Fruits & Vegetables



မန္တလေးဈေးကွက် စိုက်ပျိုးရေးထုတ်ကုန် ဈေးနှုန်းအခြေအနေများ

မန္တလေးဈေးကွက် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

27 12 2023

ဆန်ဈေးကွက်အခြေအနေ

မန္တလေးကိုင်းတန်းဈေးတွင် ဆန်ဈေးနှုန်းအနေဖြင့် ရန်ကုန်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းအသစ်များ ဝင်ရောက်မှုရှိခြင်းကြောင့် ရန်ကုန်ပေါ်ဆန်းမှာ တစ်အိတ် ၁၂၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ရွှေဘိုပေါ်ဆန်း မှာ အဟောင်းလက်ကျန်နည်းပြီး အသစ်များသာ ရောင်းဝယ်မှုရှိပြီး အသစ်တစ်အိတ် ၁၃၅၀၀၀ ကျပ်မှ ၁၄၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

       

မနောသုခဆန်မှာ မန္တလေးဝန်းကျင်မှဝင်ရောက်ပြီး အဝင်ပုံမှန်စားသုံးမှုပုံမှန်ဖြစ်ခြင်းကြောင့် တစ်အိတ် ၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

    

 ငစိန်ဆန်မှာ အသစ်များစတင်ဝင်ရောက်မှုရှိပြီး မြို့တွင်းမုန့်လုပ်ငန်းသမား အဝယ်ပုံမှန်သာ ရှိခြင်းကြောင့် တစ်အိတ် ၆၈၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ ဇီယာဆန်မှာ အသစ်စတင်ဝင်ရောက်ပြီး အဝင် ပုံမှန်မြို့တွင်းသုံးနှင့် အဝေးတင်ပို့ရမှု ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၈၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

    

 ဧရာမင်းဆန်များ အသစ်ဝင်ရောက်မှုများလာပြီး ဒေသအလိုက် အရည်အသွေးပေါ်မူတည်၍ တစ်အိတ် ၁၃၅၀၀၀ ကျပ်မှ ၁၆၀၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းချမှုရှိသည်။

ဆီထွက်သီးနှံဈေးကွက်အခြေအနေ

     

 မန္တလေးပွဲစား၊ ကုန်သည် စက်ပိုင် ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆံ) ဈေးနှုန်းမှာ မိုးပဲအဝင်နည်းသွားခြင်း၊ ဆောင်းပဲဝင်ချိန်နီးခြင်း၊ လုပ်ငန်းသမား အဝယ်ပုံမှန် ရှိခြင်းကြောင့် ၁၀၀ ပိဿာလျှင် အရည်အသွေးပေါ်မူတည်၍ ၆၃၀၀၀၀ ကျပ် မှ ၇၀၀၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းချနေသည်။ 

 

မြေပဲ (ဆီဆံ)မှာ ဆီစက်သမားအဝယ်နည်းခြင်း၊ ဆောင်းပဲဝင်ချိန် နီးခြင်းကြောင့် ၁၀၀ ပိဿာ အရည်အသွေးပေါ်မူတည်၍ ၅၅၀၀၀၀ ကျပ်မှ ၅၇၀၀၀၀ ကျပ်ထိ ဈေးအမျိုး မျိုးဖြင့် ရောင်းဝယ်နေသည်။ 

 

နှမ်းမျိုးစုံ ဈေးနှုန်းအနေဖြင့် ဆောင်းနှမ်းဝင်ချိန်နီးခြင်း၊ မိုးနှမ်းလက်ကျန် နည်းခြင်း၊ လုပ်ငန်းသမား ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် နှမ်းဖြူ ၄၅ပိဿာ အရည်အသွေးအကောင်းဆုံး ၃၃၅၀၀၀ ကျပ်မှ  ၃၄၀၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်နေသည်။ 

နှမ်းညိုမှာ ဆီစက်သမားအဝယ်ပုံမှန် ရှိခြင်းကြောင့် ၂၇၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး နှမ်းနက် (စမုံ)မှာ ၃၅၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 နှမ်းဝါနှင့် နှမ်းနီမှာ  အဝင်နည်းခြင်း၊ အခွံချွတ်သမားအဝယ်နည်းခြင်းကြောင့် နှမ်းနီမှာ ၄၅ပိဿာ ၂၉၅၀၀၀ ကျပ်၊ နှမ်းဝါမှာ ၂၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ စမုံနှမ်းနက်မှာ ဆောင်းနှမ်းဝင်ချိန်နီးသဖြင့် လှောင်သမား ထုတ်ရောင်းမှုရှိခြင်းကြောင့် ၄၅ပိဿာ ၃၆၀၀၀၀ကျပ်မှ ၃၅၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။

    

ပန်းနှမ်းမှာ ပစ္စည်းရှားခြင်း၊ အရောင်းအဝယ်ဖြစ်မှုမရှိခြင်းကြောင့် ယခင် အပတ်ဈေးနှုန်းအတိုင်း ၄၅ပိဿာ ၂၀၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။

    

နေကြာဈေးနှုန်းအနေဖြင့် နေကြာဆီသမား အဝယ်ပုံမှန်ရှိသော်လည်း ဆောင်းနေကြာဝင်ချိန် နီးခြင်း၊ လှောင်သမားထုတ်ရောင်းမှုရှိခြင်းကြောင့် ၂၇ပိဿာ ၁၂၅၀၀၀ ကျပ်မှ ၁၃၅၀၀၀ ကျပ် ဈေး အမျိုးမျိုးနှင့် ရောင်းဝယ်မှုရှိပြီး ဈေးတည်ငြိမ်နေသည်။

စားဖိုဆောင်သီးနှံဈေးကွက်အခြေအနေ

     

မန္တလေးကိုင်းတန်းဈေး စားဖိုဆောင် သီးနှံများအနေဖြင့် သာစည်-ပျော်ဘွယ်တို့မှ ငရုတ်ခြောက် (ရှည်) တစ်ပိတ်ဿာ ၁၂၀၀၀ ကျပ်၊ ငရုတ်ခြောက် လတ် ၁၃၀၀၀ ကျပ်နှင့် ဧရာဝတီတိုင်း ငရုတ်ပွ တစ်ပိဿာ ၁၅၀၀၀ ကျပ်ဖြင့် မြို့တွင်းသုံး ဝယ်ယူမှု ပုံမှန်ရှိနေသည်။

     

ကြက်သွန်နီများ မြင်းမူ၊ မုံရွာ၊ ထီးဆောင်းတို့မှ လက်ကျန်အနည်းငယ်သာရှိပြီး မြစ်သား၊ ရွှေဘို တို့မှ ဝင်ရောက်မှုရှိသည်။ မြစ်သား ကြက်သွန်နီကြီးတစ်ပိတ်ဿာ ၃၇၀၀ ကျပ်မှ ၃၅၀၀ ကျပ် လက်တစ်ပိတ်ဿာ ၃၅၀၀ ကျပ်မှ ၃၃၀၀ကျပ်၊ သေးတစ်ပိဿာ ၃၃၀၀ ကျပ်မှ ၃၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။

 

ကြက်သွန်ဖြူ (ရှမ်း)မှာ အရည်အသွေးကောင်း ရှားသွားခြင်း၊ စတင် စိုက်ပျိုးစကာလဖြစ်ခြင်းကြောင့် အရည်အသွေးအညံ့ဆုံး တစ်ပိဿာ ၁၃၀၀၀ ကျပ်၊ အရည်အသွေး အကောင်းဆုံး တစ်ပိဿာ ၁၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။

    

အာလူးဈေးနှုန်းအနေဖြင့် တရုတ်အာလူးများသာ ဝင်ရောက်မှုများပြီး အောင်ပန်းအာလူး အရောင်းအဝယ်ဖြစ်မှုမရှိသဖြင့် တရုတ်အာလူး တစ်ပိဿာ၂၂၀၀ကျပ်မှ ၂၅၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

     

ချင်းဈေးနှုန်းအနေဖြင့် ပြည်ပပို့ရန် အဝယ်နည်းခြင်းကြောင့် ပင်ရင်းဈေးနိမ့်ခြင်း၊ မြို့တွင်းသုံး ဝယ်ယူမှုသာရှိခြင်းကြောင့် ၃၅၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ပဲမျိုးစုံဈေးကွက်အခြေအနေ

    

မန္တလေး-ပွဲစားကုန်သည်၊ စက်ပိုင်ကထိန်တော်အသင်းတွင် မတ်ပဲဈေးနှုန်းအနေဖြင့် စတင် စိုက်ပျိုးစကာလဖြစ်ခြင်း၊ လှောင်သမားထံမှ ထုတ်ရောင်းမှုရှိခြင်းကြောင့် မတ်ပဲ(အဟောင်း) ၃တင်း တစ်အိတ် ၂၉၅၀၀၀ကျပ်၊ ရေသွင်းပဲများလည်း ဝင်ရောက်မှု ရှိပြီး အရည်အသွေးအနိမ့်ဆုံး ၃တင်း တစ်အိတ် ၂၁၅၀၀၀ ကျပ်မှ အကောင်းဆုံး ၂၈၃၀၀၀ ကျပ်ဖြင့် ရန်ကုန်ဝယ်လက်နှင့် ခွဲစက်များ ဝယ်ယူမှု ပုံမှန်ရှိနေသည်။

    

ပဲတီစိမ်း (အညာ)မှာ ဒေသစုံမှ ဝင်ရောက်သော ပဲအရည်အသွေးပေါ်မူတည်၍ အရည်အသွေး အနိမ့်ဆုံး ၁၄၀၀၀၀ ကျပ်မှ အကောင်းဆုံး ၁၈၀၀၀၀ ကျပ်ဖြင့် ခွဲစက်များနှင့် တရုတ်ဝယ်လက် ဝယ်ယူမှု အနည်းငယ်ရှိသည်။

    

ပဲစဉ်းငုံ (ဖြူ/နီ)တို့မှာ အသစ်ဝင်ချိန်နီးခြင်း၊ လက်ကျန်ပစ္စည်းရှားခြင်းကြောင့် ပဲစဉ်းငုံ (ဖြူ) ၃တင်းတစ်အိတ် ၂၉၈၀၀၀ကျပ် ပဲစဉ်းငုံ(နီ) ၃တင်း တစ်အိတ် ၃၂၅၀၀၀ ကျပ်ဖြင့် ဈေးမြင့်နေသည်။

ပဲပုတ် (ရှမ်း/မြန်မာ)တို့မှာ မိုးပဲအဝင်နည်းသွားခြင်း၊ ဆောင်းပဲစိုက်ပျိုးထားဆဲကာလဖြစ်ခြင်း၊ လုပ်ငန်းသမား၊ ဆီစက်သမား အဝယ်နည်းခြင်း အရောင်းအဝယ်အေးခြင်းကြောင့် ပဲပုတ် (မြန်မာ) ၃တင်း တစ်အိတ် ၁၈၅၀၀၀ ကျပ် ပဲပုတ် (ရှမ်း) ၃တင်းတစ်အိတ် ၁၇၄၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေ သည်။

    

ကုလားပဲဈေးနှုန်းများအနေဖြင့် ကုလားပဲ (ကုဖြူကြီး)မှာ စိုက်ပျိုးထားဆဲကာလဖြစ်၍ ပစ္စည်း ကောင်းရှားခြင်း၊ ခွဲစက်သမားနှင့် လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၂၈၀၀၀၀ ကျပ်မှ ၂၈၄၀၀၀ ကျပ် ကုလားပဲ (ထိုင်ဝမ်)မှာ မြို့တွင်းသုံးအတွက် ခွဲစိတ်သမားအဝယ်များခြင်းကြောင့် ၃တင်းတစ်အိတ် ၂၆၈၀၀၀ကျပ် သို့ ဈေးမြင့်သွားသည်။ ခွဲခြမ်းမှာလည်း လုံးဝါကြီးဈေးမြင့်သဖြင့် အမြင့်ဈေးဖြင့် ဝယ်ယူကြိတ်ခွဲရသဖြင့် ခွဲခြမ်းတစ်ပိဿာ ၆၃၀၀ ကျပ်မှ ၆၄၅၀ကျပ်သို့ ဈေးမြင့်သွားသည်။

ပဲယင်း၊ စားတော်ပဲ(ကျွန်း) မြေတောက်ပဲတို့မှာ စိုက်ပျိုးစကာလဖြစ်ခြင်း ပစ္စည်းကောင်းရှားခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် ပဲယင်း ၆၀ပိဿာ ၁၄၈၀၀၀ကျပ်၊ စားတော်ပဲ (ကျွန်း) ၃တင်း တစ်အိတ် အရည်အသွေးပေါ်မူတည်၍ ၃၁၀၀၀၀ကျပ်မှ ၃၃၀၀၀၀ကျပ်၊ မြေတောက်ပဲ ၅၄ပိဿာ ၃၄၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

    

ပဲလွန်းဖြူ/ပဲလွန်းပြာဈေးနှုန်းအနေဖြင့် မိုးပဲလက်ကျန်နည်းပြီး၊ ဆောင်းပဲဝင်ချိန်နီးခြင်းကြောင့် အသစ်ရောအဟောင်းပါတွေ့ရပြီး ပဲလွန်းဖြူ (အသစ်) ၃တင်းတစ်အိတ် အရည်အသွေးပေါ်မူတည်၍ ၁၇၅၀၀၀ ကျပ်မှ ၁၉၅၀၀၀ကျပ် (အဟောင်း) ၁၇၀၀၀၀ကျပ်၊ ပဲလွန်းပြာ အသစ် ၃တင်းတစ်အိတ် ၁၉၀၀၀၀ကျပ် အဟောင်းတစ်အိတ် ၁၈၅၀၀၀ကျပ်ဖြင့် လက်လီသမား ဝယ်ယူမှုအနည်းငယ်ရှိသည်။

    

ပဲကြီး(ကြီး/သေး) ထောပတ်ပဲ(ကြီး/သေး)တို့မှာ မိုးပဲလက်ကျန်နည်းခြင်း၊ ဆောင်းပဲမဝင်သေးခြင်း လက်လီသမား၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ပဲကြီး(ကြီး) ၃တင်းတစ်အိတ် အရည်အသွေး အကောင်းဆုံး ၄၂၈၀၀၀ကျပ်၊ ပဲကြီး (သေး) ၃၆၀၀၀၀ ကျပ်၊ ထောပတ်ပဲ(ကြီး) ၃တင်းတစ်အိတ် ၄၄၀၀၀၀ ကျပ် ထောပတ်ပဲ (သေး) ၃၇၀၀၀၀ ကျပ် အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။ 

 

ဟင်းသီး/ရွက်နှင့် သစ်သီးဝလံဈေးကွက်အခြေအနေ

 

မန္တလေးသီရိမာလာဈေးတွင် ဟင်းသီး/ရွက်ဈေးနှုန်းအနေဖြင့် ခရမ်းချဉ် (ရှမ်းတောင်)မှာ ၂၀ပိဿာ တစ်သေတ္တာ ၂၀၀၀၀ကျပ်၊ ထိုင်ဝမ် တစ်ပိဿာ ၁၂၀၀ကျပ်ဖြင့် မြို့တွင်းသုံးနှင့် မြစ်ကြီး လုံးခင်းသို့ တင်ပို့မှုရှိသည့် မတ္တရာမှ ဗမာသီးများလည်း တွေ့ရပြီး တစ်ပိဿာ ၁၆၀၀ ကျပ်ဈေးရှိသည်။ ပြောင်းဖူးဈေးနှုန်းအနေဖြင့် ရှမ်းပြောင်း ၁၁၀ဖူးပါ တစ်အိတ် ၂၇၀၀၀ မှ ၃၀၀၀၀ကျပ်၊ မုံလဥဖြူ အတွဲ၄၀ပါ တစ်အိတ် ၉၀၀၀ကျပ်၊ ပြင်ဦးလွင်နှင့် မန္တလေးဝန်းကျင်မှ ပန်းမုံလာတစ်ပွင့် ၈၀၀ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၅၀၀ကျပ်၊ မုန့်ညှင်းဖြူ ၁၆ပိဿာ တစ်အိတ် ၈၀၀၀ကျပ်ဖြင့် ဆောင်းကာလဖြစ်၍ ဟင်းသီး/ရွက်များ လှိုင်လှိုင်ဝင်ရောက်နေသည်။

    

 

သစ်သီးဝလံဈေးနှုန်းအနေဖြင့် ချောင်းဦးမှ ဖရဲသီးအရွယ်စုံ ဝင်ရောက်မှုရှိပြီး အကြီးဆုံး ၃ပိဿာတစ်လုံး ၃၀၀၀ကျပ်၊ မြင်းမူဘက်မှ သင်္ဘောသီးတစ်လုံး ၂၀၀၀ကျပ်၊ ၂လုံးတွဲ တတွဲ ၁၄၀၀ကျပ်၊ သခွားမွှေး၊ မိုက်သခွာ အရည်အသွေးကောင်း လေးလုံးတစ်ဖာ ၁၀၀၀၀ကျပ်ဈေးဖြင့် အမှာရှိသော မြို့များသို့ တင်ပို့မှုရှိသည်။ 

ရွာငံဘက်မှ ကမ္ဗလာသီးများလည်း ဝင်ရောက်ပြီး ၁၀၀ပိဿာ ၂၀၀၀၀၀ကျပ်၊ ထောပတ်သီး ၁၂၀လုံးပါ တစ်အိတ် အရည်အသွေးပေါ်မူတည်၍  ၂၅၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။ 

ယခုအပတ် ပန်းသီး(တရုတ်)များလည်း ဝင်ရောက်ပြီး ၆၀လုံးပါ ဂျပ်ဖာတစ်ခုလျှင် ၇၀၀၀၀ကျပ်ဈေးဖြင့် ပြင်ဦးလွင်၊ ညောင်ဦး၊ မြင်းခြံ၊ နွားထိုးကြီး စသည့် အမှာရှိသော မြို့များသို့ တင်ပို့ မှုရှိသည်။ 

ပျားလိမ္မော်၊ ပန်းလိမ္မော်၊ လိမ္မော်သီးများလည်း လှိုင်လှိုင်ဝင်ရောက်ပြီး အရည်အသွေးပေါ်မူတည်၍ ဗမာလိမ္မော် ၁၀၀ပိဿာလျှင် ၂၀၀၀၀၀ကျပ်မှ ၃၀၀၀၀၀ကျပ်ထိဖြင့် ရောင်းဝယ်မှုရှိသည်။

 

ဂျုံနှင့် အစေ့ထုတ်ပြောင်းဈေးကွက်အခြေအနေ

မန္တလေးပွဲစားကုန်သည်၊ စက်ပိုင်ကထိန်တော်အသင်းတွင် ဂျုံမှာ စိုက်ပျိုးထားဆဲကာလဖြစ်ခြင်း ကြောင့် ငါန်ဇွန်၊ မြို့သာ၊ မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ ရွှေဘို၊ ဆားတောင်၊ မြင်းမူ၊ မြောင်ဂျုံများ အရည် အသွေးပေါ်မူတည်၍ ၃တင်း တစ်အိတ် ၁၈၀၀၀၀ကျပ်မှ ၁၈၅၀၀၀ကျပ်၊ ရှမ်းဂျုံ ၃တင်းတစ်အိတ် ၁၆၅၀၀၀ကျပ်၊ ဩစတေးလျဂျုံမှုန့် တစ်ပိဿာ ၃၃၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

    

အစေ့ထုတ်ပြောင်းမှာ မိုးပြောင်းအဝင်နည်းခြင်း၊ ဆောင်းပြောင်းစိုက်ပျိုးထားဆဲဖြစ်ခြင်း၊ အစာစပ်သမား အဝယ်များခြင်းကြောင့် ၅၄ပိဿာလျှင် ယခင်အပတ် အရည်အသွေးအကောင်းဆုံး ၅၄၅၀၀ကျပ်မှ ယခုအပတ် ၅၆၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

Source Market Information Service- DOP- MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Wednesday, 27 December 2023 21:56
Rate this item
(0 votes)