Fruits & Vegetables
ယင်းဆိပ်ယာယီပျိုးဥယျာဉ်၌ ပျိုးပင်မျိုးစုံပေါင်း ၅၃၀၂၀ ပျိုးထောင်ထားရှိ
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သစ်တောဦးစီးဌာက ယင်းဆိပ်ယာယီပျိုးဥယျာဉ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ်
သစ်ပင်စိုက်ပျိုးရာသီ၌ အသင့်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်မျိုးစုံပေါင်း ၅၃၀၂၀ ပျိုးထောင်ထားရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် သစ်ပင်စိုက်ပျိုးရာသီအတွက် ယင်းဆိပ် ယာယီပျိုးဥယျာဉ်၌ ကျွန်းပင်ပေါင်း(၃၁၂၅)ပင်၊ ယူကလစ်ပင်(၃၀၈၂၀)၊ လျှော်ဖြူပင်(၄၁၄၅)ပင်၊ ယင်းမာပင်(၃၁၄၅)ပင်၊ မယ်ဇလီပင် (၂၁၄၅) ပင်၊ ရေတမာပင်(၁၆၄၅)ပင်၊ တမာပင် (၁၆၄၅)ပင်၊ ကုက္ကိုလ်ပင်(၂၁၄၅)ပင်၊ ခရေပင်ပေါင်း (၁၀၀၀)၊ ဇီးဖြူပင်(၂၁၄၅ )ပင်၊ မကျည်းပင် ( ၁၂၅ )ပင်၊ ဇောင်းပလွေးပင် (၁၂၅)ပင်၊ ဆီသပြေပင် (၁၄၅)ပင်၊ စိန်ပန်းပင် (၁၂၅)ပင်၊ မယ်ဇယ်ပင်( ၁၄၅ )ပင်၊ ဗန်ဒါ ပင်(၁၄၅)ပင်၊ ဝါးဖြူပင် (၁၂၅)ပင်၊ ရှားပင်(၁၂၅) ပင်၊ စုစုပေါင်း ပျိုးပင်ပေါင်း (၅၃၀၂၀) ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
“နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနအနေနဲ့ဆိုရင် တိုင်းဒေသကြီးရန်ပုံငွေနဲ့ နှစ်စဉ်နှစ်စဉ် ပျိုးပင်များ ပျိုးထောင်ထားရှိပြီး ကျေးရွာသုံးထင်းစိုက်ခင်းစိုက်ပျိုးရန် ယူကလစ်ပျိုးပင်ပေါင်း (၂၆၆၂၀) (၁၀ ရာခိုင်နှုန်း အပိုဆောင်း အပါအဝင်) ပျိုးထောင်ထားခြင်း ဖြစ်ပါတယ်၊ ပျိုးပင်ကြီး (၂၂၀၀) ကတော့ အထူးစိမ်းလန်းစိုပြေရေးအတွက် ပျိုးထောင်ထားရှိခြင်းနဲ့ ကျန်ရှိ (၂၄၂၀၀) ကတော့ ပြည်သူလူထုကို အခမဲ့ဖြန့်ဝေ ပေးသွားမှာဖြစ်ပြီး ပြည်သူတွေအပြင် သစ်ပင်ကို စိုက်ပျိုးလိုတဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ ဌာနဆိုင်ရာတွေ၊ NGO အဖွဲ့အစည်းတွေကနေ တောင်းလာရင်လည်း လျာထားချက်အရ ခွဲဝေပြီးတော့ အခမဲ့ဖြန့်ဝေပေးသွာမှာ ဖြစ်ပါတယ်ဟု” မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးသက်ဝေအောင် ထံမှ သိရသည်။
MDN