Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


တပိုင် တနိုင် တောင်ပို့ ''မှို'' ဖောက်နည်း

စားဝတ်နေရေးပြေလည်စေဖို့ တပိုင် တနိုင် တောင်ပို့ ''မှို'' ဖောက်နည်း လေးကိုတင်ပြပေးမှာဖြစ်ပါတယ်။ ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သား အားလုံး တပိုင်တစ်နိုင်လုပ်ကိုင်နိုင်သလို မြေဧကအနည်းရှိသူတွေအတွက်လည်းစီးပွာဖြစ်ထုပ်လုပ်ရောင်ချနိုင်ပါတယ်။ ယနေ့မှိုတစ်ပိဿာဈေးဟာလည်း၁ သောင်းကျော်နေတာမို့ မက်လောက်စရာဖြစ်ပါတယ်။ အရေးကြီးတာက နည်းသိဖို့ပါဘဲဖြစ်ပါတယ်။ သဘာဝနည်းဖြစ်တာကြောင့်ဓာတုဗေဒဆေးဝါးကင်းတာကြောင့် စားသုံးသူများအန္တရယ်မရှိယုံသာမက အနံအရသာဟာလည်းသဘာဝမှိုကဲ့သို့ စိမ့်ချိုနေစေမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်း ၃ မျိုးသာရှိပြီး မိမိပတ်ဝန်းကျင် အလွယ်တစ်ကူရှာဖွေရလွယ်ပါတယ်။

၁။ ချတောင်ပို့ အတွင်းပိုင်းမှမြေသား ၂၀ သားခန့်
၂။ ထမင်းဖြူ ၆၅ ကျပ်သား (တစ်ကီလို)
၃။ ရေ၂လီတာ ရေသန့်ဗူး၂ဘူး တို့ဘဲဖြစ်ပါတယ်။

ပထမဦးစွာ တောင်ပို့မြေ နဲ့ ထမင်းဖြူ တို့ကိုဇလုံတစ်ခုထဲမှာရောထည့်ပြီး သမအောင်မွှေပေးရပါမယ်။ ထို့နောက် ရေ ကိုဖျန်းလိုက် မွှေလိုက်ဖြင့် ရေသန်ဘူး ၂ဘူးစာကုန်တဲ့အထိ မွှေပေးရပါမယ်။ ပြီးနောက် ထိုဇလုံကိုနေရောင်ခြည်တိုက်ရိုက်မကျတဲနေရာ မပူလွန်းမအေးလွမ်တဲ့နေရာမှာ ၇ ရက်ခန့်ထားရပါမယ် ထိုအတောအတွင်းဇလုံကိုရွှေ့ပြောင်းခြင်းမပြုဘဲငြိမ်သက်စွာထာရမှာပါ။

၇ ရက်ကျော်တဲအခါ ဇလုံ ရဲ့မျက်နှာပြင်ပေါ်မှာအမြှပ်အဖက်ဖြူဖြူမဲမဲများတက်လာတာကိုတွေ့ရပါမယ် အဲဒါဟာ မှို ဖောက်ဖို့ ကျူလ္လင်စီ တွေဘဲဖြစ်ပါတယ်။ (တနည်းအားဖြင့် မှို မျိုးစေ့တွေဘဲဖြစ်ပါတယ်။)

ထိုမှို မျိုးများအားခပ်ယူ၍ အစိုဓာတ်ရှိသော မြေဆွေးပုံ ကောက်ရိုးဆွေး ပုံ သစ်ပင်အောက်ရှိမြေဆွေး တွေအပေါ်နှံစပ်အောင်ချထားပေးပြီးထားရပါမယ်။ မှိုမျိုးစေ့များချထားသောနေရာအား ၇/၈ ရက်တစ်ကြိမ်ရေစိုရုံသာဖျန်းပေးရုံဖြင့် အနံ့အရသာနှင့်ပြည်စုံတဲ့တောင်ပို့ မှို တနည်း ကောက်ရရိုးမှိုတို့ကို လွယိကူစွာ ဆိက်ခူး စားသုံးနိုင်ပြီးပိုလျှံပါကရောင်းချ၍ဝင်ငွေတိုးစေမှာပဲဖြစ်ပါတယ်။ တိုက်ခန်း၊ ကွန်ဒိုနေသူများအဖို့ ပန်းအိုးများအတွင်းမြေဆွေး ထည့်၍စိုက်ပျိုးနိုင်ပါတယ်။

အကယ်၍ ကျူလင်စီများ ပိုလျှံနေပါက ၎င်းကျူလင်စီ ရေသန့်ဘူး တစ်ဗူးစာကို ရေသန့်ဗူး ၁၀ ဗူးနဲ့ရောပြီး အပင်များပေါ်ဖျန်းပေးခြင်းဖြင့် ၎င်းမှိုမျိူးစေချထားသောနေရာများအားပက်ဖျန်းခြင်းဖြင့် အပင်များရှင်သန်ကြီးထွားစေသောမြေဩဇာကဲသို့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ

 
Read times Last modified on Tuesday, 29 June 2021 14:33
Rate this item
(2 votes)