Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဇီးငံ​စေ့လုပ်ငန်း လုပ်ကိုင်​နေသူများ အဆင်​ပြေလျက်ရှိ

ဇီးငံ​စေ့လုပ်ငန်း လုပ်ကိုင်​နေသူများ အဆင်​ပြေလျက်ရှိ Information and Public Relation Department

ဇီးငံ​စေ့လုပ်ငန်းကို မိသားစုတစ်ပိုင်တစ်နိုင်လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်​ငွေအဆင်​ပြေလျက်ရှိ​ကြောင်း စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ဟန်လင်း​ကျေးရွာအုပ်စု စခန်းသာ​ကျေးရွာက ဇီးငံ​စေ့လုပ်ငန်း ၁၃ နှစ်​ကျော် လုပ်ကိုင်လျက်ရှိသူ ဦးစိုးနိုင် ​ပြောပြချက်အရသိရသည်။

 

အဆိုပါ ဇီးငံ​စေ့ပြုလုပ်ရန် ကုန်ကြမ်းဖြစ်တဲ့ဇီးသီး​ခြောက်များကို တပိုးတွဲလတွင် စတင်ဝယ်ယူရတာဖြစ်ပြီး ​ရွှေဘိုမြို့ ​ကျောက်​မြောင်းမြို့နှင့် ဇရပ်ကွင်း​ကျေးရွာများသို့ ကြိုတင်မှာယူရတာဖြစ်​ကြောင်း၊

 

၂ တင်းဝင်တစ်အိတ်ကို ခန့်မှန်း ၆၅၀၀ ခန့် ပေးရ​ကြောင်း တစ်နှစ်လျှင် တင်း ၂၀၀၀ ခန့် ဝယ်ယူထားရှိသို​လှောင်ထားရ​ကြောင်း၊ ဇီးငံ​စေ့စတင်ပြုလုပ်​တော့မည်ဆိုရင် ပထမဦးစွာ ဒယ်အိုးထဲကို သကာရည်များ၊ သကြား၊ စမုတ်ခဲ၊ ဆား​လှော်၊ ရိုးရိုးဆားများ လောင်းထည့်ကာ ပွတ်လာပြီဆိုရင် အခွံချွတ်ထား​သော ဇီးလုံးများ လောင်းထည့်ပြီး​နောက် အသင့်​ရောစက်ထား​သော ဇီးမုန့်များဖြင့်​ မွှေ​ပေးရသည်။

 

အဲဒီ​နောက်မှာ​တော့ ဒုတိယအကြိမ် အသင့်ပြုလုပ်ထား​သော ဇီးမုန့်ဖြင့် ထပ်မံလုံးပြီးအ​အေးခံကာ တစ်ရက်ည​လေသလပ်ကာ အိတ်များအတွင်း ခန့်မှန်းထည့်​ပေးရ​ကြောင်း တစ်ရက်လျှင် ၅ ဒယ်ထိုးကာ အထုတ်​ရေ​ပေါင်း ၁၈၀၀၀ ထုပ်ရရှိ​ကြောင်း မိသားစု​နေ့စဉ်ဝင်​ငွေ ​ငွေကျပ်ငါး​သောင်းခန့်ရရှိ၍ မိသားစုဝင်​ငွေအဆင်​ပြေလျက်ရှိ​ကြောင်း သိရသည်။

 

ဝက်လက်မြို့နယ် စခန်းသာ​ကျေးရွာမှာ ဇီးငံ​စေ့လုပ်ငန်းကို မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်သူ ၇ ဦး ခန့်ရှိ​ကြောင်း ဝက်လက်မြို့​ပေါ်တွင်သာမကဘဲ ကသာမြို့၊ အင်း​တော်မြို့၊ ကောလင်းမြို့၊ ဟုမ္မလင်းမြို့၊​မော်လူးမြို့၊ ရွှေကူမြို့၊ ထီးချိုင့်မြို့၊ မုံရွာမြို့နှင့် တမူးမြို့များသို့ သုံးရက်တစ်ကြိမ် ကားဂိတ်များမှတစ်ဆင့် တင်ပို့ ရောင်းချလျက်ရှိ​ကြောင်း သိရသည်။

 

Information and Public Relation Department

Read times Last modified on Sunday, 23 August 2020 13:39
Rate this item
(0 votes)