Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ခရမ်းချဉ်များ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ခရမ်းချဉ်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး အသီး များ

စတင်ဆွတ်ခူးချိန်တွင် ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း တောင်သူဦးညိုလင်း၏ ပြော ကြားချက် အရ သိရသည်။
“ လိုရာ ၉၀၉မျိုးကို အပင်ခြား ၁၈လက်မ၊ အတန်းခြား ၃ ပေအကွာစိုက်ထားပြီးတော့ စိုက်စရိတ်အနေနဲ့ စိုက်ပျိုးရေးနည်းပညာတွေလေ့လာပြီး လိုအပ်တဲ့ဓာတ်မြေဩဇာနဲ့ သွင်းအားစုတွေထည့်ပြီး ဂရုတစိုက် ပျိုးတော့ အပင်ရေတစ်ထောင်ကို တစ်သိန်းဝန်းကျင်ကုန်ကျမှုရှိပါတယ်။ ပျိုးပင်တစ်လသားမှာ စစိုက်ပြီး စိုက်ပျိုးပြီး သုံးလသားမှာ အသီးစတင်ဆွတ်ခူးရပါပြီ။ သက်တမ်းကတော့ ပြုစုပေးရင် ၆လသားအထိ ဆွတ်ခူးနိုင်ပါတယ်။ အပင်ရေ သုံးထောင်စိုက်ပျိုးရာမှာ တစ်ပါတ်လျင် ပိဿာချိန် ၅၀၀ဝန်းကျင်ရရှိနေ ပြီး ဈေးနှုန်းကတော့ တစ်ပိဿာ ၆၀၀ကျပ်နှုန်း ရောင်းချရလို့ အမြတ်ငွေပိုမိုရရှိပါတယ်။ မုံရွာနယ်ဘက် ကထွက်တဲ့ ခရမ်းချဉ်သီး တွေရှိပေမယ့်လည်း ဖောင်းပြင်ဒေသကထွက်တဲ့ ခရမ်းချဥ်သီးက လတ်ဆတ်ပြီး ပိဿာချိန်မလျော့တဲ့အတွက် အရောင်းသွက်လျက်ရှိပါတယ်”ဟု ဦးညိုလင်းက ပြောပြသည်။
ဖောင်းပြင်မြို့နယ်တွင် မိုးသီးနှံအဖြစ် စပါးကိုအဓိကထားစိုက်ပျိုးကြပြီး ဆောင်းသီးနှံအဖြစ် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်းနှင့် နေကြာကိုအားပြုစိုက်ပျိုးကြရာ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြရာ ယခုနှစ်တွင် ခရမ်းချဉ်သီး စိုက်ပျိုးခြင်းက ဝင်ငွေပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Read times
Rate this item
(0 votes)