Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ကွမ်းရွက်စျေးနှုန်းမြင့်တက်၍ ကွမ်းစိုက်တောင်သူများ ဝင်ငွေကောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဆားတောင်ကြီးကျေးရွာတွင် ကွမ်းနုဝါခြံများ စိုက်ပျိုး၍

အသက်မွေးဝမ်းကျောင်းပြုလုပ်သူများ ယခုဆောင်းရာသီ ကာလအတွင်း ကွမ်းနုဝါ တစ်ပိဿာကို ငွေကျပ် ၈၀၀၀ မှ ၁၀၀၀၀ အထိ စျေးကောင်းရရှိကာ ရောင်းချရသဖြင့် မိသားစုဝင်ငွေ ပိုမိုရရှိပြီး စားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်းသိရသည်။

ကွမ်းနုဝါမျိုးပင်များကို ရွှေဘိုမြို့နယ် မောင်းတက်ကျေးရွာမှ တစ်ပင်လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ဝယ်ယူပြီး ၄၅ ရက်သား မျိုးပွားထားရှိကာ ဝါဆိုလတွင် ​ခြံအတွင်းသို့ ပြောင်းရွှေ့ကာ တစ်ပင်နှင့် တစ်ပင် နှစ်ပေခြားဖြင့် စိုက်ပျိုးရကြောင်းသိရသည်။

ကွမ်းနုဝါပင်များကို ရေလောင်းပေးရာတွင် နွေးရာသီပူပြင်းချိန်၌ သုံးရက်လျှင် တစ်ကြိမ်၊ ဆောင်းရာသီ အေးသောအချိန်၌ ငါးရက်လျှင် တစ်ကြိမ်၊ မိုးရာသီတွင် မိုးရွာသွန်းမှုကိုကြည့်၍ ရေလောင်းပေးရကြောင်း သိရသည်။ ကွမ်းပင် သုံးလသားအရွယ်တွင် စတင်ခူးရပြီး ကွမ်းအပင် ၁၀၀၀ စိုက်ပျိုးထားလျှင် ကွမ်းပိဿာ ၃၀ ခန့်ရရှိကာ ၁၅ ရက်လျှင် တစ်ကြိမ်ခူးရကြောင်း၊ ကွမ်းရွက်များကို ဝက်လက်မြို့၊ ရွှေဘိုမြို့များသို့ သွားရောက် ရောင်းချရကြောင်း၊ ယခု ဆောင်းတွင်းကာလဖြစ်၍ ကွမ်းနုဝါစျေးနှုန်း မြင့်တက်လာကာ မိသားစုစာဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ကွမ်းနုဝါခြံစိုက်ပျိုးထားသူ ဆားတောင်ကြီးကျေးရွာနေ ဦးမိုးဇော်အောင်၏ ပြောပြချက်အရ သိရှိရသည်။

MDN

Read 1513 times Last modified on Saturday, 09 January 2021 10:38
Rate this item
(0 votes)