Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


နှမ်းကုန်ချောထုတ်စက်ရုံ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို သည် မကွေးမြို့နယ် ကံပြားကျေးရွာအနီးရှိ

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် PC Myanmar တို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် နှမ်းကုန်ချော ထုတ်စက်ရုံလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ယမန်နေ့တွင် ကြည့်ရှုစစ်ဆေးခဲ့သည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်အား မကွေးတိုင်းဒေသ ကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ဒေသခံတောင်သူ များ ရေရှည်တည်တံ့သည့် အကျိုးစီးပွားဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ တောင်သူများ ကိုယ်တိုင်စီမံခန့်ခွဲနိုင်ရေး စီမံ ဆောင်ရွက်ပေးခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ လည်း ကောင်း၊ နှမ်းကုန်ချောထုတ် စက်ရုံတာဝန်ခံက စက်ရုံ လည်ပတ်နေမှု အခြေအနေများနှင့် ပဲထောပတ်၊ နှမ်းထောပတ် ထုတ်လုပ်ပြီး ရန်ကုန်၊ မန္တလေးရှိ အရောင်း စင်တာ ၃၇ ခုနှင့် အခြားမြို့များသို့ အမှာစာပေးပို့ရောင်းချ နေမှုနှင့် EU နိုင်ငံများသို့ ဈေးကွက်ချိတ်ဆက်ရန် လုပ်ငန်း စီမံဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကာ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံ တောင်သူများအား တိုးချဲ့ပညာပေးစည်းရုံးရန်နှင့် ပိုမို တိုးတက်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားကာ တာဝန်ရှိသူ များ၏ ရှင်းလင်းတင်ပြခဲ့မှုနှင့် နှမ်းကုန်ချောထုတ်စက်ရုံ ၏ လုပ်ငန်းလည်ပတ်လုပ်ဆောင်မှု အခက်အခဲများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် PC Myanmar တို့၏ ကူညီပံ့ပိုးမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မကွေးမြို့ နှမ်းကုန်ချောထုတ်စက်ရုံတွင် နှမ်းများကို သန့်စင်ပေးခြင်း၊ အရောင်ခွဲပေးခြင်း၊ ဓာတု ကင်းလွတ် “နှမ်းထောပတ်” “ပဲထောပတ်” များ ထုတ်လုပ် ပေးနေခြင်းဖြစ်ကြောင်း နှမ်းကုန်ချောထုတ်စက်ရုံ တာဝန်ခံ က ပြောသည်။

The Mirror Daily

Read times
Rate this item
(0 votes)