Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲတီစိမ်းများ တစ်တင်း ၃၉,၀၀၀ကျပ် ဈေးရ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများစိုက်ပျိုးထား သည့်ပဲတီစိမ်းများပေါ်ချိန်ဆွတ်ခူးရောင်းချခဲ့ရာ

တစ်တင်းကျပ် ၃၉၀၀၀ကျပ်ဖြင့် ပေါ်ချိန် မှပဲတီစိမ်းတုန်းသည်အထိအဆိုပါဈေးဖြင့်ရောင်းချနေရကြောင်း ကုလားတဲကျေးရွာ ပဲတီ စိမ်းစိုက်တောင်သူ ဦးသန်းထိုက်ထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးခြင်းအား လျှပ်စစ်မြစ်ရေတင်ဖြင့်စိုက်ပျိုးကြဲ ပက်ခြင်း၊ မိုးကောင်းသောက်ဖြင့်ကြဲပက်စိုက်ပျိုးခြင်းများဖြင့် စိုက်ပျိုးကြရာ ပဲတီစိမ်းပေါ် ချိန် ပခုက္ကူဈေးကွက်သို့သွားရောက်ရောင်းချကြကြောင်း သိရသည်။ ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးခြင်းများအား တော်သလင်းလ၊ သီတင်းကျွတ်လတို့တွင် ကြဲပက်စိုက်ပျိုးကြ ပြီး၊ လျှပ်စစ်မြစ်ရေတင်ဖြင့် အခြားသီးနှံအဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။ပဲတီစိမ်းပေါ် ချိန် တစ်တင်းပိဿာ ၂၀ ပိဿာရှိကြောင်း၊ တစ်တင်း ၃၉၀၀၀ကျပ်နှင့်အများဆုံးဈေး ၄၁၀၀၀ကျပ်ရောင်းချရကြောင်း သိရသည်။
မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် ပဲတီစိမ်းများအထွက်နှုန်း အင်မတန်ကောင်းကာ မိုးရာသီစိုက်ပျိုးသည့် ပဲတီစိမ်းများ မိုးရွာသွန်းမှုအခြေအနေပေါ်မူတည်ပြီး အထွက်နှုန်း အနည်း အများထွက်ရှိကြောင်း သိရသည်။ ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုနည်းခြင်း ကြောင့် ပဲတီစိမ်းဈေးနှုန်းကောင်းသော်လည်း အထွက်နှုန်းနည်းခြင်းကြောင့် တောင်သူ များတွက်ခြေမကိုက်ဖြစ်ရကြောင်း ညောင်ဦးမြို့နယ် တောင်ဘကျေးရွာ ဦးတင်ဝင်းကရှင်း ပြသည်။ မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် ပဲတီစိမ်းစိုက်တောင်သူများ စိုက်ပျိုးကြဲပက်ပြီးချိန် မှစကာ စိတ်အေးလက်အေးနေလို့ရပြီး မရမှာမပူရကြောင်း ပဲတီစိမ်းစိုက်ပျိုးတိုင်းမရသည့် နှစ်မရှိကြောင်း လက်ပံခြေပေါ်မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် ဦးမင်းညိုက ရှင်းပြသည်။
ယခုနှစ်တွင် ပဲတီစိမ်းစတင်ပေါ်ချိန် တစ်တင်း ၄၁၀၀၀ကျပ်ဈေးမှ ယခုအခါ ၃၉၀၀၀ကျပ်မှ ၃၈၅၀၀ကျပ်ဈေးအထိဝယ်ယူကြောင်း ပခုက္ကူမြို့နီလာပွဲရုံပိုင်ရှင် ဗိုလ်ကြီးနိုင် ကရှင်းပြကာ ပခုက္ကူမြို့ကုန်စည်ဒိုင်ပေါက်ဈေးပေါ်မူတည်ဝယ်ယူရောင်းချကြောင်းလည်း သိရသည်။

The Mirror Daily

 

 

Read times
Rate this item
(0 votes)