Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


စပျစ်ပင် ၅၀၀ စိုက်ပျိုးရန် ကျပ် ၁၈ သိန်းခန့်ကုန်ကျ

စားသုံးသူဈေးကွက်တွင် လူကြိုက်များလာသည့် စပျစ်စိုက်ပျိုးသည့်လုပ်ငန်းကို နတ်မောက်မြို့တွင် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအချို့၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြပြီး

ရရှိသည့် စပျစ်သီးများကို မြို့မဈေးသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

“ပျိုးပင် တစ်ပင်ကို ၃၅၀ ကျပ် ပေးဝယ်ရပြီး စပျစ်ပင် ၅၀၀ ကျော် စိုက်ပျိုးထားပါတယ်၊ စပျစ်သီး မှည့်ချိန်ကတော့ သတ်မှတ်ချက် မရှိပါဘူး၊ မိမိလိုချင်တဲ့ လကိုတွက်ပြီး လေးလကြို ကိုင်းဖြတ်ပေးရပါတယ်၊ လေးလခွဲဆိုရင် တစ်ခြံလုံး မှည့်လို့ ဈေးကွက်ကို တင်ပို့ရောင်းချနိုင်ပါပြီဟု” စပျစ်စိုက်ပျိုးသူ ဦးသောင်းရှိန်က ပြောပြသည်။

စပျစ်အမျိုးအစား အမျိုးမျိုးရှိပြီး ဘလပ်ကွင်း၊ သီးချွန်၊ ရွှေနီ၊ သခွားမွှေး၊ ဘောဘလပ်၊ အာဂျီ (ပန်းရောင်) တို့အနက် စားသုံးသူအကြိုက် ဈေးကွက်ဝင် အမျိုးအစားများကို ရွေးချယ်စိုက်ပျိုးကြသည်။ စပျစ်ပင် ၅၀၀ စိုက်ပျိုးပါက ပျိုးပင်ဖိုး၊ ရေတင်ရန် (စက်သုံးဆီ)၊ လုပ်အားခ၊ ဆေးဖိုး စသည်ဖြင့် ငွေကျပ် ၁၈ သိန်းခန့် ကုန်ကျမှုရှိကြောင်း သိရသည်။

MDN

Read times
Rate this item
(0 votes)