Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မျိုးစေ့ ထုတ်လုပ်ရေး သမဝါယမအသင်းများက မျိုးကောင်းမျိုးသန့် မျိုးစေ့များ ဖြန့်ဖြူးရောင်းချ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မျိုးစေ့ထုတ်လုပ်ရေး

သမဝါယမအသင်း ကိုးသင်း ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပြီး စပါး ၄၆၄ ဧက၊ မြေပဲ ၃၈ ဧက၊ ကုလားပဲ ၁၄၈ ဧက နှင့် နှမ်း ၆၃ ဧက စုစုပေါင်းမျိုးစေ့စိုက်ပျိုးဧက ၇၁၃ ဧက ဖြင့် မျိုးစေ့ထုတ်သီးနှံများ စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

 

၎င်းမျိုးစေ့စိုက်ပျိုးဧကများမှ ထွက်ရှိသော မျိုးစပါး ၁၇၇၆၂ တင်း၊ မြေပဲမျိုး တင်း ၇၂၀ ၊ ကုလားပဲမျိုး ၇၂၆ တင်း၊ နှမ်းမျိုး ၃၇၉ တင်းတို့အား သိုလှောင်ထားရှိပြီး သီးနှံမျိုးစေ့များကို အသင်းသားတောင်သူများနှင့် ပြည်သူများထံသို့ ဒေသပေါက်ဈေးနှုန်းဖြင့် ဆက်လက်ဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

MOI.GOV

Read times
Rate this item
(0 votes)