Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံဘက်သို့ တင်ပို့လျက်ရှိသည့် ဖရဲ၊ သခွားဈေးသိသာစွာ ကျဆင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/ အထွက် ဂိတ်၊ ကျင်စန်းကျော့ဂိတ်နှင့် ဝမ်တိန်ဂိတ်တို့မှ တစ်ဆင့်

တရုတ်နိုင်ငံ ဝမ်တိန်မြို့သို့ တင်ပို့လျက်ရှိသည့် မြန်မာနိုင်ငံ၊ ပြည်တွင်းထွက်၊ ဖရဲသီးနှင့် သခွားမွှေးအသီးအရောင်းဝယ်ရေးဈေးကွက်သည် ဇန်နဝါရီ ၈ ရက်တွင် သိသိသာသာ ကျဆင်းသွားကြောင်း မူဆယ်မြို့ အရှေ့မြောက်တံခါးအများနှင့် သက်ဆိုင်သော သစ်သီးရောင်းဝယ်ရေးကွင်းမှ သိရသည်။

တရုတ်နိုင်ငံ ဝမ်တိန်မြို့ ကားဝင်းထဲ၌ ရက်ကြာပိတ်နေသည့် ခါလီယာဉ်များ ပြန်လည်ထွက်လာနိုင်ပြီး နောက် ဇန်နဝါရီ ၃ ရက်မှစတင်၍ နှစ်နိုင်ငံ၊ သစ်သီးအရောင်းအဝယ်ကို ပုံမှန်ပြန်လည်တင်ပို့လျက်ရှိရာ လက်ရှိတရုတ်နိုင်ငံဘက်တွင် နာရီပိုင်းအတွင်း ရောဂါကူးစက်ပြန့်ပွားမှု ပိုမိုမြင့်မားလာခြင်းကြောင့် သစ်သီးဈေးကွက်ကျဆင်းရခြင်းဖြစ်ကြောင်း သိရသည်။

“တစ်ဖက်နိုင်ငံ၊ တရုတ်နိုင်ငံဘက်မှာ နှင်းမုန်တိုင်းကျနေသလို မထင်မှတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုတွေ ထပ်မံမြင့်မားလာပြီး ဂိတ်တချို့နဲ့ မြို့တစ်ချို့တွေ အသွားအလာ ကန့်သတ် ထားတယ်လို့ ကြားသိရပါတယ်။ ဒါကြောင့် ဒီနေ့ ဇန်နဝါရီ ၈ ရက်မှာ နှစ်နိုင်ငံ၊ သစ်သီးအရောင်းအဝယ် ဈေးကွက်ဟာ သိသိသာသာ ကျဆင်းသွားပါတယ်၊ တရုတ်နိုင်ငံဘက်က ရောဂါကူးစက်ပြန့်ပွားမှုအပေါ် မူတည်ပြီးတော့ နောက်နေ့တွေမှာ ဘယ်မြို့တွေကို အသွားအလာကန့်သတ်မှုတွေ ထပ်မံပြုလုပ်မလဲ ဆိုတာ အသိအကျမသိနိုင် သေးဘူး။ လောလောဆယ်မှာတော့ အသီးဈေးကွက်က နည်းနည်းရှုပ်ထွေး တဲ့ အနေအထားဖြစ်နေပါတယ်” ဟု အရှေ့မြောက်တံခါးအများနှင့်သက်ဆိုင်သော သစ်သီးရောင်းဝယ်ကွင်းမှ မန်နေဂျာ ဦးဝင်းတိုးက ပြောပြသည်။

နှစ်နိုင်ငံသစ်သီးအရောင်းအဝယ်ပြုလုပ်ရာ၌ သီးသစ်အရည်အသွေးပေါ်မူတည်၍ ဈေးကောင်းရနေသလို့ အချိန်နှင့်အမျှ အပြောင်းအလဲဖြစ်နေကြောင်း သိရပြီး မြန်မာနိုင်ငံဘက်မှ တင်ပို့လျက်ရှိသည့် သစ်သီးဈေးကွက်ကို တရုတ်နိုင်ငံ ဝမ်တိန်မြို့တွင် အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်သည်။

လက်ရှိ သစ်သီးအရောင်းအဝယ်ဈေးကွက်၌ (855) အစီးပြတ် တရုတ်ယွမ်ငွေ (၁)သောင်းမှ ယွမ် (၃)သောင်းအထိ ရရှိပြီး ထျန့်ဝမ်ဇရဲထိပ်စ တစ်တန်လျှင် ယွမ်(၃)ထောင်မှ ယွမ် (၅)ထောင်အထိ၊ အစေ့မဲ့ တစ်တန်လျှင် ယွမ် (၂)ထောင်မှ ယွမ် (၃)ထောင်ယွမ်အထိ၊ ရွှေသခွား တစ်တန်လျှင် ယွမ်(၂)ထောင်မှ ယွမ် (၃)ထောင်အထိ၊ ပိုက်/ဝူခုံးထိပ်စသီး တစ်တန်လျှင် ယွမ်(၁၅၀၀) မှ ယွမ် (၂၅၀၀)အထိ ဈေး ရရှိကြောင်း သိရသည်။

သစ်သီးဈေးကွက်ကို ထိန်းသိမ်းထားသည့်အနေဖြင့် မူဆယ်မြို့ အရှေ့မြောက်တံခါးသစ်သီးကွင်းမှ သစ်သီးကုန်တင်ယာဉ်များကို စီစစ်ထိန်းသိမ်း၍ စနစ်တစ်ကျစေလွှတ်ပေးလျက်ရှိပြီး လက်ရှိ သစ်သီး ကွင်း၌ ယာဉ်အစီးရေ စုစုပေါင်း(၅၀၀)ခန့်ရှိကြောင်း သိရသည်။

MDN

 

Read times
Rate this item
(0 votes)