Fruits & Vegetables



မန္တလေးဈေးကွက် ဆန်နင့်ပဲအမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှု အခြေအနေများ

မန္တလေးဈေးကွက် ဆန်နင့်ပဲ အမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

16 11 2023

မန္တလေးဈေးကွက် ရောင်းဝယ်ဖောက်မှု အခြေအနေများ

 

မန္တလေး ဆန်ဈေးကွက်အခြေအနေ

 

 မန္တလေး ကိုင်းတန်းဈေး ဆန်ပွဲရုံများတွင် ဆန်ဈေးနှုန်းအနေဖြင့် အသစ်ဝင်ချိန်နီးခြင်း ၊ အဝင်ပုံမှန် ၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် 

ရွှေဘိုပေါ်ဆန်း ၂၄ပြည် တစ်အိတ် ၁၂၅၀၀၀ ကျပ် ၊

 ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၁၁၅၀၀၀ ကျပ်ဖြင့် 

ဈေးတည်ငြိမ်နေသည်။

 

 မနောသုခဆန်မှာ အသစ်ဝင်ရောက်သော်လည်း အဟောင်းကို နှစ်သက်သူများ ခြင်းကြောင့် တစ်အိတ် ၈၈၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

 

 ငစိန်ဆန်မှာ အသစ်ဝင်ချိန်နီးခြင်း ၊ လှောင်သမား ထုတ်ရောင်းမှုရှိခြင်း ၊ အဝင်ပုံမှန် ၊  လုပ်ငန်းသမား ဝယ်ယူမှု ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၆၂၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ဇီယာဆန်မှာလည်း အဝေးတင်ပို့ရမှုနည်းပြီး မြို့တွင်းသုံးသာရှိခြင်းကြောင့် တစ်အိတ် ၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

 ဧရာမင်းဆန်မှာ အသစ်မဝင်သေးခြင်း ၊ လှောင်သမားထံမှ ဝယ်ရခြင်း ၊ မြို့တွင်းစားသုံးမှု ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ် မှ ၁၄၀၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။

 

မန္တလေး ဆီထွက်သီးနှံဈေးကွက် အခြေအနေ

 

မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ(လုံးဆံ/ဆီဆံ)ဈေးနှုန်းမှာ မိုးမြေပဲများ မကွေး ၊ စစ်ကိုင်း ၊ မြင်းမူဘက်မှ အဝင်ပုံမှန်ရှိခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၁၀၀ ပိဿာ အရည်အသွေးအနိမ့်ဆုံး ၅၈၀၀၀၀ ကျပ် မှ ၅၆၀၀၀၀ ကျပ် ၊ အမြင့်ဆုံး ၆၂၀၀၀၀ ကျပ် မှ ၆၀၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်

။မြေပဲ(ဆီဆံ)မှာ လည်း အသစ်ဝင်ရောက်မှုရှိပြီး ဆီစက်သမား အဝယ်ပုံမှန်သာရှိခြင်းကြောင့် ၁၀၀ ပိဿာ ၅၅၀၀၀၀ ကျပ် မှ  ၅၃၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

 နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် မိုးနှမ်းအဝင်များခြင်း ၊ တရုတ်ဝယ်လက်နည်းပြီး မြို့တွင်းလုပ်ငန်းသုံး အဝယ်သာရှိခြင်းကြောင့် ၄၅ ပိဿာ အရည်အသွေးအကောင်းဆုံး ၄၅ ပိဿာ ၃၅၅၀၀၀ ကျပ် မှ ၃၃၀၀၀၀ ကျပ် သို့ ဈေးနိမ့်သွားသည်။

နှမ်းညိုမှာ အသစ်ဝင်ရောက်သော်လည်း ဆီစက်သမား အဝယ်များခြင်းကြောင့် ၄၅ ပိဿာ ၂၇၀၀၀၀ ကျပ်ဖြင့် ဈေး တည်ငြိမ်နေသည်။

နှမ်းနက်မှာ လည်း  တရုတ်ဝယ်လက်နည်းခြင်း ၊ အသစ်ဝင်ရောက်မှုရှိခဲ့ခြင်းကြောင့်  ၂၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။နှမ်းနီ နှင့် နှမ်းဝါမှာ စိုက်ဧကနည်း ၊ အထွက်နည်း ၊ အဝင်နည်း ခြင်းကြောင့် ၄၅ ပိဿာ လျှင် 

နှမ်းနီ ၂၉၀၀၀၀ ကျပ်  

၊ နှမ်းဝါ ၃၀၀၀၀၀ ကျပ်ဖြင့် 

ဈေးတည်ငြိမ်နေသည်။

 ပန်းနှမ်းဈေးနှုန်းအနေဖြင့် စိုက်ပျိုးထားဆဲကာလဖြစ်ခြင်း ၊ လက်ကျန်နည်းခြင်း ၊ လက်လီ ဘယဆေးသမား အဝယ်ရှိခြင်းကြောင့် ၄၅ ပိဿာ ၁၉၀၀၀၀ ကျပ်  မှ ၁၉၃၀၀၀ ကျပ် သို့ ဈေးမသိမသာမြင့်သွားသည်။

 နေကြာဈေးနှုန်းမှာ မိုးနေကြာ အဝင်နည်းသွားခြင်း ၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၂၇ ပိဿာ အရည်အသွေးအကောင်းဆုံး ၁၃၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

 

 

ငရုတ် ကြက်သွန်နီ  ကြက်သွန်ဖြူ အာလူး ချင်း ဈေးကွက်အခြေအနေ

 

 

 မန္တလေး ကိုင်းတန်းဈေး စားဖိုဆောင်သီးနှံပွဲရုံများတွင် ကြက်သွန်နီ ဈေးနှုန်းအနေဖြင့် ကြက်သွန်နီမှာ အသစ်မဝင်သေးခြင်း ၊ မုံရွာ ၊ မြင်းမူ ၊ ထီးဆောင်းတို့မှ လက်ကျန်များသာရှိပြီး အရည်အသွေးကောင်းရှားခြင်း၊   နယ်ဝေးတင်ပို့ရမှုနည်းခြင်းကြောင့်  (ကြီး) တစ်ပိဿာ ၄၂၀၀ ကျပ် မှ  ၃၇၀၀ ကျပ်  ၊ (လတ် ) တစ်ပိဿာ  ၄၀၀၀ ကျပ် မှ ၃၃၀၀ ကျပ် ၊ (သေး) တစ်ပိဿာ ၃၈၀၀ ကျပ် မှ ၂၅၀၀ ကျပ် သို့ ဈေးနိမ့်သွားသည်။

 

 ကြက်သွန်ဖြူ(တရုတ်)မှာ လမ်းပန်းဆက်သွယ်ရေး ခက်သော်လည်း အဝင်အနည်း ငယ်ရှိခြင်း ၊ မြို့တွင်းသုံးပုံမှန်သာရှိပြီး နယ်ဝေးတင်ပို့ရမှုနည်းခြင်းကြောင့် တစ်ပိဿာ ၁၄၀၀၀ ကျပ် မှ ၁၃၀၀၀ ကျပ် ၊ ကြက်သွန်ဖြူ(မြန်မာ) မဝင်သေးသော်လည်း တရုတ်ဖြူ ဈေးမသိမသာနိမ့်ခြင်း  ၊ နယ်ဝေးတင်ပို့ရမှုနည်းခြင်းကြောင့် ကြက်သွန်ဖြူ(ရှမ်း)မှာ အရည်အသွေးအနိမ့်ဆုံး ၁၀၀၀၀ ကျပ်  မှ ၉၀၀၀ ကျပ်သို့လည်းကောင်း ၊ အရည်အသွေးအကောင်းဆုံး ၁၃၀၀၀ ကျပ် မှ ၁၁၀၀၀ ကျပ်သို့လည်းကောင်း ဈေးမသိမသာနိမ့်သွားသည်။

 

 အာလူးဈေးနှုန်းအနေဖြင့် တရုတ်အာလူးများ မြို့တွင်းသုံးစွဲမှုသာရှိခြင်း ၊ အောင်ပန်းအာလူး စတင်ဝင်ရောက်မှုရှိခြင်းကြောင့် တရုတ်အာလူး တစ်ပိဿာ ၃၂၀၀ ကျပ်  မှ ၃၀၀၀ ကျပ် ၊ အောင်ပန်းအာလူး အရည်အသွေးကောင်း တစ်ပိဿာ ၂၇၀၀ ကျပ်ဖြင့် မြို့တွင်းသုံး ဝယ်ယူမှုပုံမှန်ရှိနေသည်။

 

 ချင်းဈေးနှုန်းအနေဖြင့် ချင်းသစ်များ နုသေးခြင်း ၊ ပြည်ပပို့ရန် အဝယ်မရှိသေးခြင်းကြောင့် တစ်ပိဿာ ၄၅၀၀ ကျပ် မှ ၄၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ပဲမျိုးစုံဈေးကွက် အခြေအနေ

 

 မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်းအနေဖြင့် မတ်ပဲဈေးနှုန်းမှာ အသစ်စိုက်ရန် ပြင်ဆင်ချိန်ဖြစ်ခြင်း ၊ ပစ္စည်းရှားခြင်းရှိသော်လည်း ရန်ကုန်ဝယ်လက်နည်းခြင်း ၊ရေသွင်းပဲများလည်း ဝင်ရောက်မှုရှိပြီး ၆၀ ပိဿာ ၂၄၀၀၀၀ ကျပ်ဖြစ်၍ လက်လီသမား အဝယ်နည်းခြင်းကြောင့် ၂၇၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ဆောင်းပဲဝင်ချိန်နီး၍ လှောင်သမားထုတ်ရောင်းမှုရှိခြင်း ၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားမှုရှိခြင်း ၊ တရုတ်ဝယ်လက်နည်းပြီး ပဲခွဲစက်များ အဝယ်သာရှိခြင်းတို့ကြောင့် အနိမ့်ဆုံး ၁၄၅၀၀၀ ကျပ် မှ အမြင့်ဆုံး ၁၅၈၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ပဲစဉ်းငုံ(ဖြူ/နီ) စိုက်ပျိုးထားဆဲကာလဖြစ်၍ ပစ္စည်းကောင်းရှားခြင်းကြောင့် အရောင်းအဝယ်အေးသော်လည်း ပဲစဉ်းငုံ(ဖြူ)၆၀ ပိဿာ ၂၉၅၀၀၀ ကျပ် ၊ ပဲစဉ်းငုံ(နီ) ၆၀ ပိဿာ ၃၂၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ မိုးပဲအဝင်ရှိခြင်း ၊ မြို့တွင်းလုပ်ငန်းသမား အဝယ်အနည်းငယ်ရှိခြင်းကြောင့် ပဲပုတ်(မြန်မာ) ၃ တင်းတစ်အိတ် ၂၀၀၀၀၀ ကျပ် မှ ၂၀၅၀၀၀ ကျပ်သို့လည်းကောင်း ၊ ပဲပုတ်(ရှမ်း)မှာ မိုးပဲအဝင်ရှိသော်လည်း ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃ တင်းတစ်အိတ် အရည်အသွေးအနိမ့်ဆုံး ၁၇၀၀၀၀ ကျပ်  မှ အမြင့်ဆုံး ၁၉၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

ကုလားပဲဈေးနှုန်းများအနေဖြင့် စတင်စိုက်ပျိုးစကာလဖြစ်၍ လှောင်သမား ထုတ်ရောင်း မှု ရှိခြင်း ၊ မြို့တွင်း လုပ်ငန်း သမား နှင့် ပဲခွဲစက်များ အဝယ်နည်းခြင်း ၊ အရောင်းအဝယ်အေးခြင်းကြောင့် ကုလားပဲ(ကုဖြူကြီး)၃ တင်းတစ်အိတ် ၂၇၀၀၀၀ ကျပ်  မှ ၂၆၇၀၀၀ ကျပ်သို့လည်းကောင်း ၊ ကုလားပဲ(ထိုင်ဝမ်) ၂၅၈၀၀၀ ကျပ် မှ ၂၅၀၀၀၀ ကျပ်သို့လည်းကောင်း ၊ ကုလားပဲ(ထိုင်ဝမ်)ဈေးနိမ့်သဖြင့် ခွဲခြမ်းမှာလည်း  တစ်ပိဿာ ၆၄၅၀ ကျပ် မှ ၆၂၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ပဲယင်း နှင့် မြေတောက်ပဲတို့မှာ စတင်စိုက်ပျိုးစကာလဖြစ်ခြင်း ၊ ပစ္စည်းကောင်းရှားခြင်းကြောင့် အရောင်းအဝယ်အေးသော်လည်း ပဲယင်း ၆၀ ပိဿာ ၁၅၃၀၀၀ ကျပ် ၊ မြေတောက်ပဲ ၅၄ ပိဿာ ၃၂၀၀၀၀ ကျပ် အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။

 

 ပဲလွန်းဖြူ/ပြာတို့မှာ မိုးပဲအဝင်နည်းခြင်း ၊ ဆောင်းပဲစိုက်ပျိုးစကာလဖြစ်ခြင်း ၊ လက်လီသမား အဝယ်သာရှိခြင်းကြောင့် ပဲလွန်းဖြူ ၃ တင်းတစ်အိတ် ၁၇၅၀၀၀ ကျပ် ၊ ပဲလွန်းပြာ ၁၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

စားတော်ပဲ(ကျွန်း)ဈေးနှုန်းမှာ စတင်စိုက်ပျိုးစကာလဖြစ်ခြင်း  ၊ လက်ကျန်နည်းခြင်း ၊ လက်လီသမား အဝယ်သာရှိခြင်းကြောင့် ၃ တင်းတစ်အိတ် အရည်အသွေးပေါ်မူတည်၍ အနိမ့်ဆုံး ၃၂၀၀၀၀ ကျပ် မှ အကောင်းဆုံး ၃၅၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

 ပဲကြီး(ကြီး/သေး) ၊ ထောပတ်ပဲ(ကြီး/သေး)ဈေးနှုန်းအနေဖြင့် မိုးပဲအဝင်နည်းသွားပြီး ဆောင်းပဲစိုက်ပျိုးစဖြစ်ခြင်း ၊ ပစ္စည်းကောင်းရှားခြင်း ၊ မြို့တွင်းပဲခွဲစက်နှင့် လုပ်ငန်းသမား အဝယ်ရှိခြင်းတို့ကြောင့် ပဲကြီး(ကြီး) ၃တင်း တစ်အိတ် ၃၆၀၀၀၀ ကျပ် မှ ၃၉၅၀၀၀ ကျပ်သို့လည်းကောင်း ၊ ပဲကြီး(သေး) ၃၄၀၀၀၀ ကျပ် မှ ၃၅၅၀၀၀ ကျပ် သို့ ဈေးမြင့်သွားသည်,

 

 ထောပတ်ပဲဈေးနှုန်းမှာ ပစ္စည်းကောင်းရှားခြင်းကြောင့် လုပ်ငန်းသမား အဝယ်သာရှိသော်လည်း ထောပတ်ပဲ(ကြီး) ၃ တင်း တစ်အိတ် ၄၀၅၀၀၀ ကျပ်  မှ ၄၂၀၀၀၀ ကျပ် သို့ဈေးမြင့်သွားပြီး ထောပတ်ပဲ(သေး) ၃၇၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ဟင်းသီး/ရွက်နှင့် သစ်သီးဝလံဈေးကွက်အခြေအနေ

 

 မန္တလေး ကိုင်းတန်းဈေးတွင် ငရုတ်စို(ရှည်)များ မုံရွာ ၊ မိတ္ထီလာ တို့မှ ဝင်ရောက်မှုနည်းခြင်း ၊ မြို့တွင်းလုပ်ငန်းရှင်များ ပုံမှန်အဝယ်ရှိခြင်းကြောင့် တစ်ပိဿာ ၃၅၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

 

အောင်ပန်း ၊ ပြင်ဦးလွင်တို့မှ ပန်းမုံလာများ အဝင်နည်းခြင်းကြောင့် ပန်းမုံလာ တစ်ပွင့် အရည်အသွေးပေါ်မူတည်၍ ၈၀၀ ကျပ် မှ ၁၀၀၀ ကျပ် ၊ ဂေါ်ဖီတစ်ထုပ် ၇၀၀ ကျပ် ၊ မုံလာဥနီ တစ်ပိဿာ ၁၅၀၀ ကျပ် ၊ တရုတ်မုံလာဥ ၆ ပိဿာ တစ်ခြင်း ၂၀၀၀၀ ကျပ် ဈေးဖြင့် ရောင်းဝယ်နေသည်။

 

 သစ်သီးဝလံဈေးနှုန်းအနေဖြင့် ပန်းသီး ၆၀လုံးပါ တစ်ခြင်း ၈၅၀၀၀ ကျပ် ၊ရမည်းသင်း ၊ မိတ္ထီလာ မှ စပျစ်သီး ၁ ပိဿာ ၆၅၀၀ ကျပ် ဈေးရှိပြီး သီပေါ နာနတ်သီး တစ်လုံး အရည်အသွေးပေါ်မူတည်၍ ၈၀၀ ကျပ် မှ ၁၀၀၀ကျပ်  ၊ ထောပတ်သီး ၁၂၀လုံးပါ တစ်အိတ် အရည်အသွေးပေါ်မူတည်၍ ၃၅၀၀၀ ကျပ် မှ ၄၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။

 

ကျောက်ဆည် ၊  မြစ်သားတို့မှ သခွားမွှေး ၊ ရွှေသခွားများလည်း ဝင်ရောက်ပြီး ရွှေသခွား (၄)လုံး တစ်ဖာလျှင် ၈၀၀၀ ကျပ် ၊ ပိုက်သခွား ၄ လုံး တစ်ဖာ ၁၃၀၀၀ ကျပ်ဖြင့် အမှာရှိသော မြို့များသို့တင်ပို့မှုရှိသည်။

 

Source Market Information Service- DOP- MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 16 November 2023 22:20
Rate this item
(0 votes)