Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မြစ်ဝကျွန်းပေါ်ရှိ ငရုတ်ဈေးနှုန်းများ ထက်ဝက်နီးပါးဈေးကျ

မြစ်ဝကျွန်းပေါ်ဒေသထွက်ငရုတ်အသစ်မျိုးစုံ ရန်ကုန်ငရုတ်ဈေးကွက်သို့ဝင်ရောက် နေဆဲ ယခုနှစ်လယ်ပိုင်း မတိုင်မီကာလတွင် ငရုတ်ဈေးနှုန်းများ သိသာစွာ ကျဆင်းနေသည်ဟု စိန်ပန်းလမ်း ငရုတ်မန်ကျည်းပွဲရုံလုပ်ငန်းလုပ်ကိုင်သူ ဦးလှဟန်ထံက သိရသည်။ 

 

ဇွန် ၆ ရက်တွင် ပြည်တွင်းစိုက် အိန္ဒိယမျိုးငရုတ်ရှည်လက်ကား တစ် ပိဿာငွေကျပ်၂၇၀၀၊ ရွှေလောင်း-အိမ်မဲ-ပန်းတနော် ငရုတ်ရှည်လက်ကား တစ်ပိဿာငွေကျပ်၂၄၀၀-၂၅၀၀၊ ဝါးခယ်မငရုတ်ရှည် ငွေကျပ် ၂၅၅၀ နှုန်းရှိသည်။


လေး အိမ်စုမိုးထောင်လက်ကား တစ်ပိဿာ ငွေကျပ် ၃၁၀၀၊ ရေလဲ မိုးထောင် ငွေကျပ် ၂၉၅၀၊ ဒီမိုမိုးထောင် ငွေကျပ်၂၉၅ဝနှုန်း ရှိနေသည်။ မြစ်ဝကျွန်းပေါ် ငရုတ်ပွလက်ကား တစ်ပိဿာ ငွေကျပ် ၄၂၀၀-၄၇၀၀၊ မြစ်ဝကျွန်းပေါ် စကငရုတ်ပွ ငွေကျပ် ၃၀၀၀-၃၃၀၀၊ ဆင်ဖြူကျွန်းငရုတ်ပွ ငွေကျပ် ၅၅၀၀၆၀၀၀ နှုန်းရှိသည်ဟု သိရသည်။

 

၂၀၁၉ နှစ်လယ်နောက်ပိုင်း ငရုတ်ဈေးနှုန်းမြင့်တက်ခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် အိန္ဒိယငရုတ်ရှည် လက်ကားတစ်ပိဿာ ငွေကျပ် ၆၇၀၀၊ အိန္ဒိယ မိုးထောင် ငွေကျပ်၇၀၀၀ ၊ ပြည်တွင်းမိုးထောင် ငွေကျပ် ၅၆၀၀၊ ရှမ်းငရုတ်ရှည် ငွေကျပ် ၄၈၀၀၊ စကငရုတ်ပွလက်ကားတစ်ပိဿာ ငွေကျပ် ၄၈၀၀ နှုန်းအထိ ရှိခဲ့၍ ငရုတ်လှောင် သမားအများစုအကျိုးအမြတ်များရခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် မြစ်ဝကျွန်းပေါ်ဒေသထွက်ငရုတ်မျိုးစုံသည် ယခင်နှစ်ကာလ တူထက် ဈေးနှုန်းထက်ဝက်နီးပါးဈေး နိမ့်နေ၍ ရန်ကုန်ဈေးကွက်ရှိငရုတ်ကုန် သည်များ ဝယ်ယူသိုလှောင်မှုများသော်လည်း ငရုတ်စိမ်း ပြည်ပသို့ တင်ပို့ခြင်း မရှိ၍ ငရုတ်ဈေးနိမ့်နေခြင်းဖြစ်ကြောင်း ရန်ကုန်ငရုတ်ဈေးကွက်မှ သိရသည်။

 

Myanma Alinn

Read times Last modified on Tuesday, 09 June 2020 02:11
Rate this item
(0 votes)