Fruits & Vegetables



ထိုင်းမင်းဂွတ်သီး ရေနွေးငွေ့ဖြင့် ပိုးသတ်ခြင်း မပြုဘဲ ဂျပန်သို့ တင်ပို့ခွင့် ရရှိ

ထိုင်းမင်းဂွတ်သီး ရေနွေးငွေ့ဖြင့် ပိုးသတ်ခြင်း မပြုဘဲ ဂျပန်သို့ တင်ပို့ခွင့် ရရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ထိုင်းနိုင်ငံမှ မင်းဂွတ်သီးများ ဂျပန်နိုင်ငံသို့ တင်ပို့သည့်အခါ သီးထိုးယင်များ ကင်းစင်စေရန် ကုန်ကျစရိတ်များသော ရေနွေးငွေ့ဖြင့် ပိုးသတ်ပေးခြင်းကို မလွှဲမသွေ ဆောင်ရွက်ပေးခဲ့ရသည်။

ယခုအခါ ရေနွေးငွေ့ဖြင့် ပိုးသတ်ခြင်းကို လုပ်ဆောင်ရန် မလိုတော့ဘဲ ကင်းလွတ်ခွင့် ပေးလိုက်ပြီ ဖြစ်သည်ဟု အမျိုးသား စိုက်ပျိုးရေး ကုန်စည်နှင့် စားသောက်ကုန် စံချိန်စံညွှန်းဌာန အမြဲတမ်း အတွင်းဝန် Pisan Pongsapitch က ပြောကြားသည်။

 

ဂျပန်-ထိုင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် Japan-Thailand Economic Partnership Agreement ((JTEPA) အောက်တွင် အတည်ပြုထားသော ကင်းလွတ်ခွင့်ကို ဂျပန်နိုင်ငံ၏ တရားဝင်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ရေနွေးငွေ့ဖြင့် ပိုးသတ်ခြင်း လုပ်ငန်းစဉ်မပါဘဲ ဂျပန်သို့ တင်ပို့မည့် မင်းဂွတ်သီး ပထမဆုံးအသုတ်ကို ဂျပန်တာဝန်ရှိသူများက ယခု ဩဂုတ်လ တတိယပတ်တွင် စစ်ဆေးပေးမည်ဖြစ်ကြောင်း Pisan မှ ပြောကြားသည်။ သို့ဖြစ်ရာ ဩဂုတ်အတွင်းမှာ ၎င်း ပထမအသုတ်ကို တင်ပို့နိုင်မည်ဟု Pisan က ပြောကြားသည်။

အဆိုပါ လုပ်ငန်းစဉ်မှ ကင်းလွတ်ခွင့်သည် ထိုင်းနိုင်ငံမှ တင်ပို့သော မင်းဂွတ်သီးများကို ကုန်ကျစရိတ် သက်သာစေပြီး သစ်သီးများ ရက်ပိုကြာကြာလတ်ဆတ်နေစေမည်ဖြစ်ကြောင်း Pisan က ဆိုသည်။

ထို့ပြင် ဂျပန်သို့ ထိုင်းမှ မင်းဂွတ်သီးများ တစ်နှစ်လျှင် တန် ၂၀၀ ဝန်းကျင် ပိုမိုတင်ပို့နိုင်စေမည် ဖြစ်သည်။ သို့ဖြစ်ရာ တစ်နှစ်လျှင် ဘတ် သန်း ၂၀၀ ဝန်းကျင် ပိုမိုရရှိမည် ဖြစ်သည်။

 

စိုက်ပျိုးရေးဌာနမှ မှတ်ပုံတင်ပေးထားပြီး လက်မှတ်ထုတ်ပေးထားသော မင်းဂွတ်သီးခြံများမှ မင်းဂွတ်သီးများကိုသာ ရေနွေးငွေ့ဖြင့် ပိုးသတ်ခြင်း လုပ်ငန်းစဉ် မပါဘဲ ဂျပန်သို့ တင်ပို့ခွင့် ရှိကြောင်း Pisan က ပြောကြားသည်။

Source nationthailand 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Monday, 14 August 2023 09:15
Rate this item
(2 votes)