Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံတွင် ကြံရာသီ၌ ကြံတန်ချိန် ၁၀ သိန်းခန့် လျော့ကျနိုင်

မြန်မာနိုင်ငံတွင် ကြံရာသီ၌ ကြံတန်ချိန် ၁၀ သိန်းခန့် လျော့ကျနိုင် myotaw

မြန်မာနိုင်ငံတွင် ကြံစိုက်ဧကလျော့ကျ၍ ကြံထွက်ရှိမှုလျော့နည်းကာ ကြံတန်ချိန် ၁၀သိန်းခန့် လျော့ကျနိုင်ကြောင်း

 မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည် ။

 

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ကြံရာသီတွင် သကြားဈေးကွက်ပျက်ခဲ့ပြီး သကြားဈေးကျဆင်းသဖြင့် သကြား စက်ရုံများနှင့် ကြံစိုက်တောင်သူများတွက်ခြေမကိုက်ခဲ့သည့်အတွက် လက်ရှိကြံရာသီတွင် ကြံစိုက်ဧက ၅ သောင်းခန့်လျော့ကျသွားနိုင်ကာ ကြံထွက်ရှိမှုတန်ချိန်မှာလည်း ၁၀ သိန်းခန့် လျော့ကျသွားနိုင်သည်။

 

"ကမ္ဘာ့သကြားဈေးက ပြန်တက်နိုင်တဲ့အခြေအနေရှိတယ် ။ သကြားစက်တွေက အလားအလာမျှော်မှန်းပြီး ဒီနှစ်ကြံအရေအတွက်ကိုရအောင် မနှစ်ကထက်တော့ မနိမ့်တဲ့ဈေးနဲ့ဝယ်မယ် ။ ကြံတစ်တန်ကို အနည်းဆုံး ၄ သောင်းဈေးနဲ့အထက် ဝယ်ဖို့ရှိတယ် "လို့ မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားခဲ့သည် ။

 

၂၀၁၉-၂၀ ခုနှစ်တွင် ကြံစိုက်ဧက ၄၅၀ဝ၀ဝ ကျော်စိုက်ပျိုးခဲ့ကာ သကြားတန်ပေါင်း ၄ သိန်းခွဲကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ကြံရာသီတွင် ကြံစိုက်ဧက ၄၀ဝ၀ဝ၀ ခန့် စိုက်ပျိုးနိုင်ရန် ခန့်မှန်းထားကာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင်တရုတ်နိုင်ငံသို့ သကြားများတင်ပို့ရန် Re Export သကြား Permit များ ခွင့်ပြုပေးခဲ့ပြီးနောက် မြဝတီလမ်းကြောင်းမှတစ်ဆင့် မှောင်ခိုသကြားများ တင်သွင်းလာခြင်းတို့ကြောင့် သကြားဈေးကွက် ပျက်လုနီးပါးအခြေအနေသို့ ရောက်ရှိခဲ့ရသည်။

 

မြန်မာနိုင်ငံတွင် ၂၀၁၄-၁၅ ခုနှစ်တွင် ကြံစိုက်ဧက ၄၄၀ဝ၀ဝ ကျော်စိုက်ပျိုးရာတွင် သကြားတန်ပေါင်း ၄၅၀ဝ၀ဝ ကျော် ၊ ၂၀၁၅-၁၆ ခုနှစ်တွင် ၃၉၀ဝ၀ဝ ဧကကျော် စိုက်ပျိုးရာတွင် သကြားတန်ပေါင်း ၃၉၀ဝ၀ဝ ကျော်၊ ၂၀၁၆-၁၇ ခုနှစ်တွင် ၄၀ဝ၀ဝ၀ ဧကကျော်စိုက်ပျိုးရာတွင် သကြားတန်ပေါင်း ၃၇၀ဝ၀ဝ ကျော်၊ ၂၀၁၇-၁၈ ခုနှစ်တွင် ၄၀ဝ၀ဝ၀ ဧကကျော်စိုက်ပျိုးရာတွင် သကြားတန်ပေါင်း ၅ သိန်းကျော်၊ ၂၀၁၈-၁၉ ခုနှစ်တွင် ကြံစိုက် ဧက ၄၄၀ဝ၀ဝ ကျော် စိုက်ပျိုးခဲ့ကာသကြားတန်ပေါင်း ၅ သိန်းကျော်ထုတ်လုပ်နိုင်ခဲ့ပြီး၂၀၁၉-၂၀ ခုနှစ် တွင် ကြံစိုက် ဧက ၄၅၀ဝ၀ဝ ကျော် စိုက်ပျိုးခဲ့ကာ သကြားတန်ပေါင်း ၄ သိန်းခွဲကျော် ထုတ်လုပ်နိုင်ခဲ့ပါသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)