Fruits & Vegetables



မန္တလေးဈေးကွက် စိုက်ပျိုးရေးထုတ်ကုန် ဈေးနှုန်းအခြေအနေများ

မန္တလေးဈေးကွက် ပဲအမျိုးမျိုး အပါအဝင်  စိုက်ပျိုးရေးထုတ်ကုန် ဈေးနှုန်းအခြေအနေများ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

၂၈.၂.၂၀၂၄ တွင် ကောက်ယူသော ဈေးနှုန်းများဖြစ်ပါသည်။

.

ဆန်ဈေးကွက်အခြေအနေ

 

မန္တလေးဆန်ပွဲရုံများတွင် ဆန်ဈေးနှုန်းအနေဖြင့် ရန်ကုန်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း တို့မှာ အဝင်နည်းသော်လည်း မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့် အဝေးတင်ပို့ရမှုနည်းသော်လည်း ရန်ကုန် ပေါ်ဆန်းတစ်အိတ် ၁၃၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၅၅၀၀၀ ကျပ် ဖြင့် ဈေးတည် ငြိမ်နေ သည်။

,

မနောသုခဆန်မှာ စတင်စိုက်ပျိုးရန် ပြင်ဆင်ချိန်ဖြစ်ခြင်း၊ လက်ကျန်နည်းသွားခြင်း၊ မြို့တွင်း သုံးဝယ်ယူမှုသာရှိပြီး အဝေးတင်ပို့ရမှုမရှိခြင်းကြောင့် တစ်အိတ် ၉၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ် နေသည်။

 .        

ငစိန်ဆန်နှင့် ဇီယာဆန်မှာ လက်ကျန်နည်းခြင်းကြောင့် ပင်ရင်းဈေး မသိမသာမြင့်ခြင်း၊ မြို့တွင်းစားသုံးရန် ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၉၀၀၀၀ ကျပ် မှ ၉၅၀၀၀ ကျပ်သို့ ဈေး မသိမသာမြင့်သွားပြီး၊ ငစိန်ဆန်မှာ အဝင်နည်းသော်လည်း၊ မုန့်လုပ်ငန်းသမားများ အဝယ်နည်းခြင်း ကြောင့် တစ်အိတ် ၇၉၀၀၀ ကျပ် မှ ၇၈၀၀၀ ကျပ် သို့ ဈေးမသိမသာနိမ့်သွားသည်။

.         

ဧရာမင်းဆန်မှာ အဝင်နည်းသွားသော်လည်း အဝေးတင်ပို့ရမှုမရှိခြင်း မြို့တွင်းသုံးဝယ်ယူ မှုသာ ရှိခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၁၃၅၀၀၀ ကျပ် မှ ၁၄၅၀၀၀ ကျပ်ဖြင့် ဈေးတည် ငြိမ်နေသည်။

ဆီထွက်သီးနှံ ဈေးကွက်အခြေအနေ

         

မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆံ/ဆီဆံ) ဈေးနှုန်းမှာ မြင်းမူ လုံးဆံသစ်များ၊ အရည်အသွေးပေါ်မူတည်၍ ၁၀၀ ပိဿာ ၇၂၀၀၀၀ ကျပ် မှ ၇၄၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေပြီး ကသာထီးချိုင့် လက်ကျန်အဟောင်း များမှာ အရည်အသွေးပေါ်မူတည်၍ ၁၀၀ပိဿာ ၈၃၀၀၀၀ ကျပ် မှ ၈၇၀၀၀၀ ကျပ် ဖြင့် လုပ်ငန်းသမားများ အဝယ်ပုံမှန်ရှိသည်။ 

.

မြေပဲ (ဆီဆံ) မှာ ဆောင်းမြေပဲဝင်ချိန်နီးခြင်းကြောင့် ဆီစက်သမား အဝယ်ပုံမှန်ရှိသော် လည်း အရည်အသွေးအကောင်းဆုံး ဆီဆံ ၁၀၀ပိဿာ ၇၈၀၀၀၀ ကျပ် မှ ၇၆၀၀၀၀ ကျပ် သို့ ဈေး မသိမသာနိမ့်သွားသည်။

.

နှမ်းမျိုးစုံဈေးနှုန်းများအနက် နှမ်းဖြူမှာ ဆောင်းနှမ်းအဝင်နည်းသွားခြင်း၊ နွေနှမ်းစိုက်ချိန်နီး ခြင်းရှိသော်လည်း တရုတ်ဝယ်လက်နည်းခြင်း၊ လုပ်ငန်းသုံးသမား အဝယ်သာရှိခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ အကောင်းဆုံး ၄၅ပိဿာ ၄၀၀၀၀၀ ကျပ် အညံ့ဆုံး ၃၆၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ 

.        

နှမ်းညိုမှာ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်း၊ နှမ်းနီ၊ ဝါများလည်း ဝင်ရောက် မှုရှိခြင်းကြောင့် ၄၅ပိဿာ ၃၁၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ 

.

နှမ်းနက်(စမုံ)မှာ ဆောင်းနှမ်းအဝင်နည်းခြင်း၊ နွေနှမ်းစိုက်ရန် ပြင်ဆင်ချိန်ဖြစ်ခြင်းကြောင့် အရည်အသွေးအကောင်းဆုံး  ၄၁၀၀၀၀ ကျပ်မှ ၄၂၀၀၀၀ ကျပ်သို့ဈေးမြင့်သွားသည်။ နှမ်းဝါ ၃၂၀၀၀၀ ကျပ်၊ နှမ်းနီ ၃၃၀၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်အေးနေသည်။

.    

ပန်းနှမ်းဈေးနှုန်းအနေဖြင့် စတင်ဝင်ရောက်စကာလဖြစ်ခြင်း၊ အရောင်းအဝယ်အေးခြင်း ကြောင့် ၄၅ ပိဿာ ၂၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နေကြာဈေးနှုန်းမှာ ဆောင်းနေကြာ ဝင်ရောက်မှုရှိခြင်း၊ ဆီစက်သမားပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် ၂၇ ပိဿာ ၁၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

စာဖိုးဆောင်သီးနှံဈေးကွက်အခြေအနေ

    

မန္တလေးကိုင်းတန်းဈေး ကြက်သွန်ပွဲရုံများတွင် မြစ်သားကြက်သွန်နီများ ဝင်ရောက်ချိန်ဖြစ် ခြင်၊ အဝေးတင်ပို့ရမှုနည်းသော်လည်း အဝင်နည်းသွားခြင်းကြောင့် ကြက်သွန်နီ (ကြီး) တစ်ပိဿာ ၂၈၀၀ ကျပ်မှ ၃၃၀၀ ကျပ်၊ လတ်တစ်ပိဿာ ၂၃၀၀ ကျပ်မှ ၃၀၀၀ ကျပ်၊ သေးတစ်ပိဿာ ၂၀၀၀ ကျပ်မှ ၂၇၀၀ ကျပ်သို့ဈေးမြင့်သွားသည်။

.

ကြက်သွန်ဖြူ(တရုတ်)မှာ နယ်ဝေးအမှာများတင်ပို့ရမှု နည်းသော်လည်း အဝင်နည်းခြင်း၊ မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၉၀၀၀ ကျပ်မှ ၉၇၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ 

.

ကြက်သွန်ဖြူ(မြန်မာ)မှာ ရွှေဘိုဒေသရွှေပန်းကုံးဘက်မှ အဝင်ရှိခြင်း၊ အဝင်များလာခြင်း၊ နယ်ဝေး တင်ပို့ရမှုမရှိသေးဘဲ မြို့တွင်းသုံးသာရှိခြင်းကြောင့် အရည်အသွေးအညံ့ဆုံးတစ်ပိဿာ ၈၀၀၀ ကျပ်မှ အကောင်းဆုံး ၁၂၀၀၀ ကျပ်ဖြင့် ရောင်းဝယ်မှုရှိသည်။

.    

အာလူးဈေးနှုန်းအနေဖြင့် တရုတ်အာလူးများသာ အဝင်များပြီး အဝင်ပုံမှန် စားသုံးမှုပုံမှန် ရှိခြင်းကြောင့် တစ်ပိဿာ ၂၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.    

ချင်းဈေးနှုန်းအနေဖြင့် အောင်ပန်း၊ ပြင်ဦးလွင်တို့မှ ဝင်ရောက်ပြီး အဝင်ပုံမှန်၊ မြို့တွင်းသုံး ဝယ်ယူမှုပုံမှန်ဖြစ်၍ အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၃၅၀၀ မှ ၄၀၀၀ ကျပ် ဈေးနှုန်းဖြင့် ရောင်းဝယ်နေသည်။ 

 

ပဲမျိုးစုံဈေးကွက်အခြေအနေ

    

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံတို့အနက် မတ်ပဲဈေးနှုန်းမှာ အဝင်နည်းသော်လည်း ရန်ကုန်ဝယ်လက် အဝယ်နည်းခြင်း၊ ပဲခွဲစက်များ အဝယ်နည်းခြင်း အရည် အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် အရည်အသွေးအညံ့ဆုံး ၃တင်းတစ်အိတ် ၂၁၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး အကောင်းဆုံးမှာ ၂၈၈၀၀၀ ကျပ်မှ ၂၇၀၀၀၀ ကျပ်သို့ဈေးနိမ့်သွားသည်။

.    

ပဲတီစိမ်း(အညာ)မှာ အဝင်ပုံမှန် တရုတ်ဝယ်လက်နှင့် ပဲခွဲစက်များ အဝယ်ပုံမှန် ရှိခြင်းတို့ကြောင့် အရည်အသွေးအကောင်းဆုံး ၁၈၅၀၀၀ ကျပ် အညံ့ဆုံး ၁၅၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အမျိုးမျိုးဖြင့် ရောင်းချမှုရှိသည်။

.   

ပဲစဉ်းငုံ (ဖြူ/နီ) ဈေးနှုန်းအနေဖြင့် အသစ်ဝင်ချိန် ဖြစ်သော်လည်း အဝင်နည်းသေးခြင်း၊ လှောင်သမား ထုတ်ရောင်းမှုရှိခြင်းကြောင့် ပဲစဉ်းငုံ(ဖြူ) ၃တင်းတစ်အိတ် ၃၂၉၀၀၀ ကျပ်ဖြင့် ရောင်းချမှုရှိပြီး ပဲစဉ်းငုံ(နီ)မှာ ရန်ကုန်ဝယ်လက်အဝယ်နည်းခြင်းကြောင့် ၃၇၇၀၀၀ ကျပ်မှ ၃၅၀၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။

.

ပဲပုတ် (ရှမ်း/မြန်မာ)တို့မှာ ပဲပုတ် (ရှမ်း)မှာ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်း၊ အသစ် ဝင်ရောက်မှု ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၁၆၅၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပြီး၊ ပဲပုတ် (မြန်မာ)မှာ အသစ်ဝင်ရောက်မှုရှိသော်လည်း လုပ်ငန်းသမားအဝယ်များခြင်း၊ လှောင်လက်ဝယ် ယူမှုရှိခြင်းကြောင့် ယခင်အပတ် ၁၅၅၀၀၀ ကျပ်မှ ယခုအပတ် ၁၆၀၀၀၀ ကျပ်သို့ ဈေးမြင့်သွား သည်။

.   

ကုလားပဲဈေးနှုန်းများ အနေဖြင့် ကုလားပဲ (ကုဖြူကြီး) မှာ အသစ်အဝင်များလာခြင်းကြောင့် ပဲကြော်/လှော် လုပ်ငန်းသမား အဝယ်ပုံမှန်ရှိသော်လည်း ယခင်အပတ် ၃တင်းတစ်အိတ် ၂၇၀၀၀၀ ကျပ်မှ ၂၄၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ ကုလားပဲ(လုံးဝါကြီး)မှာ အသစ်ဝင်များလာခြင်း ကြောင့် ပဲခွဲစက်များ ပုံမှန်ဝယ်ယူမှု ရှိသော်လည်း ၃တင်းတစ်အိတ် ၂၆၅၀၀၀ ကျပ် မှ ၂၃၀၀၀၀ ကျပ်သို့ဈေး နိမ့်သွားသည်။ 

.

ကုလားပဲ (ခွဲခြမ်း) မှာ လုံးဝါကြီး ဈေးနိမ့်သဖြင့် အနိမ့်ဈေးဖြင့် ဝယ်ယူကြိတ်ခွဲရသဖြင့် တစ်ပိသာ ၆၅၀၀ ကျပ်မှ ၆၃၅၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ပဲယင်း၊ စားတော်ပဲ(ကျွန်း)၊ မြေတောက်ပဲဈေးနှုန်းများမှာ ပဲယင်းဈေးနှုန်းမှာ အသစ်ဝင် ရောက်သော်လည်း အဝင်နည်းသေးခြင်း၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်း တစ်အိတ် ၁၆၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မြေတောက်ပဲမှာ ပဲကြော်/လှော်သမား အဝယ်ပုံမှန်ဖြစ်သော်လည်း အသစ်ဝင်များလာခြင်းကြောင့် ၃တင်းတစ်အိတ် ၃၇၀၀၀၀ ကျပ်မှ ၃၅၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ 

.

စားတော်ပဲ(ကျွန်း)မှာ အသစ်ဝင်များလားခြင်း၊ လက်လီသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၃၄၀၀၀၀ ကျပ်မှ ၃၁၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

.

ပဲလွန်းဖြူ/ပြာတို့မှာ အသစ်စတင်ဝင်ရောက်မှုရှိခြင်း လက်လီသမား ဝယ်ယူမှုသာ ရှိခြင်းတို့ ကြောင့် ပဲလွန်းဖြူ ၃တင်းတစ်အိတ် ၂၃၀၀၀၀ ကျပ်မှ ၂၀၃၀၀၀ ကျပ်၊ ပဲလွန်းပြာ ၁၉၃၀၀၀ ကျပ်မှ ၁၈၅၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။

.   

ပဲကြီး(ကြီး/သေး) ထောပတ်ပဲ (ကြီး/သေး) တို့မှာ အသစ်စတင်ဝင်ရောက်မှုရှိခြင်းကြောင့် ပဲကြီး(ကြီး) ၃တင်းတစ်အိတ် ၃၀၀၀၀၀ ကျပ် ဈေးရှိပြီး ပဲကြီး(သေး) မှာ အသစ်အဝင်နည်း ခြင်းကြောင့် လက်ကျန် ၃၅၀၀၀၀ ကျပ်မှ ပဲကြီး(သေး) ၃၃၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ 

.

ထောပတ်ပဲ (ကြီး/သေး) ဈေးနှုန်းအနေဖြင့် အသစ်များစတင်ဝင်ရောက်မှုရှိခြင်း လုပ်ငန်းသမား၊ လက်လီသမား ပုံမှန် ဝယ်ယူမှုသာရှိခြင်းကြောင့် ထောပတ်ပဲ(ကြီး) ၃တင်းတစ်အိတ် ၄၈၀၀၀၀ကျပ် မှ ၄၂၀၀၀၀ ကျပ်၊ ထောပတ်ပဲ(သေး) ၄၅၀၀၀၀ကျပ် မှ ၃၈၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။

 

ဂျုံနှင့် အစေ့ထုတ်ပြောင်းဈေးကွက်အခြေအနေ

   

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဂျုံဈေးနှုန်းအနေဖြင့် ငါန်းဇွန်၊ မြို့သာ၊ မုံရွာ၊ ဘုတလင်၊ ဆားတောင်၊ ရွှေဘိုဂျုံများမှာ အဝင်ပုံမှန်ဂျုံစက်များ ဝယ်ယူမှုပုံမှန်ရှိခြင်း ကြောင့် ၃တင်း တစ်အိတ် ၁၈၅၀၀၀ကျပ်၊ ကလေးဂျုံ တစ်အိတ် ၁၈၀၀၀၀ကျပ်၊ ရှမ်းဂျုံတစ်အိတ် အရည် အသွေးပေါ်မှုတည်၍ ၁၆၀၀၀၀ကျပ် မှ ၁၇၀၀၀၀ကျပ်၊ ကြူကုတ်ဂျုံတစ်အိတ် ၁၆၀၀၀၀ကျပ် မှ ၁၆၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ 

.

ဩစတျေးလျဂျုံမှုန့်မှာ အဝင်ပုံမှန်၊ ဂျုံစက်များပုံမှန် ဝယ်ယူမှု ရှိခြင်းကြောင့် တစ်ပိဿာ ၃၃၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.    

အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ ဆောင်းပြောင်းများ စတင်ဝင်ရောက်ချိန်ဖြစ်ခြင်း၊ အစာစပ် သမား အဝယ်သာရှိခြင်း၊ အဝင်များခြင်းကြေင့် ၃တင်းတစ်အိတ် ၅၃၀၀၀ကျပ် မှ ၅၂၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။

Source Market Information Service- DOP- MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Friday, 01 March 2024 17:23
Rate this item
(0 votes)