Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ရေနံချောင်းကြက်သွန်နီအသစ်ပေါ်၊ ဒိုင်ဈေးကျဆင်း

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် ကြက်သွန်နီအသစ်ပေါ်နေသော်လည်း ဈေးကျနေသော ကြောင့်

တောင်သူများ တွက်ခြေမကိုက်ဖြစ်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

"ပြီးခဲ့တဲ့လက အသစ်ပေါ်တာဖြစ်ပြီး ကြက်သွန်နီပိဿာတစ်ရာ ၄၀၀၀၀ ကျပ် ရောင်းလိုက်ရတယ်။ အနည်းငယ်တော်သေးတယ် ပြောရမှာပါ။ လက်ရှိ ကျွန်တော်တို့ (တော)ဈေး၊ ကျေးရွာမှာ ပွဲစားတွေကောက်တဲ့ ဈေးအနေနဲ့ ပိဿာတစ်ရာလျှင် ၂၀၀၀၀ ကျပ်ပဲ ဝယ်တော့တယ်။ မြို့ပေါ်ဈေးကွက်ကတော့ ပိဿာတစ်ရာလျှင် ၂၃၀၀၀ ကျပ်ရှိတယ်။

သယ်ယူစရိတ်နဲ့ဆိုတော့ ဈေးသိပ်မကွာဘူး။ လက်ရှိပေါက်ဈေးကတော့ တွက်ခြေ မကိုက်ဘူး"ဟု ရေနံချောင်းမြို့နယ်၊ ပင်းဝကျေးရွာအုပ်စုမှ ဒေသခံတောင်သူ ဦးဇော်လင်းက ပြောသည်။
၂၀၂၁ ခုနှစ်၊ ကြက်သွန်စိုက်ပျိုးစရိတ်မှာ တစ်ဧကလျှင် ၆ သိန်းကျပ်ဝန်းကျင် ကုန်ကျပြီး ယင်း ၇ သိန်းကျပ်၌ အလုပ်သမားစရိတ်အသားတင် ၇၀၀၀၀ ကျပ် ကုန်ကျကြောင်း ထို့အတွက် တွက်ခြေမကိုက်ကြောင်း သိရသည်။ ရေနံချောင်းမြို့နယ်၌ ကြက်သွန်ဥစိုက်၊ အပင်စိုက် နှစ်မျိုးကို မြေအောက်ရေ၊ ချောင်းရေဖြင့် အဓိကစိုက်ပျိုးကြ ပြီး လက်ရှိ ဥစိုက်ကြက်သွန်များ နှုတ်သိမ်းနေကြပြီဖြစ်ကြောင်း သိရသည်။

MDN

Read times
Rate this item
(0 votes)