Fruits & Vegetables
ပဲပုပ်ရောင်းအားကောင်း၍ ပဲပုပ်ရောင်းချသူများအဆင်ပြေ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ပဲပုပ်ရောင်းအား ကောင်းပြီး
စျေးကောင်းလည်းရနေသောကြောင့် ယခုအခါ ပဲပုပ်စိုက်တောင်သူနှင့် ပဲပုပ်ပြုလုပ် ရောင်းချသူများ မိသားစုဝင်ငွေ အဆင်ပြေနေကြကြောင်း ပဲပုပ်ပြုလုပ် ရောင်းချသူ တစ်ဦးထံမှ သိရသည်။
“ပဲပုပ်ကို မနှစ်က အနည်းငယ်သာစိုက်ပျိုးပြီး အခုစျေးကောင်းလည်းရနေတာကြောင့် ဒီနှစ် များများ တိုးချဲ့စိုက်ပျိုးနေပါတယ်”ဟု ပဲပုပ်စိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတိပြုလိုက်နာရန် အချက်များနှင့်အညီ အနယ်နယ်အရပ်ရပ်က ဘုရားဖူးဧည့်သည်များ၊ ထပ်လုံ၊ ရွှေညောင်ပင်၊ ဈာန်ရကို ရင်ကြီးတောရကျောင်း စသည့် တန်ခိုးကြီးဘုရား လာရောက်ဖူးမြော်သူများ ရှိနေပြီး အပြန်လက်ဆောင်အဖြစ် မိုင်းယောင်းပဲပုပ်ကို ဝယ်ယူကြကြောင်း သိရသည်။
ပဲပုပ်အစို၊ ပဲပုပ်အခြောက်၊ ပဲပုပ်အစေ့များအား မိမိကြိုက်နှစ်သက်သလို အလွယ်တကူ အမျိုးမျိုး ပြုလုပ်စားသုံးနိုင်သည့် မိုင်းယောင်းဒေသထွက် ပဲပုပ်ကို လူအများက ခံတွင်း တွေ့နေကြပြီး အဝေးရောက် ရွှေမိုင်းယောင်းသားများကလည်း အထူးမှာယူနေမှုများ ရှိနေ ကာ တစ်နေ့ထက်တစ်နေ့ ပဲပုပ်ရောင်းအားကောင်းနေကြောင်း သိရသည်။
MDN