Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


သံမယိုခြံစိုက်တောင်သူများ အဆင်ပြေလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ကျောက်တိုင်ကျေးရွာအုပ်စု ၊မူးကန်းလေးကျေးရွာတွင်

သံမယိုခြံစိုက်တောင်သူများ အပိုဝင်ငွေရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သံမယိုပင်စတင် စိုက်ပျိုးတော့မည်ဆိုလျှင် မြေကို ညက်အောင်ထွန်ယက်ကာ ပျိုးပင်ကို ဝယ်ယူပြီး တစ်ပင်နှင့်တစ်ပင် ( ၁၂ ) တောင်ခြား စိုက်ရပြီး၊ တစ်ဧကဆိုလျှင် အပင် ( ၁၄၀) ခန့် စိုက်ပျိုးရ ကြာင်း တစ်နှစ်လျှင် တစ်ကြိမ်သာ ပိုးသတ်ဆေးဖျန်းပေးရကြာင်း သိရသည်။
တစ်ဧက စိုက်ပျိုးလျှင် ကုန်ကြစရိတ်မှာ ( ၅၀၀၀၀) ကျပ်သာ ကုန်ကျသော်လည်း ၊အပင် ( ၃ ) နှစ် သားအရွယ်တွင် အသီးခူး ကာရောင်းချရကြောင်း ၊တစ်ပတ်လျှင် ( ၁ )ကြိမ်သာ ခူးကာ၊ တစ်ခါခူးလျှင် ( ၉) တင်းခန့်ရရှိပြီး ၊ယခုအချိန်တွင် ( ၃ ) တင်းဝင်အိတ်၊တစ်အိတ်လျှင် ( ၈၀၀၀) ကျပ်ခန့်သာ ရောင်းချရသော်လည်း နွေရာသီ တပေါင်းလ နှင့် တန်ခူးလများတွင် ( ၃ ) တင်း ဝင်အိတ် ၊တစ်အိတ်လျှင် ( ၄၅၀၀၀) ကျပ်ခန့် ရောင်းချရကြောင်း သိရှိရပြီး ဝက်လက်မြို့နယ်အတွင်း တည်တောကျေးရွာ နှင့် ခေါတောကျေးရွာ တို့တွင်လည်း သံမယိုခြံများ စိုက်ပျိုးထားကြောင်း၊ သံမယိုစိုက်ပျိုးခြင်းကြောင့် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

MDN

Read times
Rate this item
(0 votes)