Fruits & Vegetables
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း သတင်းထုတ်ပြန်ချက်
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း
သတင်းထုတ်ပြန်ချက်
သင့်တင့်မျှတသည် စားသုံးဆီဈေးနှုန်း ဖြစ်ပေါ်စေရေး အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအသိပေးကြေညာခြင်း
( ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၁ ရက်၊ ရန်ကုန်မြို့ )
၁။ ကမ္ဘာနှင့် အဝှမ်းဖြစ်ပေါ်နေသည့် COVID-19 အရေးတွင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် နိုင်ငံတော်အစိုးရမှ ဖွဲ့စည်းထားသည့် သက်ဆိုင်ရာကော်မတီများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင် အသင်းအဖွဲ့များနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေး၊ သင့်တင့်မျှတသည့်စားသုံးဆီဈေးနှုန်းများ ဖြစ်ပေါ်စေရေး၊ ပြည်တွင်း၌ စားသုံးဆီ မပြတ်လတ်စေရေးတို့အတွက် လက်တွဲပူးပေါင်းဆောင်ရွက်လျှက် ရှိပါသည်။
၂။ နိုင်ငံတော်အရန်ရိက္ခာဖြစ်သည့် အရန်ဆီ တန်ချိန် ၁၂,ဝဝဝ ကိုလည်း ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးသို့ ပို့ဆောင်ဖြန့်ဖြူးပေးထားပြီးဖြစ်ပါသည်။ စားသုံးဆီ တင်ပို့သည့် နိုင်ငံများဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှားစသည်နိုင်ငံများ အနေဖြင့်လည်း ယနေ့အချိန်ထိ ဆီအုန်းစက်ရုံများ ပုံမှန်လည်ပတ်လျှက် ရှိပြီး မြန်မာနိုင်ငံသို့ စက်တင်ဘာ(၁)ရက်နေ့မှ (၁၁)ရက်နေ့အတွင်း (In Bulk တန်ချိန် ၂၆,၆ဝဝ. ၂၅ ) ရောက်ရှိပြီးဖြစ်၍ စက်တင်ဘာ(၁၂)မှ စက်တင်ဘာ(၃၀)အတွင်း (In Bulk တန်ချိန်၅ဝ,ဝဝဝ)ကျော် ရောက်ရှိမည်ဖြစ်ကြောင်း စာရင်းများအရသိရပါသည်။
၃။ သို့ပါ၍ စားသုံးသူပြည်သူများအနေဖြင့် စိုးရိမ်စိတ်ဖြင့် စားသုံးဆီများ အလွန်အကျွံ ဝယ်ယူစုဆောင်းခြင်းသည် ဆီဈေးနှုန်း မတည်မငြိမ်ခြင်းကို ဖြစ်ပေါ်စေနိုင်သည့်အတွက် ပုံမှန်သာ ဝယ်ယူသုံးစွဲကြပါရန်နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းအနေဖြင့် စားသုံးဆီ ပြတ်လတ်မှု မဖြစ်ပေါ်စေရေး၊ သင့်တင့်မျှတသောဈေးနှုန်း ဖြစ်ပေါ်စေရေးတို့ အတွက် စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်လျှက်ရှိပါကြောင်း အသိပေးအပ်ပါသည်။
၄။ ယခုလိုအချိန်အခါမျိုးတွင် စားသုံးသူပြည်သူများ စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေမည့် သတင်းအမှားများ၊ စားသုံးဆီအပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်မှုကို အဟန့်အတား ဖြစ်စေသည့် သတင်းအမှားများ ဖေါ်ပြခြင်းကို အထူးသတိထားရှောင်ကျဉ်ကြပါရန်နှင့် စားသုံးသူပြည်သူများအနေဖြင့်လည်း စိုးရိမ်ပူပန်သည့်စိတ်ဖြင့် စားသုံးဆီများ အလွန်အကျွံ ဝယ်ယူစုဆောင်းခြင်း မပြုလုပ်ကြရန်၊ စားသုံးဆီ ရောင်းဝယ်ဖေါက်ကား သူများ အနေနဲ့လည်း သင့်တင့်မျှတသည် စားသုံးဆီဈေးနှုန်း ဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအသိပေးကြေညာအပ်ပါသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း
By Wyk (Myanmar Food Guide)
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း