Fruits & Vegetables



မလေးရှားထိပ်တန်းဒူရင်းမျိုးကွဲ ဗီယက်နမ်တွင် ဈေးမရ

မလေးရှားထိပ်တန်းဒူရင်းမျိုးကွဲ  ဗီယက်နမ်တွင် ဈေးမရ

 

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL 

မူစံကင်း Musang King ဒူရင်းမျိုးကွဲ မူရင်းမူလမှာ မလေးရှား ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံးဟု ကျော်ကြားသည်။

 

ဗီယက်နမ်တွင် စိုက်ပျိုးသော မလေးရှားဒူရင်းသီး Musang King များ ဈေးကောင်းမရ ဈေးကျနေသည်။ တစ်ကီလိုဂရမ် ဒေါင် ၈ သောင်း($3.25) အထိ စံချိန်သစ်တင် ဈေးကျသည်။ 

ဈေးမရသည့် အဓိကအကြောင်းရင်းမှာ အရည်အသွေး နိမ့်ကျနေခြင်း ဖြစ်သည်။

 

ဗီယက်နမ်တောင်ပိုင်း Tien Giang ပြည်နယ်တွင် ခြံသမား Ha သည် မကြာသေးမီက မူစံကင်း Musang King ဒူရင်းပင် အပင်  ၂၀၀ ခုတ်လှဲပစ်ခဲ့သည်။ အခြားအပင် အစားထိုး စိုက်ပျိုးမည် ဖြစ်သည်။

မူစံကင်းကို ၆ နှစ်တိုင်တိုင် စိုက်ပျိုးခဲ့ရာ စုစုပေါင်း ဒေါင် ၆ ဘီလီယံ ($244,600) ဆုံးရှုံးခဲ့သည်။

 

“အခုရာသီမှာ တစ်ကီလိုဂရမ် ဒေါင် ၈၀,၀၀၀ နဲ့ ရောင်းရတယ်။တခြားမျိုးကွဲတွေထက် ဈေးနည်းတယ်” ဟု ၎င်းက ပြောသည်။

Dak Lak ပြည်နယ် အလယ်ပိုင်းကုန်းမြင့်ဒေသမှ တောင်သူတစ်ဦးဖြစ်သူ Mai က ယခင်နှစ်များက မူစံကင်းဒူးရင်းကို ကုန်သည်များက တစ်ကီလိုလျှင် ဒေါင် ၇ သိန်း ဖြင့် အပြိုင်ဝယ်ယူခဲ့ကြသော်လည်း ယခုနှစ်တွင် အနည်းငယ်သာ ဝယ်ယူခဲ့ကြောင်း ပြောကြားသည်။

 

မူစံကင်း ဒူရင်းသီးသည် ထိုင်းမှ မွံသောင် ဒူရင်းသီးနှင့် ယှဉ်လိုက်ပါက တဝက်သာ ရှိသည်။ မူစံကင်းက အရွယ်ငယ်သည်။ Mai က မူစံကင်းဒူရင်းကို ယခုနှစ်မှာ ရောင်းချသည့်အခါ ဈေးမရချေ။ မွံသောင်ဒူရင်းသီးထက် ဈေးနည်းနေပြီး တစ်ကီလိုဂရမ် ဒေါင် ၁ သိန်းသာ ရသည်။ 

 

ဗီယက်နမ်မှာ စိုက်ပျိုးထုတ်လုပ်သည့် မူစံကင်း ဒူရင်းသီးများသည် မလေးရှားထက် အရည်အသွေး နိမ့်ကျသည်။ အရသာမှာ ချိုအီလွန်းနေသဖြင့် လူကြိုက်နည်းသည်။

သို့ဖြစ်ရာ ထိုင်းမွံသောင် ဒူရင်းသီး၊ ဗီယက်နမ် Ri 6 ဒူရင်းသီးများကို လူပိုကြိုက်ကြသည်။

Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Tuesday, 24 October 2023 09:52
Rate this item
(0 votes)