Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ကော်ဖီစေ့ ဈေးတက်မည် ခန့်မှန်း

ကော်ဖီစေ့ ဈေးတက်မည် ခန့်မှန်း

ဗီယက်နမ်တွင် ကော်ဖီစေ့အမြောက်အများ ရှိခဲ့ရာမှ ယခုအခါ လက်ကျန်လျော့နည်းနေခြင်းသည် ကမ္ဘာ့‌ကော်ဖီစျေးနှုန်းများ ပိုမိုမြင့်တက်လာစေရန် တွန်းအားပေးလိမ့်မည်။

ကမ္ဘာ့အများဆုံး robusta ကော်ဖီတင်ပို့သူသူနှင့် ကမ္ဘာ့ဒုတိယအများဆုံး ကော်ဖီထုတ်လုပ်သူ ဗီယက်နမ်မှ ထွက်ရှိမှုသည်  ၂၀၂၂-၂၃ တွင် ကျဆင်းသွားဖွယ်ရှိသည်ဟု Bloomberg မီဒီယာက ခန့်မှန်းထားသည်။ စက်တင်ဘာလကုန် လက်ကျန်မှာ ယမန်နှစ်ကထက် တဝက်သာ ရှိလိမ့်မည်။

လက်ကျန်နည်းခြင်းနှင့် အထွက်လျော့ကျခြင်းတို့သည် ကိုဗစ်အလွန် ကော်ဖီသောက်သုံးမှု ပြန်များလာချိန်နှင့် တိုက်ဆိုင်နေသည်။ သို့ဖြစ်ရာ ဝယ်လိုအား မြင့်လာချိန် ရောင်းနိုင်မှုက လျော့ကျသဖြင့် ကော်ဖီ ဈေးတက်သည်။

robusta ကော်ဖီ ဈေးနှုန်း ၁၀ လကြာ ဈေးကျနေခဲ့ရာမှ ဇူလိုင်လလယ်တွင် ၁၇% ဈေးတက်သည်။

Robusta ကို အသင့်ဖျော် ကော်ဖီထုပ် ထုတ်လုပ်သူများ သုံးစွဲကြသည်။ arabica ကော်ဖီထက် robusta ကော်ဖီက ဈေးသက်သာသည်။ ကုန်ဈေးနှုန်းများ မြင့်တက်နေချိန် ဈေးသက်သာသည်ကို ရွေးချယ်ဝယ်ယူကြသဖြင့် robusta အဝယ်လိုက်သည်။

ဗီယက်နမ်ကော်ဖီစေ့ ၂၀၂၂ ဇန်နဝါရီလမှ ဇူလိုင်လအထိ တန်ချိန် ၁.၁၃ သန်း တင်ပို့ခဲ့သည်။ ယမန်နှစ် အလားတူကာလထက် ၁၇% ပိုများသည်။ ကွန်တိန်နာများ ရရှိရန်နှင့် သင်္ဘောတင်ရန် ယခုနှစ်တွင် ယမန်နှစ်ကထက် ပိုအဆင်ပြေသဖြင့် တင်ပို့မှု ပိုများစေခဲ့သည်။ သို့သော် လက်ကျန်ပမာဏ လျော့နည်းသွားစေခဲ့သည်။

ဟွန်ဒူးရပ်စ်၊ ဂွါတီမာလာနှင့် နီကာရာဂွါတို့သည်လည်း ၂၀၂၁-၂၂ ရိတ်သိမ်းခဲ့သည့် ကော်ဖီစေ့ လက်ကျန် ပြတ်လပ်နေပြီဖြစ်သည်။

ဘရာဇီးကော်ဖီ မိုးခေါင်ခြင်းနှင့် အအေးလွန်ကဲ ရေခဲခြင်းတို့ကြောင့် အထွက်နည်းသည်။

ကိုလံဘီယာကော်ဖီ မိုးများသဖြင့် စိုက်ခင်းများ ပျက်စီးထားသည်။

 ယူဂံဒါကော်ဖီ robusta သည်လည်း မိုးခေါင်သဖြင့် အထွက်နည်းသည်။

ဗီယက်နမ် ကော်ဖီထုတ်လုပ်မှုတွင် ၉၀% သည် robusta ကော်ဖီစေ့များ ဖြစ်သည်။

ဗီယက်နမ်တွင် အောက်တိုဘာလ ၁ ရက် ရာသီသစ် မစခင် ရာသီဟောင်း လက်ကျန် တန်ချိန် ၂ သိန်း ကျန်သည်။ ယမန်နှစ်က ရာသီဟောင်း ကော်ဖီစေ့ တန်ချိန် ၄ သိန်း ကျန်သည်။ 

ရာသီသစ် အထွက်နှုန်းသည် ၆% လျော့နည်းလိမ့်မည်ဟု ခန့်မှန်းထားသည်။ ၂၀၂၂-၂၃ အတွက် တန်ချိန် ၁.၇၂ သန်း ထွက်မည်ဟု ခန့်မှန်းထားသည်။ 

ဗီယက်နမ်ကော်ဖီ လက်ကျန် လျော့နည်းနေသဖြင့် ဗီယက်နမ်ကော်ဖီ ထုတ်လုပ်မှု၏ သုံးပုံ တစ်ပုံကို ထုတ်လုပ်ပေးနေသည့် Dak Lak ပြည်နယ်တွင် ကော်ဖီစေ့ ဈေးနှုန်း စံချိန်တင် မြင့်တက်လျက်ရှိရာ ပြီးခဲ့သည့် သီတင်းပတ်တွင် တစ်ကီလို ဒေါင် ၄၉,၁၀၀ ( ကန်ဒေါ်လာ ၂.၀၉) အထိ ရောက်ရှိနေသည်။

Source: .straitstimes

#MyanmarFoodIndustryGuide 

Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(0 votes)