Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝယ်ယူလာသောကြောင့် ပြည်တွင်း၌ ကြက်သွန်နီဈေးမြင့်တက်လာ

မြန်မာနိုင်ငံမှ ကြက်သွန်နီများကို ယခုအခါတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်ယူလာသောကြောင့် ပြည်တွင်း၌ ကြက်သွန်နီစျေးမြင့်တက်လာကြောင်း မန္တလေးမြို့ရှိ ကြက်သွန်နီကုန်သည်များထံမှ သိရသည်။

နွေကြက်သွန်နီ စတင်ပေါ်သည့် မတ်လတွင် ပြည်တွင်း၌ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၂၅၀ မှ ၃၀၀ အထိသာ စျေးရရှိခဲ့သဖြင့် ကြက်သွန်နီစိုက်တောင်သူများ အရှုံးပေါ်ခဲ့ကြောင်း၊

ထို့နောက် တစ်ပိဿာလျှင် ကျပ် ၃၀၀ ဖြင့် ရောင်းအားကောင်းနေသည့်အချိန်တွင် တရုတ်နိုင်ငံက COVID-19 ရောဂါကြောင့် Lockdown ချသည့်အတွက် တရုတ်နိုင်ငံသို့ တင်ပို့သော ကြက်သွန်နီကုန်သည်များအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လှည့်လာပြီး ရောင်းချသောကြောင့် ကြက်သွန်နီစျေးမှာ တစ်ပိဿာလျှင် ကျပ် ၂၀၀ အထိ ထိုးကျခဲ့ကြောင်း၊

ယခုအခါတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကြက်သွန်နီ ဝယ်ယူလာသောကြောင့် ပြည်တွင်း၌ ကြက်သွန်နီ တစ်ပိဿာလျှင် (တောစျေး) ကျပ် ၅၀၀ အထိ စျေးမြင့်တက်လျက်ရှိကြောင်း မန္တလေးမြို့ ရွှေမန်းလှကြက်သွန်ပွဲရုံပိုင်ရှင် ဦးဝင်းမြင့်က ပြောကြားသည်။

“တောင်သူနွေ ကြက်သွန်ပေါ်ချိန် ၃ လ၊ ၄ လပိုင်းအချိန် ကြက်သွန်က ကြွင်းထဲက ပေါ်ချိန်ကတည်းက တစ်ပိဿာ ၂၀၀၊ ၂၅၀၊ ၃၀၀ နဲ့ ရောင်းခဲ့ရတော့ တောင်သူက စိုက်စရိတ်ထက် ထက်ဝက်ရှုံးခဲ့တယ်။ ၃၀၀ တန်လေး သွက်သွက်ရောင်းနေရာကနေ တရုတ်ပြည်က မြန်မာလိုဆို ၀ါဆိုဦးပေါ့။

အဲဒီကာလမှာ ကိုဗစ်နဲ့ လော့ဒေါင်းချလိုက်တော့ ကုန်စိမ်းတင်ပို့တဲ့ ကားအစီးရေ ၃၀၀၀ ကျော်လောက် ပိတ်မိနေတာ။ အဲဒါနဲ့ ကြက်သွန်တွေ ပြည်တော်ပြန်လာပြီး ဒီမှာဖြစ်သလို ပြန်ရောင်းလိုက်ရတော့ ကြက်သွန်စျေးက ၃၀၀ ကနေ ၂၀၀ အထိ စျေးပြန်ကျသွားတယ်။

၉ လပိုင်း လဆန်းလောက်မှာ ဗီယက်နမ်ကို ကုန်သည်အချို့က မြဝတီလမ်းကြောကနေ လမ်းကြောစမ်းရင်း တင်ပို့တော့ အောင်သွားတာပေါ့။အခု ၉ လပိုင်းလကုန်လောက်မှာ တရုတ်က ဝယ်လိုက်တော့ ကြက်သွန်စျေးလေး ၂၀၀ ကနေ၊ ၂၅၀ ပြန်ဖြစ်လာတာ။ ဗီယက်နမ်မှာ အဝင်များသွားတော့ အဝယ်ရပ်နေတဲ့အချိန်နဲ့ ဘင်္ဂလားဒေ့ရှ်က ဝင်လာတဲ့ အခါကျတော့ အခုကြက်သွန်ထိပ်စတွေကို ၅၀၀ ကနေ ၇၀၀ အထိ ပေးဝယ်လိုက်တော့ တစ်နိုင်ငံလုံး တောစျေး ၅၀၀ ဖြစ်သွားတယ်” ဟု ၎င်းကပြောကြားသည်။

လက်ရှိတွင် ကြက်သွန်နီစျေးအနေဖြင့် တစ်နိုင်ငံလုံးတွင် တောစျေးကျပ် ၅၀၀ ဖြစ်နေပြီး မန္တလေးကြက်သွန်စျေးကွက်တွင်မူ ကြက်သွန်နီလက်ကျန် နည်းပါးနေပြီး ကျန်ရှိသည့် ကုန်သည်များကလည်း လက်လီစျေး တစ်ပိဿာလျှင်ကျပ် ၇၀၀ ဝန်းကျင်ဖြင့် ရောင်းချနေကြောင်း သိရသည်။

 

Source: news-eleven.com

Read times
Rate this item
(0 votes)