Fruits & Vegetables



ဗီယက်နမ် ဟင်းသီးဟင်းရွက်၊ သစ်သီး ပြည်ပတင်ပို့မှု ၂၀၂၃ ခုနှစ်တွင် စံချိန်သစ်တင်

ဗီယက်နမ် ဟင်းသီးဟင်းရွက်၊ သစ်သီး ပြည်ပတင်ပို့မှု ၂၀၂၃ ခုနှစ်တွင် စံချိန်သစ်တင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဗီယက်နမ်၏ သစ်သီးနှင့် ဟင်းသီး ဟင်းရွက် ပြည်ပတင်ပို့မှု ဝင်ငွေသည် ၂၀၂၃ ခုနှစ်တွင် တရုတ်ထံမှ ဝယ်လိုအား မြင့်တက်လာခြင်းကြောင့်  စံချိန်သစ် ဒေါ်လာ ၅.၆ ဘီလီယံအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၂၂ ခုနှစ်ထက် ၆၅.၅ ရာခိုင်နှုန်း ပိုများမည် ဖြစ်သည်။  

ဗီယက်နမ် သစ်သီးနှင့် ဟင်းသီး ဟင်းရွက် ပြည်ပတင်ပို့မှု ဝင်ငွေစုစုပေါင်း၏ သုံးပုံနှစ်ပုံသည် တရုဆ်သို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။ 

 

သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ပြည်ပတင်ပို့သည့် ဝင်ငွေသည် ဆန်၊ သီဟိုဠ်စေ့၊ ကော်ဖီနှင့် ပီလောပီနံစသည့် အခြားအဓိကထုတ်လုပ်သည့် အမျိုးအစားအားလုံးထက် ကျော်လွန်နေသည်ဟု ဗီယက်နမ် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များအသင်း Vietnam Fruits & Vegetables Association (Vinafruit) က ပြောကြားသည်။

 

သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ပြည်ပပို့ကုန် ဝင်ငွေသည် လျာထားချက်ထက် ၄၀% ကျော်လွန်ခဲ့သည်။ 

 

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လတာတွင် တရုတ်နိုင်ငံသည် ဗီယက်နမ်မှ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ကန်ဒေါ်လာ ၃.၄ ဘီလီယံဖိုး တင်သွင်းခဲ့သည်။ ၂၀၂၂ ခုနှစ်ထက် ၁၄၈% ပိုများသည်။

 

အာရပ်စော်ဘွားများ ပြည်ထောင်စု၊ တောင်ကိုရီးယား၊ ဂျပန်နှင့် နယ်သာလန်တို့သည်လည်း ဗီယက်နမ်မှ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ပိုမိုတင်သွင်းခဲ့ကြသည်။

 

ဗီယက်နမ်မှ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ပို့ကုန်ဝင်ငွေတွင် ၄၀% သည် ဒူရင်းသီး တင်ပို့ခဲ့ခြင်း ဖြစ်သည်။ 

 

Vinafruit အထွေထွေ အတွင်းရေးမှူး Dang Phuc Nguyen က တရုတ်နိုင်ငံသည် သွင်းကုန် လုပ်ထုံးလုပ်နည်း သဘောတူ ခွင့်ပြုချက်များ လက်မှတ်ရေးထိုးခဲ့သဖြင့် တရုတ်ပြည်သို့ လဗီယက်နမ်မှ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ တိုးမြှင့်တင်ပို့နိုင်စေသည်ဟု ပြောကြားသည်။ ဗီယက်နမ်မှ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ တရုတ်ပြည်သို့ တင်သွင်းနိုင်ရန် တရုတ်အာဏာပိုင်တို့က လမ်းဖွင့်ပေးထားကြောင်း ၎င်းက ပြောကြားသည်။

 

တရုတ်ပြည်သို့ ဗီယက်နမ်မှ တင်ပို့သည့် သစ်သီးနှင့် ဟင်းသီးဟင်းရွက် အမျိုးမျိုးတို့တွင် အာလူး တင်ပို့မှု ၉ ဆ တိုးသည်။ ငရုတ်သီး ၆ ဆ တိုးသည်။ 

 

ဗီယက်နမ်နိုင်ငံရှိ  ဒူးရင်း၊ ပိန္နဲနှင့် ကန်စွန်းဥ စိုက်ခင်းများကို တရုတ်ပြည်သို့ တင်ပို့ရန် စိစစ်အတည်ပေးလျက် ရှိရာ၌ တရုတ်အာဏာပိုင်များက စိုက်ခင်းဧရိယာများ ထပ်တိုးပြီး ခွင့်ပြုခဲ့သည်။

 

ဗီယက်နမ်၏ ကန်စွန်းဥနှင့် ဒူးရင်းတင်ပို့သည့် ဈေးနှုန်းများသည် ထိုင်း၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့ထက် ဈေးသက်သာသည်။ 

 

တရုတ်နိုင်ငံသည် ဗီယက်နမ်မှ အုန်းသီး၊ ထောပတ်သီး၊ ကော်ဖီစေ့နှင့် ဩဇာသီးတို့ကို တရုတ်နိုင်ငံသို့ တင်သွင်းရန် လမ်းဖွင့်ပေးထားသည်။

 

ဗီယက်နမ်မှ လတ်ဆတ်အုန်းသီးများ တင်သွင်းမှုကို အမေရိကန်က မကြာသေးမီက ပြန်လည်ခွင့်ပြုခဲ့သည်။

 

ဗီယက်နမ်အာဏာပိုင်များသည် ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် အမေရိကန်သို့ သစ်သီးဝလံများ ပိုမိုတင်ပို့နိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းလျက်ရှိပါသည်။

 

Source vnexpress 

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 09 January 2024 13:12
Rate this item
(0 votes)