Fruits & Vegetables



မန္တလေး ကြက်သွန်နီ ဈေးကွက်

မန္တလေး ကြက်သွန်နီ ဈေးကွက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

မန္တလေးမြို့တွင်း သီရိမာလာဈေးနှင့် ကိုင်းတန်းဈေးတို့တွင် ကြက်သွန်ပွဲရုံများရှိပါသည်။ မန္တလေးဈေးကွက်အတွင်းသို့ မန္တလေးတိုင်းကျောက်ဆည်၊ မြစ်သား၊ မြင်းခြံ၊ စစ်ကိုင်းတိုင်း၊ မုံရွာ၊ မြင်းမူ၊ ရွှေဘို၊ ထီးဆောင်း၊ မကွေးတိုင်း ပခုက္ကူတို့မှ အများဆုံးဝင်ရောက်ပါသည်။

.

 မန္တလေးဈေးကွက်အတွင်းမှကြက်သွန်များကို မြို့တွင်းလက်လီဆိုင်များအပြင် မြစ်ကြီးနား၊ လားရှိုး၊ မဘိန်း၊ မိုးကောင်း၊ ဖားကန့်၊ လုံးခင်း၊ စိုင်တောင်၊ တနိုင်း၊ နာမ့်ဖာ၊ မော်လူး၊ ကသာ၊ မိုး ကုတ်၊ မိုးညှင်း၊ တမူး၊ သီပေါ၊ တန့်ယန်း စသောမြို့များသို့ အမှာတင်ပို့မှုရှိပါသည်။ ရံဖန်ရံခါ ရန်ကုန် ပွဲရုံများမှ မန္တလေးပွဲရုံအချင်းချင်း ချိတ်ဆက်မှာယူမှုများ၊ ရံဖန်ရံခါ မူဆယ်သို့ တင်ပို့ရမှုများလည်း ရှိပါသည်။

.

 ၂၀၂၂ခုနှစ် တနှစ်တာအတွက် ကြက်သွန်ဈေးနှုန်းနှင့်ဝင်ရောက်မှု အမှာတင်ပို့မှုအခြေအနေ များကို လေ့လာပါက ဇန်နဝါရီလမှ မတ်လအထိ မြစ်သားကြက်သွန်တခုထဲသာဝင်ရောက်ပြီး အဝင် များခြင်းကြောင့် ကြက်သွန်နီကြီးတပိဿာ ၉၀၀ကျပ်၊ လတ်တပိဿာ ၈၀၀ကျပ်၊ သေးတပိဿာ ၇၀၀ကျပ်ဈေးရှိပြီး မြစ်ကြီးနား၊ လားရှိုး၊ ဖားကန့်၊ လုံးခင်း၊ စိုင်းတောင်၊ တနိုင်းသို့တင်ပို့မှုရှိသည်။

.

 ဧပြီ၊မေ၊ဇွန်တို့တွင် မြစ်သားအပြင် မုံရွာမှပါဝင်ရောက်ပြီး မြစ်သားကြက်သွန်အဝင်နည်းသွား သဖြင့် ကြီး တပိဿာ ၁၀၀၀ကျပ်၊ မုံရွာကြက်သွန် ကြီးတပိဿာ ၈၀၀ကျပ်ဖြင့် ဗန်းမော်၊ကသာ၊ နမ့်မား၊ မော်လူးသို့တင်ပို့မှုရှိသည်။

.

 ဇူလိုင်နှင့်ဩဂုတ်လတွင် မုံရွာ၊ ထီးဆောင်း၊ ပခုက္ကူ၊ မြင်းခြံတို့မှဝင်ရောက်ပြီး မိုးကောင်း၊ မိုး ညှင်း၊ နမ့်မား၊တမူး၊လားရှိုး၊ တန့်ယန်း၊ ရွှေတော၊ မြစ်ကြီးနားသို့တင်ပို့မှုရှိပြီး ကြက်သွန်နီကြီး တပိ သာ ၂၀၀၀ကျပ်မှ ၂၈၀၀ကျပ် ဈေးဖြင့် ရောင်းဝယ်နေသည်။

.

 စက်တင်ဘာ၊အောက်တိုဘာတွင် မုံရွာ၊ထီးဆောင်း၊ မြင်းခြံ၊ ပခုက္ကူမှလှောင်လက်ထံမှမှာယူ ရခြင်းကြောင့် ကြီးတပိဿာ ၃၉၀၀ကျပ်၊ လတ်တပိဿာ ၃၅၀၀ကျပ်၊ သေးတပိဿာ ၃၀၀၀ကျပ် အထိဈေးမြင့်လာပြီး မြစ်ကြီးနား၊ လားရှိုး၊မူဆယ်၊ ရွှေတော၊  မိုးမိတ်၊ မဘိန်းသို့တင်ပို့မှုရှိသည်။

.

 နိုဝင်ဘာလတွင် အစောပိုင်းကာလတွင် လှောင်လက်ထံမှ ဝယ်ယူရခြင်းဖြစ်၍ ကြီးတပိဿာ ၄၅၀၀ကျပ်၊ လတ်တပိဿာ ၄၂၀၀ကျပ်၊ သေးတပိဿာ ၃၂၀၀ကျပ်ဈေးရှိသည်။ နိုဝင်ဘာလလယ် တွင် မြစ်သားမှ အသစ်များဝင်ရောက်လာပြီး အစိုဓာတ်ပါဝင်မှုရှိသဖြင့် ကြီးတပိဿာ ၄၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

.

 ဒီဇင်ဘာလတွင် မြစ်သား၊ကြက်သွန်များအဝင်များလာပြီး ကြက်သွန်နီ(ကြီး)တပိဿာ ၄၀၀၀ကျပ်မှ ကြီးတပိဿာ ၂၈၀၀ကျပ်၊ လတ်တပိဿာ ၂၄၀၀ကျပ်၊ သေးတပိဿာ ၂၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။  ဒီဇင်ဘာတွင် မြင်းခြံနှင့် ပခုက္ကူပါဝင်ရောက်ပြီး ကြီးတပိဿာ ၂၇၀၀ကျပ်ဈေး ရှိပြီး မုံရွာကြက်သွန်နီမှာ စိုက်ပျိုးထားဆဲကာလဖြစ်သည်။

.

 ယခုလအတွင်းဝင်ရောက်သော ကြက်သွန်နီများမှာ မြစ်သားကြက်သွန်များဖြစ်ပြီး ကြီးတပိ ဿာ ၁၈၀၀ကျပ်၊ လတ်တပိဿာ ၁၆၀၀ကျပ်၊ သေးတပိဿာ ၁၂၀၀ကျပ်ဖြင့် မြို့တွင်းသုံးလက်လီ အရောင်းဆိုင်များ၊ မြစ်ကြီးနား၊ အင်းတော်၊ ဗန်းမော်၊ မဘိန်း၊ နမ့်ခမ်း၊ တန့်ယန်းမြို့များသို့ တင်ပို့မှု ရှိပြီး မန္တလေးပွဲရုံ အချို့ကို ရန်ကုန်ပွဲရုံများမှ ချိတ်ဆက်မှာယူမှုများရှိသည်။

Source:Market Information Service- DOP- MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Saturday, 11 March 2023 08:06
Rate this item
(1 Vote)