Fruits & Vegetables
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ကြေညာချက်
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အထူးအစည်းအဝေး၊ ရွေးချယ်တင်မြှောက်ပွဲနှင့် နှစ်ပတ်လည်
အသင်းသားစုံညီ အစည်းအဝေးများ ကျင်းပမည့်ရက် ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကြေညာခြင်း
၁။ မြန်မာ နိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ ၂၀၂၀-၂၀၂၃ ခုနှစ် အမှုဆောင် သက်တမ်း အတွက် အလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အသစ်များရွေးချယ်ပွဲကို ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သွာမည်ဖြစ်ကြောင်း ၁၀-၈-၂ဝ၂ဝ ရက်နေ့နှင့် ၁၃-၈-၂၀၂၀ ရက်နေ့ တို့တွင် စတင်ထုတ်ပြန်ခဲ့ပါသည်။
၂။ ထို့ပါသော်လည်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ထုတ်ပြန်ကြေညာချက်များ၊ ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီဆောင်ရွက် နိုင်ရန် နှင့် COVID-19 ရောဂါ ကူးစက်ပျံ့နှံမှုအား ကာကွယ်တားဆီး နိုင်ရန်အတွက် အထူး အစည်းအဝေး၊ ရွေးချယ် တင်မြှောက်ပွဲနှင့် နှစ်ပတ်လည် အသင်းသားစုံ ညီ အစည်းအဝေးများအား မူလကြေညာထားသည့် နေ့ရက်များတွင် ကျင်းပပြုလုပ်တော့မည် မဟုတ်ဘဲ ခေတ္တဆိုင်းငံ့ ထားမည်ဖြစ်ပါကြောင်း နှင့် ကျင်းပမည့်နေ့ရက်/အချိန်တို့အား ထပ်မံအသိပေး အကြောင်းကြားပေးသွားမည်ဖြစ်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း
By Wyk(Myanmar Food Guide)
Meoda