Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီ ဈေးရရှိမှုနည်းပါးပြီး ဈေးကောင်းရရှိရန် မျှော်လင့်

မကွေးတိုင်းဒေသကြီး ၊ဆိပ်ဖြူမြို့နယ်မှ ဆောင်သီးနှံ ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းသော်လည်း

လက်ရှိကြက်သွန်နီ ဈေးကွက်တွင် ဈေးရရှိမှုနည်းနေကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်မှ တောင်သူအများစုသည် ကြက်သွန်နီကို ဆောင်းသီးနှံထုတ်ကုန်အဖြစ် အဓိကထား၍ နှစ်စဉ်သီတင်းကျွတ် လပြည့်ကျော်မှစတင်ကာကိုင်းမြေနှင့်ကုန်းမြေများတွင်လည်း မိသားစုဝင်ငွေအတွက်စိုက်ပျိုးထုတ်လုပ်ကြပြီး လက်ရှိ တောင်သူများ စိုက်ပျိုးခဲ့သည့် ကြက်သွန်နီအသစ်များပေါ်ထွက်ချိန် ဈေးကွက်အတွင်း ကြက်သွန်နီ အသစ် တစ်ပိဿလျှင် (၄၀၀) ကျပ်မှ (၄၇၅)ကျပ်အထိလည်း ကောင်း၊ ကြက်သွန်နီ အဟောင်း တစ်ပိဿ (၃၀၀)ကျပ်မှ (၃၂၅)ကျပ်အထိသာ ဈေးရရှိနေကြောင်း ၊ဆိပ်ဖြူ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ အဟောင်းအဝင်နည်းလာသော်လည်း ကြက်သွန်နီအသစ်များ တနေ့ကုန်ချိန် နှစ်သောင်းအထက် ဝင်လာလျှက်ရှိပြီး နောက်ပိုင်း ကြကက်သွန်နီ အသစ်များလှိုင်လှိုင်တူဖော်ကြလျှင် ကြက်သွန်နီအသစ်များ အဝင်များတော့မည်ဖြစ်ကြောင်း ၊တောင်သူများအနေဖြင့် စိုက်ပျိုးထားသည့် ကြက်သွန်နီအခင်းများ အောင်မြင်ဖြစ် ထွန်းမှုကောင်းသော်လည်း လက်ရှိပေါက်ဈေးနှင့်ဆိုလျှင် ကြက်သွန်နီ တူဖော်စရိတ်နှင့် တင်ပို့စရိတ် အရှုံးရှိမည်ဖြစ်ကြောင်း မိမိကိုယ်ပိုင် ကြက်သွန်နီ စိုက်ခင်း မြေပြင် ၊စိုက်ပျိုး ၊ရေသွင်း ၊မြေဩဇာ ဆေးဖြန်းခြင်း ၊အလုပ်သမားစရိတ်များအပါ တူးဖော်ပြီးသည်အထိ သွင်းအားစုနှင့် ထုတ်လုပ်တင်ပို့စရိတ် သိန်း(၂၀)ခန့်ကုန်ကျပြီး ၊စိုက်ခင်းငှာရမ်းစိုက်ပျိုးသူများအနေဖြင့် (၂၃)သိန်းကျပ်ခန့်ကုန်ကျပြီး ကြက်သွန်နီ တစ်ပိဿာလျှင် (၅၀၀) ကျပ်မှ (၆၀၀) ကျပ်ထိဈေးနှုန်းကျော်မှသာ အယင်ဈေးသာ ရှိမည်ဖြစ်ကြောင်း ကြက်သွန်နီစိုက်တော်သူများမှ သိရှိရသလိုတောင်သူများအနေဖြင့် ဈေးကွက်ရရှိရန်မျှော်လင့်ကြောင်း ၊တင်ပို့ရောင်ချသည့်ကုန်သည်များအနေဖြင့် လက်ရှိပေါ်ထွက်သည့် ဥစိုက်ကြက်သွန်နီများ က အလျော့ထွက်မြန်သည့်အတွက် တာရှည် သိုလှောင်မှု အတွက် အဆင်မပြေသလို ထိခိုက်ပျက်စီးမှုရှိခြင်းကြောင့်ကြက်သွန်နီ အပင်စိုက်နှင့် ချောင်းပေါ် ကြက်သွန်နီများ ကိုသာ တာရှည်အထားခံသည့်အတွက် ဝယ်ယူသိုလှောင်တင်ပို့ကြကြောင်း ၊ကိုဗစ်(၁၉) ရောဂါအန္တရာယ်ကြောင့် တင်ပို့ ရောင်းချမှု လမ်းကြောင်း အဆင်မပြေမှုမျာရှိပြီး ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်သာ အဓိကထားတင်ပို့နေပြီး မူဆယ်နှင့် မြဝတီမြို့များကို အနည်းငယ်သာတင်ပို့နေရကြောင်း ကြက်သွန်နီ စိုက်ပျိုးသူတောင်သူများနှင့် တင်ပို့ရောင်းချသူ ကုန်သည်များထံမှ သိရသည်။

Read times
Rate this item
(0 votes)