Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မုံလာဥဖြူစိုက်ပျိုးခြင်းဖြင့် နှစ်လအတွင်း ဝင်ငွေရရှိ အဆင်ပြေလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မြင်တော်ကျေးရွာအုပ်စု တိုက်ကုန်းကျေးတွင် မုံလာဥဖြူ စိုက်ပျိုးခြင်းဖြင့်

နှစ်လအတွင်း ဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြာင်း မုံလာဥဖြူ စိုက်ပျိုးထားသူတောင်သူများထံက သိရသည်။
မုံလာဥဖြူပင်သည် သဲဆန်သောမြေတွင်သာ စိုက်ပျိုးဖြစ်ထွန်းပြီး မျိုးစေ့ချကာ စိုက်ပျိုးရကြောင်း ဧက တစ်ဝက် စိုက်မည်ဆိုလျှင် မျိုးစေ့ အထုတ် ၃ ထုတ်စိုaက်ရပြီး ၊ စိုက်ခင်းအတွင်းသို့ အပင်အားဆေး ၊ ပိုးသတ်ဆေး ၊ မြေဆီအနည်းငယ် ပတ်ဖျန်းပေးရကာ ၊ ကုန်ကျစရိတ်မှာ ကျပ်တစ်သိန်းခွဲခန့်သာ ကုန်ကျမှာဖြစ်ပါကြောင်း နေ့စဉ်ရေလောင်းပေးပြီး နှစ်လအကြာ မြေကြီးပေါ်တွင် ပေါ်လာသော မုံလာဥဖြူကို နှုတ်ယူပြီး၊ ကပ်နေသောသဲများ သန့်ရှင်းသွာအောင် ရေဆေးပေးပြီးစျေးကွက်သို့တင်ပို့ရောင်းချရကြောင်း မုံလာဥဖြူအပင် ၅၀ ကို ယခုအချိန်တွင် ပေါက်စျေး ၂၂၀၀ ကျပ်ဖြင့် ဝက်လက်မြို့သို့ သွာရောက် ရောင်းချရာ မုံလာဥဖြူ ဧကတစ်ဝက် စိုက်ပျိုးထားခြင်းဖြင့် နှစ်လအတွင်းငွေကျပ် ၅ သိန်းခန့် ဝင်ငွေရရှိသည့်အတွက် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း မုံလာဥဖြူ စိုက်ပျိုးထားသူ တိုက်ကုန်းကျေးရွာနေ ဦးတင့်ဝေ၏ ပြောကြားချက်အရ သိရသည်။

MDN

Read times
Rate this item
(0 votes)