Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ပဲတီစိမ်း အီးယူသို့ တင်ပို့

မြန်မာ့ပဲတီစိမ်း အီးယူသို့ တင်ပို့

မြန်မာ့ပဲတီစိမ်းကို ဥရောပ သမဂ္ဂ အီးယူသို့ တင်ပို့နေကြောင်း သိရသည်။

အီးယူသို့ တင်ပို့နေသည့် ပဲတီစိမ်းများသည် ရန်ကုန်တိုင်း ဒေသကြီး၊ ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်တို့တွင် အီးယူနည်း ပညာဖြင့် . စိုက်ပျိုးထားသည့် ပဲတီစိမ်းများကိုသာ တင်ပို့ ခြင်းဖြစ်ကြောင်း ဧရာကုန်သွယ်မှုဗဟိုဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အီးယူနည်းပညာနဲ့မဟုတ်ဘဲ အခြားနည်းနဲ့ စိုက်ပျိုးထားတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်မှ ပဲတီစိမ်းများကိုတော့ ပြည်တွင်းစားသုံးမှုရှိတယ်။ တရုတ်ကိုလည်း တင်ပို့ပါတယ်။ အဓိကကတော့ တရုတ်ကိုသွားနေတာ ပိုများတယ်။ အရေအတွက် အများကြီးလည်းမဟုတ်ဘူး။ ဟိုဘက်က လိုသလောက် လည်း မရောင်းနိုင်သေးပါဘူး။ အိန္ဒိယကိုကျတော့ မတ်ပဲနဲ့ ပဲစဉ်းငုံပဲသွားတယ်။ အိန္ဒိယက ပဲတီစိမ်း အဝယ်နည်းတယ်။ မဝယ်သလောက်ပဲ" ဟု ၎င်းက ပြောကြားသည်။

(မြို့တော်သတင်း)

Read times Last modified on Saturday, 03 December 2022 19:35
Rate this item
(0 votes)