Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ငရုတ်စိုက်ခင်းတွင် ယခင်နှစ်ထက်ငရုတ်သီးစိမ်းဈေးကျဆင်း

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာတွင် စားဖိုချောင်သီးနှံများဖြစ်သော

ာ ကြက်သွန် ၊ ခရမ်းသီး ၊ ကန်စွန်းရွက် ၊ ပန်းမုံလာ ၊ ဂေါ်ဖီထုပ် ၊ ချဉ်ပေါင်ရွက်စသည်တို့အနက်မှ ငရုတ်စိုက်တောင်သူများ ငရုတ်သီးဈေးကောင်းရရှိသဖြင့် အဓိကစိုက်ပျိုးကြောင်းသိရသည် ။

ငရုတ်ကို နိုဝင်ဘာလတွင် စတင်ပျိုးထောင်ရပါကြောင်း ၊ ပျိုးထောင်ပြီး ဒီဇင်ဘာလကုန်ပိုင်းတွင် မိမိတို့ စိုက်ပျိုးမည့် မြေနေရာသို့ ပြောင်းရွေ့စိုက်ပျိုးရပါကြောင်း ၊ ငရုတ်စိုက်ပျိုးစရိတ်အတွက် မြေတစ်ဧကို ငွေကျပ်(၃)သိန်းလောက်ကုန်ကျပါကြောင်း ငရုတ်ပြောင်းရွေ့စိုက်ပျိုးသည့်ရက်အပါဝင် နှစ်လကျော်ကျော်(သို့မဟုတ်)ဖေဖော်ဝါရီလထဲတွင် ငရုတ်သီးစိမ်းစတင်ခူးဆွတ်ရပါကြောင်း ၊ မိမိတို့ စိုက်ပျိုးသည့် ငရုတ်မျိုးများသည် ဒေသမျိုးမစိုက်ပျိုးဘဲ နိုင်ငံရပ်ခြားမျိုးများကိုသာ အဓိကစိုက်ပျိုး ခြင်းကြောင့် နှစ်လအတွင်း ခူးဆွတ်ရပါကြောင်း ၊ ငရုတ်စတင်ခူးဆွတ်ချိန်တွင် အထွက်နည်းပါကြောင်း ၊ ငရုတ်သီးများကို (၁၅)ရက်တစ်ကြိမ်တွင် တစ်ဧက ငရုတ်ပိဿာချိန် (၁၅၀၀)ရရှိပါကြောင်း ၊ စတင်ခူးဆွတ်သည့် အချိန်မှ ဩဂုတ်လအထိ ခူးဆွတ်ရပါကြောင်း ၊ ငရုတ်စားသုံးသူများပြား လာသည့်အတွက် ယခုလက်ရှိ ငရုတ်သီး၏ တစ်ပိဿာဈေးနှုန်းမှာ ငွေကျပ်(၁၅၀၀)ရရှိပြီး ဖောက်သည်များက အိမ်အရောက်လာဝယ်ယူသော်လည်း
ယခင်နှစ်ထက်ငရုတ်သီးစျေးကျဆင်းကြောင်းယခင်နှစ်တွင်
တစ်ပိဿာကို ငွေကျပ်(၂၀၀၀ မှ ၂၅၀၀) အထိဈေးရရှိခဲ့ပါကြောင်း ငရုတ်စိုက်ပျိုးခြင်းကြောင့် မိသားစု စားဝတ်နေရေး တစ်ဘက်တစ်လမ်းမှ အထောက်ပြုပါကြောင်းငရုတ်စိုက်
တောင်သူ ဦးနေဇော်အောင်၏ ပြောပြချက်များအရသိရသည် ။
ငရုတ်စိုက်တောင်သူများသည် နိုင်ငံရပ်ခြားငရုတ်မျိုးများဖြစ်သော သာမို၁၁ ၊ ရွှေကိုးလေးလုံ ၊ ပန်ကျောက်စိမ်းနှင့် အခြားဒေသမျိုးများကို အဓိကစိုက်ပျိုးကြသည် ။ ငရုတ်ခူးဆွတ်ပြီးသည့် အချိန်တွင် အခြားသီးနှံများကိုလည်း ဆက်လက်စိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးဝါသနာပါသူများအနေဖြင့် မိမိတို့အိမ်ဝိုင်းအတွင်း ငရုတ်ကို အနည်းဆုံး
(၁၀)ပင်လောက်စိုက်ထားရင် အိမ်တွင်းမီးဖိုချောင်အတွက် တစ်ဘက်တစ်လမ်းမှ ကုန်ကျစရိတ်သက်သာကြောင်း သိရှိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)

င႐ုတ္စိုက္ခင္းတြင္ ယခင္ႏွစ္ထက္င႐ုတ္သီးစိမ္းေဈးက်ဆင္း

ေက်ာက္ဆည္ခ႐ိုင္ တံတားဦးၿမိဳ႕နယ္ ဇီးပင္ေကြ႕ေက်း႐ြာတြင္ စားဖိုေခ်ာင္သီးႏွံမ်ားျဖစ္ေသာ ၾကက္သြန္ ၊ ခရမ္းသီး ၊ ကန္စြန္း႐ြက္ ၊ ပန္းမုံလာ ၊ ေဂၚဖီထုပ္ ၊ ခ်ဥ္ေပါင္႐ြက္စသည္တို႔အနက္မွ င႐ုတ္စိုက္ေတာင္သူမ်ား င႐ုတ္သီးေဈးေကာင္းရရွိသျဖင့္ အဓိကစိုက္ပ်ိဳးေၾကာင္းသိရသည္ ။
င႐ုတ္ကို ႏိုဝင္ဘာလတြင္ စတင္ပ်ိဳးေထာင္ရပါေၾကာင္း ၊ ပ်ိဳးေထာင္ၿပီး ဒီဇင္ဘာလကုန္ပိုင္းတြင္ မိမိတို႔ စိုက္ပ်ိဳးမည့္ ေျမေနရာသို႔ ေျပာင္းေ႐ြ႕စိုက္ပ်ိဳးရပါေၾကာင္း ၊ င႐ုတ္စိုက္ပ်ိဳးစရိတ္အတြက္ ေျမတစ္ဧကို ေငြက်ပ္(၃)သိန္းေလာက္ကုန္က်ပါေၾကာင္း င႐ုတ္ေျပာင္းေ႐ြ႕စိုက္ပ်ိဳးသည့္ရက္အပါဝင္ ႏွစ္လေက်ာ္ေက်ာ္(သို႔မဟုတ္)ေဖေဖာ္ဝါရီလထဲတြင္ င႐ုတ္သီးစိမ္းစတင္ခူးဆြတ္ရပါေၾကာင္း ၊ မိမိတို႔ စိုက္ပ်ိဳးသည့္ င႐ုတ္မ်ိဳးမ်ားသည္ ေဒသမ်ိဳးမစိုက္ပ်ိဳးဘဲ ႏိုင္ငံရပ္ျခားမ်ိဳးမ်ားကိုသာ အဓိကစိုက္ပ်ိဳး ျခင္းေၾကာင့္ ႏွစ္လအတြင္း ခူးဆြတ္ရပါေၾကာင္း ၊ င႐ုတ္စတင္ခူးဆြတ္ခ်ိန္တြင္ အထြက္နည္းပါေၾကာင္း ၊ င႐ုတ္သီးမ်ားကို (၁၅)ရက္တစ္ႀကိမ္တြင္ တစ္ဧက င႐ုတ္ပိႆာခ်ိန္ (၁၅၀၀)ရရွိပါေၾကာင္း ၊ စတင္ခူးဆြတ္သည့္ အခ်ိန္မွ ဩဂုတ္လအထိ ခူးဆြတ္ရပါေၾကာင္း ၊ င႐ုတ္စားသုံးသူမ်ားျပား လာသည့္အတြက္ ယခုလက္ရွိ င႐ုတ္သီး၏ တစ္ပိႆာေဈးႏႈန္းမွာ ေငြက်ပ္(၁၅၀၀)ရရွိၿပီး ေဖာက္သည္မ်ားက အိမ္အေရာက္လာဝယ္ယူေသာ္လည္း
ယခင္ႏွစ္ထက္င႐ုတ္သီးေစ်းက်ဆင္းေၾကာင္းယခင္ႏွစ္တြင္
တစ္ပိႆာကို ေငြက်ပ္(၂၀၀၀ မွ ၂၅၀၀) အထိေဈးရရွိခဲ့ပါေၾကာင္း င႐ုတ္စိုက္ပ်ိဳးျခင္းေၾကာင့္ မိသားစု စားဝတ္ေနေရး တစ္ဘက္တစ္လမ္းမွ အေထာက္ျပဳပါေၾကာင္းင႐ုတ္စိုက္
ေတာင္သူ ဦးေနေဇာ္ေအာင္၏ ေျပာျပခ်က္မ်ားအရသိရသည္ ။
င႐ုတ္စိုက္ေတာင္သူမ်ားသည္ ႏိုင္ငံရပ္ျခားင႐ုတ္မ်ိဳးမ်ားျဖစ္ေသာ သာမို၁၁ ၊ ေ႐ႊကိုးေလးလုံ ၊ ပန္ေက်ာက္စိမ္းႏွင့္ အျခားေဒသမ်ိဳးမ်ားကို အဓိကစိုက္ပ်ိဳးၾကသည္ ။ င႐ုတ္ခူးဆြတ္ၿပီးသည့္ အခ်ိန္တြင္ အျခားသီးႏွံမ်ားကိုလည္း ဆက္လက္စိုက္ပ်ိဳးၾကေၾကာင္း စိုက္ပ်ိဳးေရးဝါသနာပါသူမ်ားအေနျဖင့္ မိမိတို႔အိမ္ဝိုင္းအတြင္း င႐ုတ္ကို အနည္းဆုံး
(၁၀)ပင္ေလာက္စိုက္ထားရင္ အိမ္တြင္းမီးဖိုေခ်ာင္အတြက္ တစ္ဘက္တစ္လမ္းမွ ကုန္က်စရိတ္သက္သာေၾကာင္း သိရွိရသည္ ။
ရဲတင့္(တံတားဦး-ျပန္/ဆက္

 

Read times
Rate this item
(0 votes)