Fruits & Vegetables
ဗီယက်နမ်တွင် အုန်းသီးဈေးနှုန်း ၃ဆ ခုန်တက်
ဗီယက်နမ်တွင် အုန်းသီးဈေးနှုန်း ၃ဆ ခုန်တက်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ဗီယက်နမ်နိုင်ငံမှာ ယခုနှစ် နှစ်စပိုင်းတွင် အုန်းသီး ၁၀ လုံးဈေးနှုန်းမှာ ဒေါင် ၁၅,၀၀၀-၂၀,၀၀၀ သာရှိသော်လည်း ယခုအခါ ဒေါင် ၆၀,၀၀၀ မှ ၆၅,၀၀၀ အထိ သုံးဆ မြင့်တက်လာသည်။
အုန်းသီးဈေး မြင့်တက်ရခြင်း အကြောင်းရင်းမှာ ကမ္ဘာ့ အုန်းသီးဈေးနှုန်းများ မြင့်တက်မှုကြောင့် ဖြစ်ကြောင်း Ben Tre ပြည်နယ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြောကြားသည်။
Ben Tre ပြည်နယ်သည် ဗီယက်နမ်တွင် အုန်းပင်များ အများဆုံး ရှိသည့် ဧရိယာဖြစ်သည်။
အုန်းပင်အားလုံးနီးပါး မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ၁၈၈,၀၀၀ ဟက်တာ ဧရိယာတွင် ရှိသည်။
အမေရိကန်က ဗီယက်နမ်မှ အခွံနွှာပြီးသား အုန်းသီး တင်ပို့မှုကို ၂ နှစ်ကြာ ပိတ်ပင်ထားခဲ့ရာမှ ပြန်ဖွင့်ပေးလိုက်သည့် သတင်းကြောင့် ဗီယက်နမ် ပြည်တွင်းမှာ အုန်သီးဈေးနှုန်းများ မြင့်တက်သွားသည်။ ပို့ကုန် အလားအလာ ရှိနေပြီဖြစ်သဖြင့် ကမ္ဘာ့ အုန်းသီးဈေးနှုန်းများနှင့်အညီ ဈေးမြင့်တက်သွားသည်။
ကုန်သည်အချို့ကလည်း အမေရိကန်သို့ အုန်းသီးများ ပြန်လည်တင်ပို့နိုင်ရန် ခြေလှမ်းပြင်နေကြပြီ ဖြစ်သည်။ ဗီယက်နမ်တွင် အုန်းသီး ပြည်ပတင်ပို့သည့် လုပ်ငန်း ၉၀ ကျော်ရှိပြီး ထက်ဝက်နီးပါးသည် ကျကျနန ပြုပြင်ပြီးသော အုန်းသီး ကုန်ချောများကိုသာ တင်ပို့ကြသည်။
အုန်းခွံ၊ အုန်းဆံကြိုး၊ အုန်းသီးဆံ၊ အုန်းသီးခြောက်၊ အုန်းရည်၊ အုန်းနို့၊ အုန်းဆီ စသဖြင့် အုန်းသီးနှင့် ပတ်သက်သော လုပ်ငန်း စုစုပေါင်း ၈၅၀ ဝန်းကျင် ရှိသည်။
ဗီယက်နမ်သည် ကမ္ဘာပေါ်တွင် အုန်းသီးများ သတ္တမ အများဆုံး တင်ပို့သည့် နိုင်ငံဖြစ်သည်။
အာရှ-ပစိဖိတ်ဒေသတွင် အုန်းသီးများ စတုတ္ထ အများဆုံး တင်ပို့သည့် နိုင်ငံဖြစ်သည်။
ယမန်နှစ်က ပို့ကုန်အုန်းသီးမှ ဝင်ငွေ ကန်ဒေါ်လာ သန်း ၉၀၀ ဝန်းကျင် ရရှိခဲ့သည်။
Source vnexpress
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL