Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


Covid-19 ကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံသို့ မြန်မာ့ငှက်ပျောတင်ပို့မှု ကျဆင်း

ကချင်ပြည်နယ်မှ တရုတ်ကုမ္ပဏီများ၏ ငှက်ပျောခင်းများ ကချင်ပြည်နယ်မှ တရုတ်ကုမ္ပဏီများ၏ ငှက်ပျောခင်းများ

တရုတ်နိုင်ငံသို့ မြန်မာ့ငှက်ပျောတင်ပို့မှု အများဆုံးကာလသည် နှစ်စဉ် အောက်တိုဘာလမှမေလကြားတွင် ဖြစ်လေ့ရှိသည်။

မြန်မာနိုင်ငံမှ ငှက်ပျောများသည် ယူနန်ပြည်နယ်နယ်စပ်မြို့များမှတစ်ဆင့် တရုတ်သို့သွားကြသည်။ နေ့စဉ် ကုန်တင်ယာဉ် ၁၀ဘီးကား ၁၀၀ မှ ၂၀၀ အထိ ငှက်ပျောသီးများ အပြည့်တင်ဆောင်ကာ နယ်စပ်ဖြတ်ကျော်သည်။ 

သို့သော်ယခုနှစ်တွင် မြန်မာနှင့်တရုတ်နိုင်ငံတို့အကြား ငှက်ပျောတင်ပို့မှုများသည် Covid-19 ဖြစ်ပွားမှုကြောင့် ထိခိုက်မှု ဖြစ်ပေါ်နေသည်။

ကိုဗစ် ကူးစက်ရောဂါသည် သယ်ယူပို့ဆောင်ရေးကို နှေးကွေးစေပြီး ဖြန့်ဖြူးရာ၌လည်း အတားအဆီးများဖြစ်စေသည်။ အရာအားလုံး ပုံမှန်ပြန်ဖြစ်ဖို့ဆိုသည်မှာ  အချိန်ကြာဦးမည်။ ယူနန်ပြည်နယ်မှ  Jinxinda စိုက်ပျိုးရေးကုမ္ပဏီလီမိတက်၏ ဒုတိယအမှုဆောင်အရာရှိချုပ် Mr. He Zhongpu က မြန်မာ့ငှက်ပျောသီးနှင့် တရုတ်ငှက်ပျောစျေးကွက် အခြေအနေများအကြောင်းကို မကြာသေးမီက ပြောဆိုခဲ့သည်။

 

မစ္စတာဟေး၏ပြောကြားချက်အရ Covid-19 ပျံ့နှံ့မှုကို နှေးကွေးစေရန် သို့မဟုတ် လုံးဝရပ်တန့်ရန်အတွက် အချို့သောဆောင်ရွက်မှုများကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံက အကောင်အထည်ဖော်ခဲ့သည်။ ဥပမာအားဖြင့် ယူနန်ပြည်နယ် Tengchong ရှိ Houqiao ဆိပ်ကမ်း ဖြစ်သည်။

 

နယ်စပ်သို့ရောက်လာသော မြန်မာနိုင်ငံမှထရပ်ကားများသည် တရုတ်နိုင်ငံတွင်းသို့ ယခင်တုန်းကလို နယ်စပ်ဂိတ်ကို ဖြတ်သန်း မောင်းနှင်ခွင့် မရှိတော့ချေ။ အကောက်ခွန်ရုံးအနီးတွင် သူတို့၏ကုန်ပစ္စည်းများကို ကားပေါ်မှ ချထားရသည်။ ထို့နောက်တရုတ်အလုပ်သမားများသည် ယင်းကုန်စည်များကို တရုတ်ထရပ်ကားပေါ်သို့ တင်ဆောင်ကာ တရုတ်ယာဉ်မောင်းက ထရပ်ကားကို မောင်းနှင်ပြီး ကုန်ပစ္စည်းများကို တရုတ်နိုင်ငံရှိ ပေးပို့ပေးရမည့်နေရာများသို့ ပို့ဆောင်သည်။

 

ယခုအခါ မေးခွန်းမှာ ယာဉ်မောင်းများနှင့် ကုန်တင်ယာဉ်များကို သူတို့ မသုံးမီ စာရင်းပေးသွင်းကာ မှတ်ပုံတင်သင့်သလား ဟူသည့် မေးခွန်း ဖြစ်သည်။ 

ပြiဿနာမှာ ကုန်တင်ကား ဒါဇင်အနည်းငယ်ခန့်သာ စာရင်းပေးသွင်းပြီး မှတ်ပုံတင်ထားခြင်းဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံမှ ငှက်ပျောတင်သွင်းမှုများကို အလျဉ်မီရန် မလုံလောက်ပါ။ 

သယ်ယူပို့ဆောင်ရေး ပြဿနာများသည် ငှက်ပျောရောင်းအားအပေါ် ကြီးမားသောအကျိုးသက်ရောက်မှုရှိသည်။ နှစ်ဖက်စလုံးမှ လူများသည် ဤပြrဿနာကို ဖြေရှင်းရန်ကြိုးစားလုပ်ဆောင်နေကြသည်။ 

မှတ်ပုံတင်ထားသော ကုန်တင်ယာဉ်အရေအတွက်များလာသည်နှင့်အမျှ ထောက်ပံ့ရေးပမာဏ တိုးလာပြီး မြန်မာနှင့်တရုတ်အကြား ငှက်ပျောရောင်းဝယ်မှုသည် ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာမည် ဖြစ်သည်။

 

ထုတ်လုပ်မှု လျှော့ချသော်လည်း ဈေးမတက်

 

ထုတ်လုပ်မှု ဧရိယာများအတွက် သယ်ယူပို့ဆောင်ရေး မလုံလောက်သဖြင့် ငှက်ပျောသီးများကို ပုပ်ပျက်စေနိုင်သည်။ အချက်အလက်များအရ Covid-19 ဖြစ်ပွားချိန်မှ စ၍ ငှက်ပျောသီးရောင်းချ တင်ပို့မှုပမာဏသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၆၅% ကျဆင်းသွားကြောင်း ဖော်ပြသည်။ အချို့သော လယ်သမားများသည် အစီအမံများ ပြုလုပ်ခဲ့ကြသည်။ သူတို့သည် မြေသြဇာနှင့် အခြားရှားပါးသည့်အရင်းအမြစ်များကို စိုက်ခင်း၏ ကန့်သတ် သတ်မှတ်ထားသော နေရာတွင်သာ သုံးကြပြီး ကျန်သည့် နေရာတို့ကို ပစ်ထားလိုက်ကြသည်။ ငှက်ပျောခင်းများမှာ ငှက်ပျောသီး အထွက်နှုန်းကို သယ်ပို့ပေးနိုင်သည့် ပမာဏနှင့် ချိန်ညှိပြီး လုပ်ကိုင်ကြခြင်း ဖြစ်သည်။

သို့တိုင်အောင် သူတို့၏ထုတ်လုပ်မှုပမာဏသည် ဖြန့်ဖြူးသောကွန်ယက်လုပ်ဆောင်နိုင်သည့် ပမာဏထက် ပိုများနေဆဲဖြစ်သည်၊ ကုန်သွယ်မှု ပြုပေးနိုင်သော ပမာဏသည် အလွန်သေးငယ်ပြီး တရုတ်စျေးကွက်တွင် တင်သွင်းသောငှက်ပျောသီး၏ ရောင်းအားမှာ ပုံမှန်ထက် နည်းနေသေးသော်လည်း စျေးနှုန်းမှာ မတက်ပါ။ စျေးနှုန်းပုံမှန်အတိုင်း ဆက်ရှိနေသည်။

 

banaaplantation12.jpg

 

မြန်မာငှက်ပျော အရည်အသွေး ပိုကောင်း

 

Jinxinda Agriculture သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ငှက်ပျောစိုက်စိုက်ပျိုးမှု ၆၆၆၇ ဟက်တာကျော်ရှိသည်။ မြန်မာငှက်ပျောသီး၏ အားသာချက်များနှင့် ပတ်သက်၍ မေးမြန်းရာတွင် Mr. He က“ ကချင်ပြည်နယ်မှာ ငှက်ပျောစိုက်ဧရိယာဟက်တာ ၂၀,၀၀၀ ကျော်ရှိတယ်။ မြန်မာနိုင်ငံက တစ်နှစ်ပတ်လုံး ငှက်ပျောတွေ တင်ပို့နိုင်တယ်။ ပိုအရေးကြီးတာက ဒီနေရာမှာ သဘာ၀ပတ်၀န်းကျင်က သန့်တယ်။ အကြီးစားစက်မှုလုပ်ငန်းတွေကြောင့် ညစ်ညမ်းနေတာ မရှိဘူး။ တရုတ်နိုင်ငံရှိ ငှက်ပျောသီးစိုက်ခင်းတွင် အသုံးပြုသော ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာပမာဏရဲ့ လေးပုံတစ်ပုံသာအသုံးပြုဖို့ လိုတယ်" ဟု ပြောသည်။

 

ထို့အပြင် ရာသီဥတုသည် ပူနွေးပြီး နေ့နှင့်ညအကြား အပူချိန်ကွာခြားချက်မှာ သိသာထင်ရှားသည့်အတွက် ၎င်းသည်ထုတ်ကုန်များ၏ အရည်အသွေးကို ကောင်းမွန်အောင် အကျိုးပြုသည်။

 

ငှက်ပျောသီးတွင် သကြားပါဝင်မှုသည် မြင့်မားပြီး အခွံသည် ဝင်းလက်နေသည်။ အရသာသည် အခြားထုတ်လုပ်မှု ဧရိယာများမှ ငှက်ပျောသီးများထက် ပိုမိုချိုမြိန်သည်။ ထို့အပြင် တရုတ်နိုင်ငံရှိ ငှက်ပျောခြံများသည် ပနားမားဘရိုက်ဟုခေါ်သည့် အဝါရောင်အရွက်ရောဂါ ခံစားခဲ့ရသော်လည်း ကချင်ရှိ ငှက်ပျောစိုက်ပျိုးခြင်းသည် ဆယ်စုနှစ်တစ်ခုကျော်ကြာသော်လည်းဤရောဂါမှ ကင်းလွတ်နေခဲ့သည်။ ပျိုးပင်များ၏ အရည်အသွေးကို ဂရုစိုက်ပြီး စိုက်ခင်းလုပ်ငန်းစဉ်ကို တင်းကျပ်စွာထိန်းချုပ်ပေးထားသည်။

 

Jinxinda Agriculture သည် အဓိကအားဖြင့် လက္ကားရောင်းဝယ်ရေးစျေးများတွင် ငှက်ပျောသီး ရောင်းချသည်။ လက်လီရောင်းချသူများနှင့်ပူးပေါင်းဆောင်ရွက်ရန် ကုမ္ပဏီက ရှာဖွေနေသည်။ "ကျွန်တော်တို့ရဲ့ထိပ်တန်းအရည်အသွေးမြင့်မြန်မာ့ငှက်ပျောသီးကိုတရုတ်စူပါမားကက်များဆီတိုက်ရိုက်တင်ပို့ဖို့မျှော်လင့်ပါတယ်" ဟု သူက ပြောသည်။

freshplaza.com

Read times
Rate this item
(0 votes)