Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဗီယက်နမ် သစ်သီးနှင့် ဟင်းသီးဟင်းရွက် ဈေးကွက်သစ်များသို့ တိုးချဲ့တင်ပို့

ဗီယက်နမ် သစ်သီးနှင့် ဟင်းသီးဟင်းရွက် ဈေးကွက်သစ်များသို့ တိုးချဲ့တင်ပို့


သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ တရုတ်ပြည်သို့ တင်ပို့တဲ့အခါ အခက်အခဲများ ရှိနေတဲ့အတွက် ဗီယက်နမ်လုပ်ငန်းများက စိုက်ပျိုး ထုတ်လုပ်ရေးစနစ်မှာ အမေရိကန်ဒေါ်လာ သန်းရာချီ ရင်းနှီးမြှုပ်နှံပြီး ဥရောပနှင့် အမေရိကန်ဈေးကွက်များသို့ စိုက်ပျိုးရေး ထုတ်ကုန်များ တင်ပို့ခွင့်ရအောင် ကြိုးပမ်းခဲ့ကြပါတယ်။

Vinamit Joint Stock Company မှ အထွေထွေ ညွှန်ကြားရေးမှူး Nguyễn Lâm Viên က "တရုတ်ပြည်ကို တင်ပို့ရတာ အရည်အသွေး ထိန်းချုပ်မှုများ ပိုမိုတင်းကျပ်လာတာကို ရင်ဆိုင်ကြရပါတယ်။ ‘Zero COVID’ မူဝါဒက သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်ပို့သူ အများအပြား အခက်ကြုံကြရပါတယ်" လို့ ပြောပြပါတယ်။

"Vinamit က သက်တမ်း နှစ်ပေါင်း ၂၀ ကျော် လုပ်ငန်း အတွေ့အကြုံ ရှိထားတဲ့အတွက် စိုက်ပျိုးဧရိယာ၊ ဆွတ်ခူးရိတ်သိမ်းခြင်း၊ ဈေးကွက်တင်ရန် ပြုပြင်ပေးခြင်း စတဲ့ လုပ်ငန်းစဉ်များကို ဂရုတစိုက် လုပ်ကိုင်ပါတယ်။ ကူးစက်ရောဂါ ကာကွယ်ရေး စံသတ်မှတ်ချက်များနှင့်အညီ တင်းတင်းကျပ်ကျပ် လိုက်နာပါတယ်။ ယခုအခါ ဥရောပနှင့် အမေရိကန်ဈေးကွက်များမှာ အဝယ်လိုက်နေပါတယ်" လို့ သူက ပြောကြားပါတယ်။

GC Food Joint Stock Company (GC Food)
ရဲ့ အထွေထွေညွှန်ကြားရေးမှူး Nguyễn Văn Thu က " ကျွန်တော်တို့ စနစ်တကျ ရင်းနှီးမြှုပ်နှံသွားဖို့ ဆုံးဖြတ်ထားပါတယ်။ ကုန်ကြမ်းမှ ကြန်ချောအထိ စနစ်တကျ လုပ်ဆောင်ပြီး ဈေးကွက်အသစ်တွေထဲ ဝင်ရောက်ပါမယ်" လို့ ပြောကြားပါတယ်။
လောလောဆယ်မှာ သစ်သီးနှင့် ဟင်းသီးဟင်းရွက် အအေးပေး စက်ရုံတစ်ရုံကို ဗီယက်နမ်ဒေါင် ၁၀၀ ဘီလျံ အရင်းအနှီးပြုပြီး ဆောက်လုပ်နေပါတယ်။ ထောပတ်သီး၊ သရက်သီး၊ ဒူရင်းသီးတို့ကို လုပ်ကိုင်မှာ ဖြစ်ပါတယ်။

ကိုဗစ် ကပ်ဘေးမှ နာလန်ထတဲ့အခါ ဝယ်လိုအား မြင့်တက်လာလို့ ၂၀၂၁ မှာ ၂၀၂၀ ထက် တန်ဖိုးပမာဏ ၂ ဆ တင်ပို့ နိုင်ခဲ့ပါတယ်လို့ သူက ပြောကြားပါတယ်။


အီးယူဈေးကွက်သို့ တင်ပို့နေတာ နှစ်ပေါင်းအတော်ကြာပြီဖြစ်တဲ့ Vina T&T Joint Stock Company မှ အထွေထွေမန်နေဂျာ Nguyễn Đình Tùng က " အီးယူနဲ့ အကောက်ခွန်မဲ့ ကုန်သွယ်ရေး သဘောတူညီချက်ရထားတာ အာရှပစိဖိတ်ဒေသမှာ ဗီယက်နမ် တစ်နိုင်ငံပဲ ရှိတာကြောင့် ဗီယက်နမ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးတွေ အီးယူကို တင်ပို့ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိနေပါတယ်" လို့ ရှင်းပြပါတယ်။

" EU Free Trade Agreement စတင်သက်ရောက်တဲ့အခါ ဗီယက်နမ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးတွေ အီးယူကို ဝင်တဲ့အပေါ် အကောက်ခွန်က သုည ဖြစ်သွားပြီ ဆိုတော့ ဒေသတွင်းမှ အခြားနိုင်ငံများထက် ဗီယက်နမ်က အားသားချက် ရှိနေစေတယ်" လို့ သူက ရှင်းပြပါတယ်။

သူက ဆက်လက် ရှင်းပြခဲ့ရာ အီးယူမှာ ဈေးကွက်ဝေစု ရဖို့ လွယ်သော်လည်း အီးယူရဲ့ စံသတ်မှတ်ချက်များက ပြင်းထန်တင်းကျပ်တယ်လို့ ဆိုပါတယ်။ Global GAP, HACCP , SMETA စတဲ့ လက်မှတ်တွေ ကုမ္ပဏီ ရရှိထားမှ ဆက်လုပ်လို့ ရမယ်လို့ သူက ပြောပြပါတယ်။

ဗီယက်နမ် သစ်သီးနှင့် ဟင်းသီးဟင်းရွက်အသင်း Vietnam Fruit and Vegetable Association ဥက္ကဋ္ဌ Nguyễn Thanh Bình က ဗီယက်နမ် သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်ပို့တဲ့ ပြည်ပဈေးကွက်များမှာ တရုတ်ဈေးကွက်က အများဆုံးတင်ပို့တဲ့ ဈေးကွက် ဖြစ်ပြီး တန်ဖိုးအားဖြင့် ၆၅~၈၀% ကို တရုတ်ဈေးကွက်သို့ တင်ပို့ပါတယ်။
ဒါပေမဲ့ ယခုနှစ် ပထမ ၂လမှာ တရုတ်ပြည်သို့ တင်ပို့တဲ့ တန်ဖိုးပမာဏက ယခင်နှစ် အလားတူကာလထက် ၁၉% လျော့ကျခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ဖိုးမျှသာ ရှိခဲ့ပါတယ်လို့ သူက ပြောပြပါတယ်။
ယင်း ၂ လမှာ အမေရိကန်သို့ အမေရိကန်ဒေါ်လာ ၄၆ သန်းဖိုးကိုလည်းကောင်း၊ တောင်ကိုရီးယားသို့ အမေရိကန်ဒေါ်လာ ၂၅ သန်းဖိုးကို လည်းကောင်း၊ ဂျပန်သို့ အမေရိကန်ဒေါ်လာ ၂၃ သန်းဖိုးကို လည်းကောင်း တင်ပို့နိုင်ခဲ့ပါတယ်။
တရုတ်ပြည်အစား အခြားဈေးကွက်များသို့ ပိုမိုတင်ပို့လျက် ရှိနေပြီး အမေရိကန်၊ ယူကေ၊ ဩစတေးလျ၊ ဂျပန်၊ ကနေဒါ၊ အီးယူ ဈေးကွက်များမှာ အလားအလာကောင်းများ ရှိနေတယ်လို့ သူက ပြောကြားပါတယ်။

Read times Last modified on Wednesday, 06 April 2022 17:21
Rate this item
(0 votes)