန္ခြက္ေယာက္ေတြ၊ အိုးခြက္ေတြ ေဆးဖို႔အတြက္ ေဖာ္ျမဴလာ ထုတ္ေပးထားတယ္” ဟု ရွင္းျပသည္။
“သစ္သီးထဲ ဟင္းသီးဟင္း႐ြက္ထဲ ဆပ္ျပာရည္ စိမ့္ဝင္သြားၿပီး စားတဲ့အထဲ ပါလာမယ္။ အဆိပ္သင့္မယ္” ဟု သူက ေျပာျပသည္။
“ေရဘုံဘိုင္ ဖြင့္ထားတဲ့ေအာက္မွာ ေရႏိုင္ႏိုင္ျဖင့္ ေဆးေၾကာရမယ္။ ဒီဟာကေတာ့ ခ်က္ျပဳတ္ၿပီးမွ စားစား၊ အစိမ္းစားစား မပ်က္မကြက္ လုပ္ကိုလုပ္ရမယ္” ဟု သူက ျဖည့္စြက္ ေျပာၾကားသည္။

“ကြၽန္ေတာ္တို႔က လူေတြကို တိုက္တြန္းပါတယ္။ သစ္သီး၀လံ စားပါ။ ဟင္းသီးဟင္း႐ြက္ေတြ စားပါ။ လတ္ဆတ္တာကို စားပါ။ ဘာမွ ေၾကာက္စရာမလိုဘူး။ စားစရာေၾကာင့္ ကိုဗစ္ကူးမွာ မစိုးရိမ္ပါနဲ႔။ စားစရာေတြ၊ စားစရာထုပ္ပိုးပစၥည္းေတြကို မပူပန္နဲ႔။ တကယ္ပူပန္ရမွာက တျခားသူေတြဆီမွ ကူးစက္မယ့္အေရးျဖစ္ပါတယ္”

foodnavigator-asia.com

Read 1326 times
Rate this item
(0 votes)