Fruits & Vegetables
ထောပတ်သီးမျိုးကောင်းများရွေးချယ်၍ ပြည်ပဈေးကွက်သို့ ထိုးဖောက်
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ချင်းပြည်နယ်တောင်ပိုင်းမှ ထွက်ရှိသော
ထောပတ်သီး မျိုးကောင်းများရွေးချယ်ပြီး ပြည်ပဈေးကွက်သို့ ထိုးဖောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ချင်းပြည်နယ်မှ သိရပါတယ်။
ယခင်ကတည်းက ချင်းပြည်နယ်တောင်ပိုင်းတွင် ထောပတ်သီးပင်များကို မိရိုးဖလာနည်းဖြင့် တစ်ပင်နှင့်တစ်ပင် ငါးပေ၊ ဆယ်ပေခြား၍ စိုက်ပျိုးလာခဲ့ကြပြီး ယခုနှစ်မှစတင်၍ နည်းစနစ်အသစ်ဖြင့် တစ်ပင်နှင့်တစ်ပင် ပေ နှစ်ဆယ် ပတ်လည်ခြားစိုက်ပျိုးခဲ့ရာ ၉၉% အောင်မြင်သည်ကို တွေ့ရပါတယ်။
ယခု ချင်းပြည်နယ်တောင်ပိုင်းမှထွက်ရှိသည့် ထောပတ်သီးများကို ပြင်ဦးလွင်မြို့နှင့် တောင်ကြီးမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရပါတယ်။
တင်ပို့ရာတွင် ထောပတ်သီးတစ်လုံးလျှင် ကျပ် ၄၀၀ မှ ကျပ် ၅၀၀ အထိသာ ရကြပြီး မျိုးကောင်းများရွေးချယ်၍ ပြည်ပသို့ တင်ပို့နိုင်ပါက တစ်ကီလိုလျှင် ကျပ် ၄၀၀၀ မှ ကျပ် ၅၀၀၀ အထိ ဈေးကောင်းရရှိလာနိုင်မည်ဖြစ် ကြောင်း သိရပါတယ်။
Top 10 Avocado Producing Countries
| Rank | Area | Production (Int $1000) | Production (MT) | |
| 1 | Mexico | 912,007 | 1,316,104 | |
| 2 | Indonesia | 203,868 | 294,200 | |
| 3 | Dominican Republic | 184,888 | 290,011 | |
| 4 | United States of America | 169,775 | 245,000 | |
| 5 | Colombia | 152,002 | 219,352 | |
| 6 | Peru | 148,986 | 215,000 | |
| 7 | Kenya | 129,092 | 186,292 | |
| 8 | Chile | 110,873 | 160,000 | |
| 9 | Brazil | 110,806 | 159,903 | |
| 10 | Rwanda | 100,479 |
145,000 |
|
Source: Myawaddy, mapsofworld



