Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲတီစိမ်း(ရွှေဝါ)များ အဖွင့်ဈေးကောင်းဖြင့် အရောင်းသွက်

၂၀၂၁ ခုနှစ် ပဲရာသီအတွက် ပဲခူးတိုင်းဒေသကြီး ရွှေကျင်၊ မဒေါက်ဒေသများမှ စတင်ထွက်ရှိလာသည့် ပဲတီစိမ်း (ရွှေဝါ)များ

မန္တလေးဈေးကွက်တွင် အဖွင့်ဈေး ကောင်းဖြင့် အရောင်းသွက်လျက်ရှိကြောင်းမန္တလေးပဲကုန်သည်များထံမှ သိရသည်။
အဆိုပါ ပဲတီစိမ်း(ရွှေဝါ)မှာယခင်နှစ် ယခုလိုရာသီချိန်တွင် သုံးတင်းဝင်တစ်အိတ်လျှင်၊ ငွေကျပ် ၁၁၅၀၀၀ နှုန်းဖြင့် အဖွင့်ဈေးစခဲ့သော်လည်း ယခုနှစ်တွင် တရုတ်နိုင်ငံ ၏ဝယ်လိုအားကြောင့် ဈေးနှုန်းများမြင့်တက်ကာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၃၃၀၀၀ နှုန်းဖြင့် အဖွင့်ဈေးကောင်းမွန်နေကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောကြားသည်။
“ဒီရက်ပိုင်းမှာ မန္တလေးပဲဈေးကွက်ကို အညာဒေသစုံကထွက်တဲ့ ပဲတီစိမ်း တွေ လှိုင်လှိုင်ဝင်ရောက်လာပါတယ်။ ဒီဇင်ဘာလလယ်လောက်ကထွက်တဲ့ အညာရွှေဝါပဲတီစိမ်းကတော့ သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၁၂၀၀၀၀ နှုန်းနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ လက်ရှိအခြေနေအရ ဈေးကွက်မှာအရောင်း အဝယ်သွက်နေပေမယ့် ဒီရက်ပိုင်းမှာ မူဆယ်ကိုတင်ပို့တဲ့ ကားခဈေးက အရင်ကထက် ဈေးနှစ်ဆပိုပြီးတက်နေတဲ့အတွက် ပဲတီစိမ်းဈေးနှုန်းကတက်သင့် သလောက်မတက်နိုင်ဘူးဖြစ်နေတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်မှာတော့ ပဲတီစိမ်း ကို အိန္ဒိယနိုင်ငံကလည်း မတ် ၃၁ ရက်အထိ တန်ချိန် ၁၅၀၀၀၀ ဝယ်ယူဖို့ရှိနေ တာကြောင့် ဈေးကောင်းမယ့်အလားအလာရှိနိုင်တယ်လို့ မျှော်လင့်ရပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပဲတီစိမ်းသည် စပါးကဲ့သို့ ရာသီမရွေးစိုက်ပျိုးထွက်ရှိပြီး ပြည်ပနိုင်ငံများသို့ အဓိကအားထားတင်ပို့ရောင်းချရသည့် သီးနှံဖြစ်ကြောင်းနှင့် မကြာမီကာလအတွင်းရန်ကုန်တိုင်းဒေသကြီး ခရမ်းနှင့် သုံးခွမြို့နယ်တို့မှ စိုက်ပျိုးထားသည့် ခရမ်းရွှေဝါ ပဲတီစိမ်းများလည်း ဈေးကွက်သို့ ဆက်လက်ဝင်ရောက်လာတော့မည်ဖြစ် ကြောင်း သိရသည်။

 

Read times
Rate this item
(0 votes)