Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဆောင်းသီးနှံ ပဲတီစိမ်းဧက လေးသောင်းနှစ်ထောင်ကျော် သန်လျင်၌ စိုက်ပျိုးသွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် စိုက်ပျိုးရေးကဏ္ဍအဖြစ် တောင်သူများ မှ

မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံများစိုက်ပျိုးလျက်ရှိရာ ယခုနှစ် ဆောင်းရာသီတွင် သန်လျင်မြို့နယ်၌ ပဲတီစိမ်းဧက ၄၂၉၀၄ လျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၆ ရက် နံနက် ၁၀ နာရီက သန်လျင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ထိုသို့ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရာတွင် သန်လျင်မြို့နယ် ဝင်းခနီးကျေးရွာ၊ ဖားကူးအရှေ့ကျေးရွာ၊ ဖားကူးအနောက်ကျေးရွာ၊ ဒေးဇတ်ကျေးရွာ၊ သပြေကုန်းကျေးရွာ၊ လဟာရက်ကျေးရွာ၊ ကဒတ်ဖြာကျေးရွာ၊ ပုဂံထောင်ကျေးရွာ၊ မင်္ဂလွန်းကျေးရွာ၊ ရုံးသပြေကန်ကျေးရွာ၊ ဘော့သပြေကန်ကျေးရွာ၊ ကရင်ဆိပ်ကျေးရွာ၊ သူဌေး ကွင်းကျေးရွာ၊ ကုလားဝဲကျေးရွာ၊ ညောင်လေးပင်ကျေးရွာ၊ ငပကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ လက်ယက်စမ်း ကျေးရွာ၊ ဆေးလုံးကြီးကျေးရွာ၊ ချောင်းစောက်ကျေးရွာ၊ ဘယက်ကျေးရွာ၊ သနပ္ပင်ကျေးရွာနှင့် စစ်ပင်ကွင်းကျေး ရွာတို့တွင် ပဲတီစိမ်း ၂၂၃၇၁ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး GAP စိုက်စနစ်ဖြင့် ပုဂံထောင်ကျေးရွာတွင် ပဲတီစိမ်း ၃၂၃ ဧကနှင့် ဘော့သပြေကန်ကျေးရွာ၌ ပဲတီစိမ်း ၁၀၉ ဧကတို့အားစိုက်ပျိုးခဲ့ကာ သန်လျင်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ပဲစိုက်တောင်သူများ တစ်ဧကစိုက်ပျိုး ကုန်ကျစရိတ် သက်သာသည့် GAP စိုက်ပျိုးနည်းစနစ်များ အား တောင်သူများသို့ တိုးချဲ့အသိပညာပေး၍ ဆောင်းသီးနှံ ပဲတီစိမ်း မြို့နယ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။

သန်လျင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သန်လျင်မြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးထုတ် လုပ် သူတောင်သူများ၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ စိုက်ပျိုးသီးနှံ မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေဆီမြေလွှာနှင့် သဘာဝဓာတ်မြေသြဇာရရှိရေး၊ ပိုးသတ်ဆေးများ အန္တရာယ်ကင်းရှင်းစွာ စနစ်တကျ သုံးစွဲတတ်ရေးများကို ကွင်းဆင်းကာ လက်တွေ့ရှင်းလင်းပြသခြင်းများအား စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

myotaw.news

Read times
Rate this item
(0 votes)