Fruits & Vegetables



ပြည်တွင်းသာမက ပြည်ပစျေးကွက်အထိ မှာယူမှုများပြားနေသည့် မက္ကဒေးမီးယား

ပြည်တွင်း၌သာမက ပြည်ပစျေးကွက်အထိပါ မှာယူမှုများပြားနေသည့် မက္ကဒေးမီးယား နှစ်ရှည်သီးနှံ စိုက်ပျိုးမှုများ

လာရာ နိုင်ငံတစ်ဝန်းဒေသအချို့တွင် ယခုဘဏ္ဍာနှစ်အထိ ဧကပေါင်း ၁၂၀၀၀ ကျော် စိုက်ပျိုးလျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရသည်။

 

မက္ကဒေးမီးယားသီးနှံ၏ မူရင်းဒေသမှာ ဩစတြေးလျနိုင်ငံဖြစ်ပြီး အပင်မှာ အပင်လတ်၊ အပင်ကြီးများဖြစ်ကာ အမြဲစိမ်းသစ်တောပင်ဖြစ်၍ နှစ်ရှည်ပင်အမျိုးအစားဖြစ်သည်။ အရွယ်ရောက်ပြီး အပင်သည် အမြင့်ပေ ၆၀ နှင့်အထက်ရှိပြီး အကျယ်ပေ ၄၀ခန့်အထိ ဘေးကိုင်းများဖြာထွက်သည်။

 Lucky Bag Swallow Plastic Trading

မက္ကဒေးမီးယား စေ့ဆန် ၁၀၀ ဂရမ်လျှင် အင်အားဖြစ်စေသော ကယ်လိုရီ ၆၉၀ ပါဝင်ပြီး ရေဓာတ် သုံးရာခိုင်နှုန်း၊ ပရိုတင်း ရှစ်ရာခိုင်နှုန်း၊ အဆီဓာတ် ၇၁ ရာခိုင်နှုန်း၊ ကာဘိုဟိုက်ဒရိတ် ၁၆ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ၂ ဒသမ ၅ ရာခိုင်နှုန်း၊ ပြာဓာတ် ၂ ရာခိုင်နှုန်းနှင့် ထုံးဓာတ်၊ ဖော့စဖိတ်ဓာတ်၊ သံဓာတ်၊ ပိုတက်ဆီယမ်ဓာတ်အနည်းငယ်စီ ပါဝင်ကာ သိုင်ရာမင်း၊ ရိုင်ဗိုဖလေဗင်နှင့် နိုင်ရာဆင်ဓာတ်များပါဝင်ကြောင်း သိရသည်။

 

“မက္ကဒေးမီးယားသီးနှံဟာဆိုရင် ဥရောပနိုင်ငံတွေမှာ စျေးကွက်ချိတ်ဆက်မှု အများကြီးရတယ်ဆိုပေမယ့် ကျွန်တော်တို့ဆီမှာ နည်းပညာတော့ လိုအပ်နေသေးပါတယ်။ ကျွန်တော်တို့ နိုင်ငံက သီးနှံနဲ့ သူတို့နိုင်ငံက သီးနှံယှဉ်လိုက်မယ်ဆိုလို့ရှိရင် သူတို့ဆီက မက္ကဒေးမီးယားက အခွံချွတ်ထားပြီး ခွဲလိုက်လို့ရှိရင် အခြမ်းလေးက နှစ်ခြမ်းပဲ၊ အလုံးလေးတွေကလည်း ညီနေတယ်၊ ကျွန်တော်တို့ဆီမှာက ပဲစေ့၊ နှမ်းစေ့လောက်လေးကနေ စပြီးတော့မှ အကြီးကြီးထိ မညီမညာနဲ့ ရှိတာပါ။ တကယ်တမ်းက Export လုပ်ဖို့ ရည်ရွယ်တယ်ဆိုလို့ရှိရင် ထွက်လာတာကတော့ အသီးက ညီတယ်လို့ပြောလို့မရဘူး။ ဒါတွေကို ပြန်လုပ်ရမှာပါ။ စားကြည့်ရင်တော့ အရသာက ရှိတယ်။ ဝယ်လက်တွေကလည်းကုတ်ဒေးရှင်း ပို့ပေးပါဆိုပြီးတော့ ပြောတာတွေရှိတယ်” ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) ဒုတိယဥက္ကဌ ကရှင်းပြသည်။

 

မက္ကဒေးမီးယားနှစ်ရှည်သီးနှံမှာ အသီးမှတစ်ဆင့် အစေ့အဆန်ထုတ်ယူရသည့် အပင်မျိုးဖြစ်ပြီး လူသိနည်းကာ ဝင်ငွေကောင်းမွန်၍ ကျန်းမာရေးအတွက် အကျိုးပြုသည့်သီးနှံမျိုးသစ်ဖြစ်ကြောင်း၊ လက်ရှိပြည်တွင်း၌ ရေမြေဒေသနှင့် သင့်လျှော်သည့်ဒေသများတွင် တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: The Mirror

Myanmar Food Industry Guide

Read times Last modified on Wednesday, 18 January 2023 16:11
Rate this item
(1 Vote)