Fruits & Vegetables



မန္တလေးဈေးကွက် ဆန်နင့်ပဲ အမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

မန္တလေးဈေးကွက် ဆန်နင့်ပဲ အမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

စက်တင်ဘာ  ၂၀၂၃

 

       


ဆန်နှင့်ဆီဈေးကွက်အခြေအနေ


မန္တလေးကိုင်းတန်းဈေးတွင် ဆန်ဈေးနှုန်းများကိုလေ့လာပါက ရန်ကုန်ပေါ်ဆန်း၊ ရွှေဘို ပေါ်ဆန်း တို့မှာ အသစ်မဝင်သေးခြင်း မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့် ရွှေဘိုပေါ်ဆန်းတစ်အိတ် (တစ်တင်းခွဲ) ၁၅၀၀၀၀ကျပ် မှ ၁၅၅၀၀၀ကျပ် သို့ ဈေးမသိမသာမြင့်သွားပြီး ရန်ကုန်ပေါ်ဆန်းမှာ ၁၂၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
မနောသုခဆန်မှာ မိုးစပါးဝင်ချိန်နီးခြင်း၊ လှောင်လက်ထုတ်ရောင်းမှုရှိခြင်းကြောင့် တစ်အိတ် ၈၅၀၀၀ကျပ် မှ ၈၂၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။
ငစိန် နှင့် ဇိယာဆန် မှာလည်း အသစ်မဝင်သေးခြင်း၊ အဝေးတင်ပို့ရမှုနည်းခြင်း၊ လုပ်ငန်း သမားဝယ်ယူမှု ပုံမှန်သာရှိခြင်းကြောင့် တစ်အိတ်လျှင် ငစိန်ဆန် ၆၅၀၀၀ကျပ် ၊ ဇိယာဆန် ၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဧရာမင်းဆန်မှာ အထွက်နည်း အဝင်နည်းခြင်း၊ မြို့တွင်းစားသုံးမှုများခြင်းကြောင့် တစ်အိတ် ၁၄၀၀၀၀ကျပ် မှ ၁၄၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။


ဆီဈေးနှုန်းများအနေဖြင့် ပဲဆီတစ်ပိသာ ၁၅၀၀၀ ကျပ်၊ နှမ်းဆီတစ်ပိသာ ၁၃၅၀၀ ကျပ်၊ နေကြာဆီ ၁၂၀၀၀၀ မှ ၁၃၀၀၀ကျပ်၊ ပဲပုတ်ဆီ ၇၀၀၀ကျပ်၊ မုန့်ညှင်းဆီ ၁၀၀၀၀ကျပ်ဖြင့် ဈေးတည် ငြိမ်နေသည်။


ဆီထွက်သီးနှံဈေးကွက်အခြေအနေ


မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆံ/ဆီဆံ) ဈေးနှုန်းမှာ မိုးမြေပဲဝင်ချိန်နီးခြင်း၊ တရုတ်ငွေဈေးအေးသဖြင့် တရုတ်ဝယ်လက်နည်း ခြင်း၊ လုပ်ငန်းသမားဝယ်ယူမှုသာရှိခြင်းကြောင့် မြေပဲ(လုံးဆံ) ၁၀၀ပိသာလျှင် အရည်အသွေး အကောင်းဆုံး ၇၈၀၀၀၀ကျပ် မှ ၇၀၀၀၀၀ကျပ်သို့လည်းကောင်း၊ မြေပဲ (ဆီဆံ)မှာ ဆီစက်သမား အဝယ်နည်းခြင်း၊ မိုးမြေပဲဝင်ချိန်နီး၍ လှောင်သမားထုတ်ရောင်းမှုရှိခြင်းကြောင့် ၁၀၀ပိသာ ၇၁၀၀၀၀ကျပ် မှ ၆၅၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။
နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် မိုးနှမ်းစတင်ဝင်ရောက်စဖြစ်ခြင်း တရုတ်ငွေဈေးအေးသဖြင့် တရုတ်ဝယ်လက်နည်းခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် နှမ်းဖြူ ၄၅ပိသာ အရည်အသွေး အကောင်းဆုံး ၄၁၀၀၀၀ကျပ် မှ ၃၉၅၀၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး၊ နှမ်းညိုမှာ ၃၁၈၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းနက်(စမုံ) အရည်အသွေးအညံ့ဆုံး ၂၁၈၀၀၀ကျပ်မှ အကောင်းဆုံး ၃၆၀၀၀၀ကျပ်၊ နှမ်းဝါ ၃၂၅၀၀၀ကျပ်၊ နှမ်းနီ ၃၃၀၀၀၀ကျပ် ဈေးအသီးသီးဖြင့် ရောင်းဝယ်နေသည်။
ပန်းနှမ်းမှာ အသစ်ဝင်ချိန်နီးခြင်း၊ လက်ကျန်နည်းခြင်းကြောင့် ၄၅ပိသာ ၁၉၅၀၀၀ကျပ် အမြင့်ဈေးဖြင့်တည်ငြိမ်နေသည်။
နေကြာဈေးနှုန်းအနေဖြင့် မိုးနေကြာအဝင်နည်းသေးခြင်း၊ လက်ကျန်နည်းခြင်းကြောင့် အရည်အသွေးပေါ်မှုတည်၍ ၁၃၅၀၀၀ကျပ်မှ ၁၄၀၀၀၀ကျပ် အမြင့်ဈေးဖြင့်တည်ငြိမ်နေသည်။


စားဖိုဆောင်သီးနှံဈေးကွက်အခြေအနေ


မန္တလေးတိုင်းတန်းဈေး ကြက်သွန်ပွဲရုံများတွင်၊ မုံရွာ၊ မြင်းခြံ၊ ထီးဆောင်နယ်စုံမှ ဝင်ရောက် သော်လည်း တရုတ်ဝယ်လက်နည်းခြင်းကြောင့် ကြီး တစ်ပိသာ ၃၅၀၀ကျပ်၊ လတ် တစ်ပိသာ ၃၃၀၀ကျပ်၊ သေး တစ်ပိသာ ၃၂၀၀ကျပ် အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။ ပင်ရင်းဒေသများတွင် လက်ကျန်နည်းသွားသောကြောင့် မန္တလေးဈေးကွက်မှ ဘင်္ဂလားပို့ရန် အလားအလာ ရှိနိုင်ကြောင်း သိရသည်။
ကြက်သွန်ဖြူ(တရုတ်) မှာအဝင်ပုံမှန် စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်ပိသာ ၈၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ကြက်သွန်ဖြူ(ရှမ်း) မှာ အရည်အသွေးပေါ်မှုတည်၍ တစ်ပိသာ ၇၀၀၀ကျပ် မှ ၈၅၀၀ကျပ်ထိ ဈေးအသီးသီးဖြင့် ရောင်းဝယ်နေသည်။
အာလူးဈေးနှုန်းမှာ တရုတ်အားလူးများသာအဝင်များပြီး မြို့တွင်းသုံးပုံမှန်ရှိနေသဖြင့် တစ်ပိသာ ၂၃၀၀ကျပ် မှ ၂၂၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။
ချင်းဈေးနှုန်းမှာ ချင်းသစ်များဝင်ရောက်မှုရှိပြီး ချင်းသစ်တစ်ပိသာ ၃၀၀၀ကျပ်၊ ချင်းဟောင်း တစ်ပိသာ ၆၀၀၀ကျပ်ဈေးရှိသည်။ စားဖိုဆောင်သီးနှံများအား မြစ်ကြီးနား၊ ကသာ၊ မောင်းတော၊ စဉ့်ကူး၊ ရွှေကူ တို့တင်ပို့မှုရှိကြောင်းသိရသည်။


ပဲမျိုးစုံဈေးကွက်အခြေအနေ


မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် မတ်ပဲဈေးနှုန်းအနေဖြင့် လက်ကျန်နည်းသော်လည်း ရန်ကုန်ဝယ်လက်အဝယ်နည်းခြင်း၊ မြို့တွင်းပဲခွဲစက်များ အဝယ်ရှိခြင်း ကြောင့် ၃တင်းတစ်အိတ် ၂၄၀၀၀၀ကျပ် မှ ၂၄၃၀၀၀ ကျပ်သို့ ဈေးမသိမသာ မြင့်သွားသည်။
ပဲတီစမ်း (အညာ) မှာ မိုးပဲအသစ်များ စတင်ဝင်ရောက်ခြင်း၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် အရည်အသွေး အညံ့ဆုံး ၃တင်းတစ်အိတ် ၁၅၅၀၀၀ ကျပ်မှ အရည်အသွေး အကောင်းဆုံး ၁၇၀၀၀၀ ကျပ် ဈေးအသီးသီးဖြင့် အရောင်းအဝယ်ရှိနေသည်။
ပဲစဉ်းငုံ (ဖြူ/နီ )မှာ စတင်စိုက်ပျိုးစ ကာလဖြစ်ခြင်း၊ လှောင်လက်ထံမှ ဝယ်ရခြင်းတို့ကြောင့် ပဲစဉ်းငုံ (ဖြူ) တစ်အိတ် ၃၀၀၀၀၀ ကျပ်မှ ၃၃၀၀၀၀ ကျပ်၊ ပဲစဉ်းငုံ (နီ) ၃၅၀၀၀၀ ကျပ်မှ ၃၈၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ပဲပုတ် (မြန်မာ/ရှမ်း) တို့မှာ ပဲပုတ် (မြန်မာ) မိုးပဲဝင်ချိန် နီးခြင်းကြောင့် လှောင်သမား ထုတ်ရောင်းမှုရှိခြင်း၊ လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် တစ်အိတ် ၂၅၀၀၀၀ ကျပ်မှ ၂၄၅၀၀၀ ကျပ်သို့ဈေးမသိမသာ နိမ့်သွားပြီး ပဲပုတ် (ရှမ်း) မှာ လက်ကျန်နည်းသော်လည်း ဆီစက်သမား အဝယ်နည်းခြင်းကြောင့် မိုးမိတ် ပဲပုတ် ၃တင်းတစ်အိတ် ၁၇၇၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး မိုးညင်းပဲပုတ်မှာ ၁၇၀၀၀၀ ကျပ်မှ ၁၇၈၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ကုလားပဲ ဈေးနုန်းများအနက် ကုလားပဲ (လုံးဖြူကြီး) မှာ လက်ကျန်နည်းခြင်းကြောင့် လုပ်ငန်းသမား ပဲကြော် /လှော်သမားအဝယ်နည်းသော်လည်း ၂၇၂၀၀၀ ကျပ်မှ ၂၇၃၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ကုလားပဲ (လုံးဝါကြီး) လက်ကျန်နည်းသော်လည်း ခွဲစက်သမား အဝယ်နည်းခြင်း ကြောင့် ၃တင်းတစ်အိတ် ၂၆၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ခွဲခြမ်းမှာ (လုံးဝါကြီး) အမြင့် ဈေးဖြင့် ဝယ်ယူကြိတ်ခွဲရခြင်းကြောင့် တစ်ပိဿာကို ၆၃၀၀ ကျပ်မှ ၆၅၀၀ ကျပ်သို့ ဈေးမြင့်သွား သည်။
ပဲယင်း စားတော်ပဲ (ကျွန်း)၊ မြေတောက်ပဲ၊ ပဲလွန်းဖြူ၊ ပဲလွန်းပြာတို့မှာ လက်ကျန်နည်းခြင်း မိုးပဲ မဝင်သေးခြင်းကြောင့် လက်လီ သမားအဝယ် အနည်းငယ် သာရှိခြင်းကြောင့် ပဲယင်း ၃တင်း တစ်အိတ် ၁၈၀၀၀၀ ကျပ်၊ မြေတောက်ပဲ ၃၇၀၀၀၀ ကျပ်၊ စားတော်ပဲ (ကျွန်း) ၃၉၀၀၀၀ ကျပ် ပဲလွန်းဖြူ၁၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲကြီး (ကြီး/သေး)၊ ထောပတ်ပဲ (ကြီး/သေး) တို့မှာ မိုးပဲမဝင်သေးခြင်း ၊လုပ်ငန်းသမား အဝယ်သာ ရှိခြင်းကြောင့် လက်ကျန်နည်းသော် လည်း ပဲကြီး (ကြီး) ၃တင်းတစ်အိတ် ၃၂၀၀၀၀ ကျပ် ပဲကြီး (သေး) ၃၀၀၀၀၀ ကျပ် ထောပတ်ပဲ (ကြီး) ၃၈၀၀၀၀ ကျပ်၊ ထောပတ်ပဲ(သေး) ၃၅၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


ဂျုံ နှင့် အစေ့ထုတ်ပြောင်း ဈေးကွက်အခြေအနေ


မန္တလေးပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဂျုံဈေးနှုန်းအနေဖြင့် လတ်ကျန် နည်းခြင်း၊ စိုက်ပျိုးရန်ပြင်ဆင်စဖြစ်၍ ပွဲရုံ နှင့် လှောင်သမားထံမှဝယ်ရခြင်းကြောင့် ငါန်းဇွန်းမြို့သာ၊ မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ ဆားတောင်၊ မြင်းမှု၊ မြောင် ဂျုံများ ၃တင်းအိတ် ၁၉၀၀၀၀ကျပ် မှ ၂၂၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ကလေးဂျုံမှာ ၁၉၀၀၀၀ကျပ် ၊ ရှမ်းဂျုံမှာ ၁၉၅၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။ ကြူကုတ်ဂျုံမျာလည်း ယခင်အပတ်အတိုင်းအဝင်ပုံမှန်ရှိခြင်းကြောင့် ၁၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဩစတေးလျဂျုံမုန့်မှာ အဝင်နည်းလက်ကျန်နည်းခြင်းကြောင့် တစ်ပိသာ ၃၃၀၀ကျပ် မှ ၃၅၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ဂျုံဖွဲ တစ်ပိသာ ၁၃၅၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။
အစေ့ထုတ်ပြောင်းမှာ မိုးပြောင်းဝင်ရောက်စပြုခြင်း၊ ပင်းရင်းဒေသမှ မြဝတီဘက်အပို့ရှိပြီး မန္တလေးဈေးကွက်မှ အစာစပ်သမားအဝယ်သာရှိခြင်းကြောင့် ၅၄ပိသာ ၆၃၀၀၀ကျပ် မှ ၆၁၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

ဟင်းသီး/ရွက်နှင့် သစ်သီးဝလံဈေးကွက်အခြေအနေ


မန္တလေးကိုင်းတန်းဈေးတွင် ခရမ်းချဉ်(ရှမ်းတောင်) မှာ အင်းသီးများသာ ဈေးကွက်အတွင်း ရှိခြင်းကြောင့် ၂၀ပိသာ တစ်သေတ္တာ ၄၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။ ငရုတ်စို(ရှည်)မှာ တပ်ကုန်း၊ သာစည်မှ အဝင်များခြင်းကြောင့် ယခင်အပတ် ၁၉၀၀ မှ ၁၈၀၀ ကျပ်၊ ငရုတ်စို(လတ်)မှာ ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ မုံရွာ၊ ချောင်းဦးမှ ဝင်ရောက်ပြီး ကွပ်ခိုင် ၅ရက် တစ်ဈေးနှင့် လုပ်ငန်းသမား အဝယ်သာရှိခြင်းကြောင့် တစ်ပိသာ ၅၀၀၀ကျပ် မှ ၄၅၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။
သစ်သီးဝလံဈေးနှုန်းအနေဖြင့် ပန်းသီး(အိပ်စွပ်) ၂၀၀လုံးပါ တစ်ဖာလျှင် ၈၀၀၀၀ကျပ် မြန်မာစပျစ်သီး တစ်ပိသာ ၅၀၀၀ကျပ်၊ တရုတ်စပျစ်သီးအလုံးကြီး ၇ပိသာ တစ်ခြင်း ၄၅၀၀၀ကျပ် သီပေါမှ နာနတ်သီးများ အဝင်နည်းသွားခြင်းကြောင့် တစ်လုံး ၈၀၀ကျပ် မှ ၁၅၀၀ကျပ် သို့ ဈေးမြင့်သွားပြီး အရည်အသွေးပေါ်မှုတည်၍ ရောင်းချမှုရှိသည်။ သစ်သီးမျိုးစုံကို ရွှေကူ၊ မြင်းခြံ ပခုက္ကူ၊ လားရှိုး၊ မှုဆယ်နှင့် အမှာရှိသောမြို့များသို့ တင်ပို့မှုရှိသည်။

 

Source MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Monday, 11 September 2023 13:24
Rate this item
(0 votes)