Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဇူလိုင်လတွင် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း တွေ့ရ

ဇူလိုင်လတွင် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း တွေ့ရ Google

၂၀၂၀ခုနှစ်က ကမ္ဘာကြီးရဲ့ လူတို့အတွက် ခက်ခဲတဲ့ အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ တကျော့ပြန် ကိုဗစ်ရဲ့ ခြိမ်းခြောက်မှုကြောင့် စားနပ်ရိက္ခာဈေးနှုန်းတွေက မတည်မငြိမ်ဖြစ်ပေါ်နေပါတယ်။

 

ဟင်းသီးဟင်းရွက်ဆီနှင့် နို့ထွက်ပစ္စည်းတွေက မြင့်တက်စေခဲ့ပြီး အသားနှင့်ဆန်ဈေးနှုန်းကတော့ ကျဆင်းလျက်ရှိကြောင်း FAO(Food and Agriculture Organization)ရဲ့ စားနပ်ရိက္ခာဈေးနှုန်းအညွှန်းအရ သိရပါတယ်။

 

ဟင်းသီးဟင်းရွက်ဆီနှင့် နို့ထွက်ပစ္စည်းတွေက ကမ္ဘာ့အစားအစာ ဈေးကွက်မှာ ဇူလိုင်လအတွင်း ဈေးနှုန်းတွေ ဆက်တိုက် မြင့်တက်နေကြောင်း အစားအသောက်ဆိုင်ရာကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

FAO(Food and Agriculture Organization)ရဲ့ စားနပ်ရိက္ခာဈေးနှုန်းအညွှန်းအရ ဇူလိုင်လမှာ ပျှမ်းမျှ ၉၄.၂မှတ်ရှိပြီး ဇွန်လမှာတင် ၁.၂ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ၎င်းမြင့်တက်မှုက ၂၀၁၉ ဇူလိုင်လ အညွှန်းထက် ၁ရာခိုင်နှုန်း မြင့်တက်နေတယ်လို့ အစားအစာကုန်စည်နိုင်ငံတကာစျေးနှုန်းတွေအရ သိရပါတယ်။

 

FAO(Food and Agriculture Organization)ရဲ့ ဟင်းသီးဟင်းရွက်ဆီဈေးနှုန်း အညွှန်းဟာ ဇွန်လကတည်းက ၇.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ငါးလဆက်တိုက်မြင့်တက်နိုင်ပါတယ်။ နိုင်ငံတကာ ဆီဈေးနှုန်းတက်ရတဲ့ အဓိက အကြောင်းရင်းက စားအုန်းဆီထုတ်လုပ်မှုနှေးကွေးခြင်း၊ ကမ္ဘာလုံးဆိုင်ရာသွင်းကုန် ၀ယ်လိုအားကျဆင်းနေခြင်း၊ ကူးစက်ရောဂါသက်ရောက်မှုရှိခြင်းနှင့် ရွှေ့ပြောင်းအလုပ်သမားများအခက်အခဲတွေကြောင့် ဖြစ်ပါတယ်။

 

ဇူလိုင်လထဲမှာပဲ FAO(Food and Agriculture Organization)ရဲ့ နို့မှုန့် ဈေးနှုန်းအညွှန်း အရ ထောပတ်နှင့် ဒိန်ခဲမှနို့မှုန့်များအထိ ထုတ်ကုန်အားလုံးသည် ၃.၅ ရာခိုင်နှုန်းမြင့်တက်လာပါတယ်။

 

FAO(Food and Agriculture Organization)ရဲ့ ကောက်ပဲသီးနှံဈေးနှုန်း အညွှန်းဟာ ဇွန်လမှပြောင်းလဲမှုမရှိသလောက် တည်ငြိမ်ခဲ့ပါတယ်။ ပြောင်းနှင့် sorgum စျေးနှုန်းတွေကတော့ သိသိသာသာ မြင့်တက်လျက်ရှိပြီး တရုတ်နိုင်ငံမှ အမေရိကန်ပြည်ထောင်စုရဲ့ အများအပြား၀ယ်ယူမှုတွေကြောင့် ဆန်ဈေးနှုန်းတွေ ကျဆင်းသွားပါတယ်။ ကုန်သွယ်ရေးနှေးကွေးမှုကြောင့် ဂျုံဈေးနှုန်းဟာ အနည်းငယ်ပြောင်းလဲမှုတွေ ရှိနေပါတယ်။

 

FAO(Food and Agriculture Organization)ရဲ့သကြားဈေးနှုန်း အညွှန်းကလည်း ၁.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ဘရာဇီးမှာ သကြားထုတ်လုပ်မှု အလွန်အမင်းကျဆင်းနေရတာက စွမ်းအင် စျေးနှုန်းမြင့်တက်မှုကြောင့်ဖြစ်ပြီး ထိုင်းနိုင်ငံကတော့ မိုးခေါင်မှုများကြောင့် သကြားထုတ်လုပ်မှု နိမ့်ကျနေရခြင်းဖြစ်ပါတယ်။

 

FAO(Food and Agriculture Organization)ရဲ့အသားဈေးနှုန်း အညွှန်းအရ ဇူလိုင်လမှာ ၁.၈ ရာခိုင်နှုန်း ကျဆင်းမှုက ၂၀၁၉ ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ၉.၂ ရာခိုင်နှုန်းကျဆင်းနေပါတယ်။ ဝက်နှင့် ကျွဲနွားတိရစ္ဆာန်(အမဲသား)အသားဈေးနှုန်းတွေဟာလည်း အသီးသီး ကျဆင်းလျက်ရှိပါတယ်။

 

coronavirus ကြောင့် အဓိကပို့ကုန်ဒေသတွေရဲ့ စက်မှုလုပ်ငန်းများထိခိုက်ပြီး ထုတ်ကုန်ကျဆင်းမှုကြောင့် ကမ္ဘာ့တင်သွင်းမှုရဲ့ ၀ယ်လိုအားပမာဏက ကျဆင်းနေရခြင်းဖြစ်ပါတယ်။

 

၎င်းအခက်ခဲတွေကြောင့် ဘရာဇီးမှာ ထုတ်လုပ်မှုကျဆင်းလာကာ အသားစျေးနှုန်းများမြင့်တက်ခဲ့ပြီး အစားအစာ ဈေးနှုန်းမြင့်မားခြင်းနှင့် ရေရှည်မှာ ဝယ်လိုအားအပေါ် စိုးရိမ်ပူပန်မှုတွေ ဖြစ်နေပါတယ်။

 

FAO(Food and Agriculture Organization)ရဲ့ စားနပ်ရိက္ခာစျေးနှုန်း အညွှန်းဟာ 2020 ခုနှစ် ဇူလိုင်လအထိ ကမ္ဘာ့အစားအစားစျေးနှုန်းတွေကို အခြေခံပြီး ကျယ်ကျယ်ပြန့်ပြန့် တွက်ချက်ထားတာဖြစ်ပါတယ်။

 

Written By Omega

 

Source:Reliefweb

Read times
Rate this item
(1 Vote)