Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


အခြောက်ခံစက်များ အသုံးပြုကာ ငရုတ်တွင် မှိုဆိပ်ပါဝင်မှုကို လျှော့ချသွားမည်

ရမည်းသင်းမြို့နယ်၌ ယခုဘဏ္ဍာနှစ်၌ Food Safety Project အစီအစဉ်ဖြင့် ငရုတ်စိုက်ဧက ၆၀ စိုက်ပျိုးပြီး အခြောက်ခံစက်များ အသုံးပြုကာ

မှိုဆိပ်ပါဝင်မှုကို လျှော့ချသွားမည်ဖြစ်ကြောင်း ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးသန်းဝင်းက ပြောကြားသည်၊၊

အဆိုပါ စီမံချက်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် စားသုံးသူ ဘေးကင်းလုံခြုံပြီး အန္တရာယ်ကင်းသည့် အစားအသောက်များ စားသုံးနိုင်ရန်အတွက် စီမံချက်တစ်ခုအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ငရုတ်စိုက်ပြီးထွက်ရှိသည့် ဒေသများတွင် GAP စနစ်နှင့်အညီ ယခုဘဏ်ဏ္ဍာနှစ်တွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးထွက်ရှိလာမည့် ငရုတ်သီးအမှည့်အစိုများကို Solar Dryer စက်တစ်လုံးနှင့် Mobile Gas Dryer စက် ၂ လုံးတို့ကို အသုံးပြုပြီး အချိန်တိုအတွင်း အခြောက်ခံသည့် စနစ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် အရည်အသွေးကောင်း ငရုတ်များရရှိသည့် အပြင် မှိုဆိပ်ပါဝင်မှုတို့ကိုလည်း လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။

"ရမည်းသင်းမြို့နယ်က ရာသီဥတုအရ ငရုတ်သီးနှံ စိုက်ပျိုးဖြစ်ထွန်းတဲ့ ဒေသဖြစ်တယ်။ တောင်သူတွေအနေနဲ့ကလည်း နှစ်စဉ် စိုက်ပျိုးကြပါတယ်။ စိုက်ပျိုးပြီး ရိတ်သိမ်းချိန်ကြတဲ့အခါ အခြောက်ခံစနစ်က သမရိုးကျဖြစ်နေတော့ စားသုံးသူတွေအတွက် ဘေးအန္တရာယ်ကင်း ရှင်းအောင် မဆောင်ရွက်နိုင်ဘူး။ အခုလိုအခြောက်ခံစက်ကို အသုံးပြုပြီး စနစ်တကျအခြောက်ခံတော့ အချိန်တိုအတွင်းခြောက်တယ်။ ဖုန်သဲလည်းကင်းစင်တဲ့အပြင် အရည်အသွေးလည်းကောင်းတယ်။ ငရုတ်သီးမှာ ကျရောက်တဲ့ မှိုဆိပ်တွေကင်းစင်အောင် လျှော့ချအောင် ရွက်နိုင်ပါတယ်။ ဒီနည်းစနစ်နဲ့ အခြောက်ခံပြီးသား ငရုတ်သီးတွေကို ဈေးပိုပေးပြီး ဝယ်ယူကြပါတယ်" ဟု ၎င်းကပြောသည်။

အဆိုပါ Project အစီအစဉ်ဖြင့် ငရုတ်များကို စိုက်ပျိုးမည့် မြို့နယ် များမှာ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့ဖြစ်ပြီး မြို့နယ်အလိုက် စက်များဖြင့် အရည်သွေးကောင်း ငရုတ်များဖြစ်လာစေရန် အခြောက်ခံစနစ်များဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ငရုတ်စိုက်ပျိုးချိန်သည် မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးကြပြီး၊ စက်တင်ဘာလတွင် စတင်ထွက်ပေါ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင်လည်း ဧက ၅၀ စိုက်ပျိုးမှုများပြားပြီး ယင်းဧကများမှ ထွက်ရှိလာသည့် ငရုတ်အစိုများကို အခြောက်ခံစက်များနှင့် ဆောင်ရွက်ရာ အချိန်တိုအတွင်း ငရုတ်သီးများ ခြောက်သွေ့ကြောင်း၊ အရည်အသွေးပိုင်းလည်း ကောင်းမွန်ပြီး မှိုဆိပ်ပါဝင်မှုကို လျှော့ချနိုင်ကြောင်း၊ လက်ရှိဈေးနှုန်းအနေဖြင့် ငရုတ်ခြောက်တစ်ပိဿာလျင် ငွေကျပ် ၄၄၀၀ ပေါက်ဈေးရှိရာမှ ဝယ်ယူသူများမှ စက်ဖြင့်အ ခြောက်ခံပြီးသား ငရုတ်များကို ငွေကျပ် ၄၈၀၀ မှ ၄၉၀၀ အထိ ဈေး ပေးဝယ်ယူကြကြောင်း၊ ရောင်းချသည့်အခါတွင်လည်း ဒေသတွင်း ကုန်သည်များသာမက စစ်ကိုင်းတိုင်းဒေသကြီးမှ ကုန်ချောထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ရောင်းချကြပြီး တောင်သူများအနေ ဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

MDN

Read times
Rate this item
(0 votes)